backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Tea tree oil (လက်ဖက်ပင်အဆီ)


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

လက်ဖက်ပင်အဆီကိုဘယ်လိုသုံးမလဲ

လက်ဖက်ပင်အဆီဆိုတာကလက်ဖက်ပင်ရဲ့အရွက်တွေကနေရရှိတဲ့အဆီဖြစ်ပါတယ်။ လက်ဖက်ပင်အဆီကို အပူပိုင်းဒေသတွေမှာဆေးကုသဖို့အတွက်အသုံးပြုလေ့ရှိပါတယ်။ အသုံးပြုပုံတွေ –

• ဝက်ခြံလိုမျိုး ကူးစက်တတ်တဲ့ဝေဒနာ

• လက်သည်းခြေသည်းတွေမှိုပိုးဝင်ခြင်း

• သန်းကိုက်နာ၊ယားနာနဲ့ ခြေထောက်မှာပွေး

• ပွေးရောဂါ

• ပြတ်ရှဒဏ်ရာ၊ပွန်းပဲ့ဒဏ်ရာ၊အပူလောင်နာ၊ပိုးမွှားကိုက်နာ၊ သွေးစုနာ၊ အဆိပ်ရှိတဲ့အကောင်ကိုက်လို့ဖြစ်တဲ့အနာနဲ့သွားနာတာတွေအတွက်လည်း ပိုးသတ်ဆေး အဖြစ်အသုံးပြုပါတယ်။

• ပါးစပ်နဲ့နှာခေါင်းမှာဖြစ်တဲ့ကူးစက်ရောဂါတွေနဲ့လည်ချောင်းနာဝေဒနာ

• နားတွင်းပိုးဝင်ခြင်း

• ချောင်းဆိုးခြင်း၊ လေပြွန်ပိတ်ခြင်းနဲ့ အဆုတ်ရောင်ဝေဒနာတွေကိုကုသဖို့အသုံးပြုပါတယ်။

လက်ဖက်ဆီကို အခြားအခြေအနေများအတွက်လည်း အသုံးပြုနိုင်ပါတယ်။ ပိုမိုသိရှိလိုသော အချက်များအတွက် ဆရာဝန် ဒါမှမဟုတ် ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

ဆောင်ရန်၊ရှောင်ရန်အချက်များ

လက်ဖက်ဆီကိုအသုံးမပြုခင်မှာဘာတွေသိထားသင့်သလဲ။

သင့်မှာ အောက်ပါ အခြေအနေများရှိရင် ဆရာဝန်၊ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူ၊ ဆေးဖက်ဝင်အပင်တွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေကို ပြောပြဆွေးနွေးသင့်ပါတယ်။

  • သင်ဟာကိုယ်ဝန်ဆောင်မိခင်တစ်ဦးဖြစ်နေရင် ဒါမှမဟုတ်နို့်တိုက်မိခင်တစ်ဦးဖြစ်နေခဲ့ရင် ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်။ သင်ဟာကိုယ်ဝန်ဆောင်ထားသူဆိုရင် ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကိုသာသောက်သုံးသင့်ပါတယ်။
  • အခြားဆေးတွေသောက်သုံးနေရရင်။ ဆရာဝန်ဆေးညွှန်းမပါဘဲ မိမိဖာသာ ဝယ်သောက်နေသော ဆေးများ၊ ဆေးဖက်ဝင်ဘယဆေးများ အပါအဝင်။
  • သင့်မှာ လက်ဖက်ပင်အဆီ၊အခြားဆေးဝါးတွေ ဒါမှမဟုတ် အခြားသဘာဝ ဆေးပင်တွေနဲ့ဓာတ်မတည့်တာမျိုးရှိနေရင်၊
  • သင့်မှာအခြားရောဂါတွေ၊ဝေဒနာတွေနဲ့ အခြားဆေးကုသမှုခံယူနေရတာမျိုးရှိနေရင်၊
  • သင့်မှာ အစားအသောက်၊ဆိုးဆေး၊ တာရှည်ခံဆေး၊ တိရိစ္ဆာန်တို့နှင့် ဓါတ်မတည့်မှုများရှိရင်

သဘာ၀ ဆေးဖက်ဝင် လက်ဖက်အဆီ သုံးစွဲမှုနဲ့ပတ်သက်ပြီးလိုက်နာရမယ့်အချက် တွေက ဆေးဝါးတွေသုံးစွဲမှုနဲ့ပတ်သက်ပြီး လိုက်နာရမယ့်အချက်တွေလောက် မတင်းကြပ်ပါဘူး။ လက်ဖက်ဆီသုံးတာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ကောင်းကျိုး၊ဆိုးကျိုးတွေကို  မသုံးခင်မှာကြိုတင်ချင့်ချိန်သင့်ပါတယ်။ အချက်အလက်တွေကိုပိုမိုသိရှိနိုင်ဖို့ ဆရာဝန် ဒါမှမဟုတ် တတ်သိနားလည်သူတွေနဲ့ တိုင်ပင်သင့်ပါတယ်။

လက်ဖက်ဆီကဘယ်လောက်ထိဘေးကင်းသလဲ။

  • ကလေးငယ်တွေ

ကလေးတွေအတွက်အသုံးပြုလို့ရပါတယ်၊ အန္တရာယ်မရှိပါဘူး။ လက်ဖက်ဆီကို အသုံးမပြုခင်မှာဆရာဝန်နဲ့အရင်တိုင်ပင်ပါ။

  • ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေ

လက်ဖက်ဆီက အရေပြားမှာ အသုံးပြုလို့အန္တရာယ်မရှိပါဘူး။ သောက်သုံးတာကတော့ စိတ်မချရပါဘူး။ လက်ဖက်ဆီသောက်သုံးတာက အဆိပ်သင့်နိုင်ပါ တယ်။

ဘေးထွက်ဆိုးကျိုးများ

လက်ဖက်ပင်အဆီ ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

လက်ဖက်ဆီကြောင့်အောက်ပါလက္ခဏာတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။

  • အရေပြားမှာပူစပ်ပူလောင်ဖြစ်တာ၊အရေပြားနီမြန်းတာ
  • ဝက်ခြံရှိတဲ့သူတွေမှာတခါတရံအရေပြားခြောက်တာ၊ယားယံတာ၊စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ အပူလောင်တာ၊နီမြန်းတာ
  • အမျိုးသားတွေမှာ ပုံမှန်မဟုတ်တဲ့ရင်သားကြီးထွားမှုဖြစ်ပေါ်တာ၊
  • မူးမေ့တာ၊လမ်းမလျှောက်နိုင်ဖြစ်တာ၊ကတုန်ကယင်ဖြစ်တာ၊အရေပြားနီမြန်းတာနဲ့ကိုမာ ဖြစ်ခြင်း၊
  • လူတိုင်းဒီလိုမျိုးဘေးထွက်ဆိုးကျိုးတွေမကြုံကြပါဘူး၊အထက်မှာဖော်ပြမထားတဲ့ဘေးထွက်ဆိုးကျိုးတွေလည်းဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုတွေဖြစ်မှာစိုးရင်တော့ ဆရာဝန် ဒါမှမဟုတ်တတ်ကျွမ်းသူတွေနဲ့အရင်တိုင်ပင်သင့်ပါတယ်။

    ဆေးဓါတ်ပြုမှုများ

    လက်ဖက်ပင်အဆီ ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

    ဒီလက်ဖက်ဆီက သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ၊ ကုထုံးတွေနဲ့ ဓာတ်ပြုတုံ့ပြန်နိုင်ပါတယ်။ သူ့ကိုမသုံးခင်မှာ သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

    သောက်သုံးရန်အညွှန်း

    ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

    လက်ဖက်ပင်အဆီ အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

    သုံးစွဲရတဲ့ပမာဏ

    အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်တွေဟာ ဆေးပညာအကြံဉာဏ်တွေအဖြစ် သုံးလို့မရနိုင်ပါဘူး။ ဒီဆေးဖက်ဝင်ပစ္စည်းကိုမသုံးခင် ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနဲ့ အမြဲတိုင်ပင်ပါ။

    လက်ဖက်ဆီကိုပုံမှန်သုံးစွဲသင့်တဲ့ပမာဏက ဘယ်လောက်လဲ။

    • အရွယ်ရောက်ပြီးသူ

    လက်သည်းခြေသည်းမှိုပိုးဝင်ခြင်း- လက်ဖက်တစ်ပင်လုံးကနေထုတ်ယူထားတဲ့အဆီကို တစ်နေ့ နှစ်ကြိမ်နဲ့ ၆လကြာသုံးစွဲပေးရ ပါမယ်။

    ခြေထောက်ပွေး –  လက်ဖက်ပင်အဆီအနှစ် ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်း ပါဝင်တဲ့ဆေးရည်ကို တစ်နေ့နှစ်ကြိမ်နဲ့တစ်လကြာအသုံးပြုပေးရပါမယ်။ လက်ဖက်ဆီ ၁၀ ရာခိုင်နှုန်းပါတဲ့ ခရင်မ်ကိုတစ်နေ့ ၂ ကြိမ်နဲ့တစ်လကြာအသုံးပြုပေးရပါမယ်။

    ဝက်ခြံအတွက် – လက်ဖက်ပင်အဆီ ၅ ရာခိုင်နှုန်းပါတဲ့ ဂျယ်လ်ကိုနေ့စဉ်အသုံးပြုပေးရပါမယ်။

    • ကလေးငယ်တွေအတွက်

    မျက်စိကူးစက်ရောဂါတွေအတွက် – လက်ဖက်ပင်ဆီ ၅၀ ရာခိုင်နှုန်းနဲ့ မျက်ခွံကိုလိမ်းကျံပေးတာ ဒါမှမဟုတ် လက်ဖက်ဆီ ၅ ရာခိုင်နှုန်းပါတဲ့ လိမ်းဆေးကို ၄ ပတ်ကနေ ၆ပတ်တာအတွင်း မျက်ခွံကိုလိမ်းပေးရပါမယ်။

    အရေပြားကူးစက်ရောဂါတွေအတွက်- လက်ဖက်ဆီ အစက် ၄ စက်ကို အိုင်အိုဒင်းနဲ့ရောစပ်ပြီး အရေပြားကိုလူးပေးတာဖြစ်ဖြစ်၊လက်ဖက်ဆီကိုပဲလူးပေးတာဖြစ်ဖြစ် တစ်နေ့ကို ၂ ကြိမ် ရက်ပေါင်း ၃၀ ဒါမှမဟုတ်အနာမပျောက်မချင်းလူးပေးပါ။

    ကြွက်နို့အတွက် – ကြွက်နို့ပေါ်မှာ လက်ဖက်ဆီကိုတစ်နေ့ တစ်ကြိမ်နဲ့ ၁၂ ရက်ကြာလူးပေးပါ။

    လက်ဖက်ဆီကိုသုံးစွဲရမယ့်ပမာဏ ကလူနာတွေအပေါ်လိုက်ပြီးကွဲပြားမှုရှိမှာဖြစ်ပါတယ်။ အသက်အရွယ်၊ကျန်းမာရေးအခြေအနေနဲ့အခြားအကြောင်းအရာတွေအပေါ်မူတည်မှာဖြစ် ပါတယ်။ လက်ဖက်ဆီကအမြဲတော့ဘေးကင်းပါဘူး။ သုံးစွဲလို့သင့်တော်မယ့်ပမာဏကို ဆရာဝန် ဒါမှမဟုတ်ကျွမ်းကျင်သူနဲ့တိုင်ပင်ပါ။

    လက်ဖက်ပင်အဆီ က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

    လက်ဖက်ဆီကို အောက်ပါပုံစံများနှင့် ရရှိနိုင်ပါတယ်။

    • လက်ဖက်ဆီ ဆပ်ပြာ၊ ခေါင်းလျှော်ရည်နဲ့သွားတိုက်ဆေး။
    • လက်ဖက်ဆီလိမ်းဆေး။
    • လက်ဖက်ဆီ ဆေးရည်။
    • လက်ဖက်ဆီဂျယ်လ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement