backup og meta

Seborrheic Dermatitis ( အရေပြားပြဿနာတစ်မျိုး) ကို ဒီလိုဖြေရှင်းပါ


Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Seborrheic Dermatitis ( အရေပြားပြဿနာတစ်မျိုး) ကို ဒီလိုဖြေရှင်းပါ
    လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ အကြီးမားဆုံးနဲ့ လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်ကို သက်ရောက်မှုရှိနေတဲ့ အစိတ်အပိုင်းတစ်ခုရှိပါတယ်။ ဘာလို့ထင်လဲ….. အရေပြားလေ။ အရေပြားက ခန္ဓာကိုယ်ရဲ့ အကြီးဆုံးအရာတစ်ခုပါ။ လူတစ်ယောက်ကိုမြင်လိုက်ရင် အရင်ဆုံးတွေးမိတာက အသားအရေလေးကောင်းလိုက်တာ၊ အသားနည်းနည်းညိုတယ်၊ အသားဖြူတယ်ဆိုပြီး တွေးမိတယ်ဟုတ်။ ဒီတော့ အသားအရေကောင်းဖို့လိုမယ်ဆိုတာ ပြောနေစရာတောင်မလိုအောင်ပါ။ အသားအရေဆိုတာကလည်း ဂရုစိုက်မှ ရောဂါကင်းပြီး ကျန်းမာလှပမှာပါ။ဆွဲဆောင်မှုတိုးစေမယ့် အရာတစ်ခုအများကြားမှာ ထင်းခနဲလှပနေစေဖို့က ခေါင်းအစခြေအဆုံး အသားအရေက ကျန်းမာလှပနေဖို့လိုပါမယ်။ အသားအရေလှပမှုက သင့်ကို ဆွဲဆောင်မှုတိုးစေမယ့် အချက်တစ်ခုဆိုတာ လှချင်တဲ့သူတိုင်း မေ့ထားလို့မဖြစ်ဘူး။ ဒါကြောင့် အသားအရေကို သေချာလေး ဂရုစိုက်ဖို့က မဖြစ်မနေလုပ်သင့်တဲ့ အချက်တစ်ခုပါ။

    အရေပြားမှာဖြစ်နိုင်တဲ့ ပြဿနာတစ်ခု

    အရေပြားကို သေချာလေး ဂရုမစိုက်မှုအတွက် ပေးဆပ်ရတဲ့ အရင်းအနှီးက ကြီးမားပါတယ်။ အရေပြားကို သေချာဂရုမစိုက်မိတာကြောင့် Seborrheic Dermatitis လို့ခေါ်တဲ့ အရေပြားပြဿနာတစ်မျိုး ခံစားရနိုင်ပါတယ်။

    “ ဒီအရေပြားပြဿနာ ရဲ့ ရောဂါလက္ခဏာတွေကတော့….

    အရေပြားက ယားယံပြီး အကွက်တွေထတာနဲ့အတူ အရေပြားမှာ အဖက်လန်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ကလေး များတွင် ဦးရေပြားအဆီထွက်များပြီး အရေပြားလန်တဲ့ပြဿနာ (cradle cap) ၊ လူကြီး များတွင် ဗောက်ထခြင်း၊ နှင်းခူဖြစ်ခြင်းဟု အမျိုးမျိုးခေါ်ကြပါတယ်။ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာဖြစ်နိုင်ပါတယ် ” အထက်ပါရောဂါလက္ခဏာများကို

    ဒေါက်တာမိုးကျော်ထွန်း (အရေပြားအထူးကုဆရာဝန်ကြီး)

    အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီး မှ ဆရာဝန်ကြီး နှင့်တွေ့ဆုံမေးမြန်းထားခြင်းဖြစ်ပါသည်။

    ဘာတွေကြောင့်ဖြစ်တာလဲ……..

    အရေပြားကျန်းမာရေး ကျွမ်းကျင်သူတွေအနေနဲ့ ဘာကြောင့် Seborrheic Dermatitis လို့ခေါ်တဲ့ အရေပြားပြဿနာ ဖြစ်ရတာလဲဆိုတဲ့ အကြောင်းအရင်းကို တိတိကျကျသိထားတာမျိုးတော့ မရှိသေးပါဘူး။ ဒီအရေပြားပြဿနာကိုဖြစ်စေတဲ့ အကြောင်းအရင်းကလည်း တစ်ခုမကရှိနေပါတယ်။

    စိတ်ဖိစီးတာ

    • မျိုးရိုးရှိတာ

    • အရေပြားပေါ်မှာရှိနေတဲ့ မှိုပိုးကြောင့်ဖြစ်တာ

    • ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် (ရောဂါအခံတစ်ခုခုကြောင့်) ဖြစ်တာ

    • အေးမြခြောက်သွေ့တဲ့ ရာသီဥတုအခြေအနေကြောင့်ဖြစ်တာ

    ကိုယ်ခံအားတုံ့ပြန်မှုကြောင့် ဖြစ်တာ စသဖြင့်အမျိုးမျိုးရှိပါတယ်။ အရေပြားမှာဖြစ်တဲ့ ဓာတ်မတည့်မှုအများစုက သန့်ရှင်းမှုအားနည်းတာကြောင့် ဖြစ်ရတာပါ။

    Seborrheic Dermatitis လို့ခေါ်တဲ့ အရေပြားပြဿနာနှင့်တွဲဖြစ်တတ်တဲ့ အချက်တွေက ဘာတွေဖြစ်မလဲ………

    ဒီအချက်တွေက Seborrheic Dermatitis လို့ခေါ်တဲ့ အရေပြားပြဿနာဖြစ်နိုင်ခြေကို များစေနိုင်ပါတယ်။

    • အဆီထွက်များခြင်း

    • ခုခံအားကျဆင်းမှုကူးစက်ရောဂါ (AIDS)

    • အရက် အလွန်အကျွံသောက်ခြင်း

    စိတ်ဓာတ်ကျခြင်း

    • အစားအသောက်မူမမှန်မှု ပြဿနာ အာဟာရဓာတ်ချို့တဲ့သူ

    • အတက်ရောဂါဖြစ်ဖူးခြင်း

    • မျက်နှာအကြောသေရောဂါဖြစ်ဖူးခြင်း

    နှလုံးအစားထိုးကုသမှုခံယူထားသူ (Cardiac Transplant)

    • ပါကင်ဆန်ရောဂါရှိခြင်း

    • အရေပြားရောဂါအခံရှိခြင်းတွေ

    • Rosacea အရေပြားပြဿနာတွေရှိတယ်ဆိုရင် ပိုဂရုစိုက်ဖို့လိုပါမယ်။

    ဘယ်လိုလက္ခဏာတွေရှိလဲ…….

    ဒီအရေပြားပြဿနာကို ဘေဘီလေးကနေစပြီး ဖိုးဖိုးဖွားဖွားတွေအထိခံစားရနိုင်ပါတယ်။

    • ဦးရေပြားမှာ အဆီတွေထွက်ပြီး အဝါရောင်အဖက်လေးတွေဖြစ်မယ်။အညိုရောင်အဖက်လေးတွေလန်မယ်

    • အနီရောင်အကွက်တွေဖြစ်မယ်

    • ယားယံမယ်

    • အရေပြားမှာ အဖက်တွေလန်မယ်

    • အသားတွေခြောက်သွေ့မယ် စတဲ့လက္ခဏာတွေဖြစ်နိုင်ပါတယ်။ ကလေးငယ်လေးတွေမှာဆိုရင်တော့ အပျိုဖော်ဝင်စ လူပျိုဖော်ဝင်ချိန်မှာ ဒီအရေပြားပြဿနာက သက်သာသွားတတ်ပါတယ်။

    ဘယ်နေရာတွေမှာဖြစ်နိုင်လဲ……………

    ဘေဘီလေးတွေက

    • ဦးရေပြား နဲ့

    သေးခံလောင်တဲ့နေရာတွေမှာဖြစ်တတ်ပါတယ်။

    အရွယ်ရောက်ပြီးသူတွေမှာ

    မျက်နှာ အထူးသဖြင့် နှာခေါင်းတဝိုက်၊ မျက်ခုံးထဲ၊ မျက်ခွံပေါ်မှာနဲ့ နားရွက်နောက်ဖက်တွေမှာအဖြစ်များပါတယ်။

    ခန္ဓာကိုယ်မှာဆိုရင်တော့

    • ရင်ဘတ်အလယ်ပိုင်း

    • ချက်တဝိုက်

    တင်ပါး

    • ချိုင်းကြား

    • ပေါင်ခြံ

    • ရင်သားအောက်တွေမှာ အဖြစ်များပါတယ်။

    အရေပြားမှာ ပူစပ်ပူလောင်ဖြစ်မယ်။ ယားယံမယ်၊ အဆီတွေပြန်တာနဲ့အတူ အရေပြားမှာ အဖြူဖတ်လေးတွေ၊ အဝါဖတ်လေးတွေလန်မယ်။ စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။

    ဘယ်လိုသက်သာအောင်လုပ်မလဲ………

    အမြဲကြားနေကျစကားတစ်ခွန်းလိုပေါ့။ အနာသိရင် ဆေးရှိပါတယ်။ ဒီအရေပြားပြဿနာအတွက်လည်း ပျောက်ကင်းနိုင်မယ့် နည်းလမ်းရှိပါတယ်။ ဘာတွေများဖြစ်မလဲဆက်ကြည့်လိုက်ရအောင်လား……

    ဦးရေပြားမှာဖြစ်တာဆိုရင်

    ဦးရေပြားကို သံလွင်ဆီ၊ ဒါမှမဟုတ် အုန်းဆီလိုမျိုး သဘာဝအဆီတစ်မျိုးမျိုးကိုလူးပေးပါ။ တစ်နာရီလောက်ထားပေးပြီး ခေါင်းဖြီးတဲ့ ဘီးကိုသုံးလို့ ညင်ညင်သာသာလေးဖြီးချပေးရုံပါ။ ပြီးရင်တော့ ခပ်ပျော့ပျော့ခေါင်းလျှော်ရည်လေးနဲ့ လျှော်ပေးပါ။

    ဆံသားအလှအပပစ္စည်းတွေ မသုံးပါနဲ့ – ဆံသားအတွက်ထုတ်ထားတဲ့ hair spray၊ gel၊ conditioner တွေလုံးဝမသုံးပါနဲ့။ နောက်သတိထားရမယ့်တစ်ချက်က အယ်လ်ကိုဟောပါတဲ့ပစ္စည်းတွေကို မသုံးဖို့ပါ။

    အရေပြားမှာဖြစ်တာဆိုရင်

    အရေပြားကို ပုံမှန်သန့်စင်ပေးပါ – အရေပြားကို ဆပ်ပြာခပ်ပျော့ပျော့ လေးနဲ့ ပုံမှန်သန့်စင်ပေးပါ။ ဆပ်ပြာအပြင်းစားတွေမသုံးပါနဲ့။

    အစိုဓာတ်ထိန်းပါ – အရေပြားကို သန့်စင်ပြီးတဲ့အခါ ခြောက်သွေ့အောင်သုတ်လို့ အစိုဓာတ်ထိန်းခရင်မ်လူးပေးပါ။ သဘာဝပစ္စည်းတွေကနေ ထုတ်ထားတဲ့ အစိုဓာတ်ထိန်းခရင်မ်ဆိုရင်ပိုအဆင်ပြေပါတယ်။

    ဆေးလိမ်းပါ – ဒီအရေပြားပြဿနာအတွက် သီးသန့်ထုတ်ထားတဲ့မှိုပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဆေးတစ်မျိုးမျိုးကိုလူးပေးလို့ရပါတယ်။ ဆေးဝါးထောက်ခံချက်ရထားတာမျိုးဖြစ်ဖို့လိုပါမယ်။

    မိတ်ကပ်မလူးပါနဲ့ – မိတ်ကပ်အပါအဝင် မျက်နှာမှာ ပြင်ဆင်ခြယ်သရတဲ့ အလှကုန်တွေကို လုံးဝမသုံးပါနဲ့။

    အယ်လ်ကိုဟောပါတဲ့ အလှကုန်တွေကိုရှောင်ပါ – အယ်လ်ကိုဟောပါဝင်နေတဲ့ အသားအရေအတွက်အသုံးပြုတဲ့ ပစ္စည်းတွေက အရေပြားကို ပူစပ်ပူလောင်ဖြစ်စေပြီး အသားအရေကို ထိခိုက်စေနိုင်တာကြောင့် မသုံးသင့်ပါဘူး။

    ချည်သားတွေကို ဝတ်ဆင်ပါ – အဝတ်အစားဝတ်တဲ့အခါမှာလည်း လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်တဲ့ ချည်သားလေးတွေကိုပဲ ရွေးချယ်ဝတ်ဆင်စေချင်ပါတယ်။

    အရေပြားပြဿနာက မပြင်းထန်ဘူးဆိုရင် အခုလိုဂရုစိုက်ပေးရုံနဲ့ သက်သာနိုင်ပေမယ့် အရေပြားပြဿနာက ပြင်းထန်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့လိုပါမယ်။ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် အသားအရေထိန်းသိမ်းမှုပစ္စည်းလေးတွေလည်း ဈေးကွက်ထဲမှာရှိနေပါတယ်။ ဒါကတော့ ဆရာဝန်တွေရဲ့ ထောက်ခံချက်ကို အပြည့်အဝရထားတဲ့ BIODERMA ရဲ့ Sensibio Serie ပါ။ Seborrheic Dermatitis (အရေပြားပြဿနာတစ်မျိုး) ကို ခံစားနေရသူတွေအတွက်ဆိုရင်တော့ အယ်လ်ကိုဟောပါဝင်မှုမရှိဘဲ အရေပြားပေါ်က အသားအရေကိုဒုက္ခပေးနိုင်တဲ့ ဘက်တီးရီးယားတွေနဲ့ မှိုပိုးတွေကို အထိရောက်ဆုံးဖယ်ရှားပေးပြီး အသားအရေကို ထိန်းသိမ်းပေးတဲ့ Sensibio Gel Moussant Foaming Gel ရှိပါတယ်။ အသားအရေကို ထိခိုက်မှုကင်းကင်းနဲ့ အထိရောက်ဆုံးဖယ်ရှားပေးနိုင်မှာပါ။ ပြီးရင်တော့ အသားအရေကို ရေဓာတ်ဖြည့်ပေးမယ့် Sensibio Ds+ အစိုဓာတ်ထိန်းခရင်မ်လေးလိမ်းပေးပါ။ အသားအရေကို ယားယံမှုကင်းပြီး တစ်နေ့လုံး အစိုဓာတ်ဖြည့်ပေးနိုင်မှာပါ။ အရေပြားမှာ ရေဓာတ်ပြည့်ဝနေမှုက အရေပြားခြောက်သွေ့ခြင်းကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်လို့  Seborrheic Dermatitis (အရေပြားပြဿနာတစ်မျိုး) ကို အထိရောက်ဆုံး ကုသကာကွယ်နိုင်မှာပါ။

    Seborrheic Dermatitis (အရေပြားပြဿနာတစ်မျိုး) မျက်နှာမှာဖြစ်တတ်တဲ့ မှိုရောဂါအတွက်တော့ Sensibio Ds+ အစိုဓာတ်ထိန်းခရင်မ်အသုံးပြုပေးလို့ရပါတယ်။ ဒီအရေပြားပြဿနာမျိုးက ဆရာဝန်အကြံပြုချက်နဲ့သာ အသုံးပြုသင့်တာကြောင့် အရေပြားဆရာဝန်ရဲ့ ညွှန်ကြားချက်ကို ရယူပြီးမှ သုံးစွဲဖို့တော့ လိုအပ်ပါမယ်။

    နေ့ရက်တိုင်းကို အရေပြားပြဿနာကင်းပြီး ကျန်းမာလှပတဲ့အသားအရေပိုင်ရှင်လေးအဖြစ် ယုံကြည်မှုအပြည့်နဲ့ အကောင်းဆုံး ကျော်ဖြတ်လိုက်ဖို့ အသင့်ပဲလား……

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement