home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အရေပြားချိုင့်ခြင်းကို ဘယ်လိုကုမလဲ

အရေပြားချိုင့်ခြင်းကို ဘယ်လိုကုမလဲ

Cellulite ဆိုတာ သင့်အရေပြားအောက်က အဆီလွှာကို ဆိုလိုတာပါ။ cellulite တွေက သင့်တွယ်ဆက်တစ်သျှူးတွေကို ဆန့်ကျင်ပြီး တွန်းထားတာကြောင့် ခွပ်နေတတ်ပါတယ်။ cellulite တွေကို သင့်ပေါင်ရင်း၊ အောက်ပိုင်းနဲ့ ဝမ်းဗိုက်တွေမှာ အများအားဖြင့် တွေ့ရတတ်ပါတယ်။ ဒါက ပုံမှန်ဆိုပေမယ့် သင့်အတွက် အနှောက်အယှက်ဖြစ်မယ်ဆို ဒါကို ပိုပြီး မသိသာအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။

လေ့ကျင့်ခန်းကို ဉာဏ်သုံးပြီး ပြုလုပ်ခြင်း

လေ့ကျင့်ခန်းလုပ်ခြင်းက အကောင်းဆုံး cellulite ကုသမှုတွေထဲက တစ်ခု ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက cellulite တွေကို ပျောက်သွားစေမှာ မဟုတ်ပေမယ့် ဖုထစ်နေတဲ့ နေရာအောက်က တောင့်တင်းတဲ့ ကြွက်သားတွေကို သင့်အရေပြားကို ညီညာအောင် လုပ်ပေးနိုင်မှာပါ။ သင့်တင့်တဲ့ အစားအသောက်၊ လှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်း၊ ကြွက်သားလေ့ကျင့်ခန်း ၃ မျိုးပါတဲ့ အစီအစဉ်တစ်ခုကို စမ်းကြည့်ပါ။

အစားအစာတွေကို အစိမ်းစားပါ

ကယ်လိုရီကလွဲပြီး ဘာမှမပါတဲ့ အစားအစာတွေအစား ကောက်ပဲ၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက်လိုမျိုး အမျှင်ဓါတ်ပါတာတွေ ပိုစားပါ။ ပေါင်မုန့်၊ သကြားလုံး၊ အချိုရည်တွေမှာ ပါတဲ့ ရိုးရိုး carbs ဒါမှမဟုတ် ပြုပြင်ထားတဲ့ carbs တွေက ကယ်လိုရီကို တက်စေပါတယ်။ ဒါက အဆီတက်စေပါတယ်၊ အထူးသဖြင့် cellulite များတဲ့နေရာတွေမှာပါ။

ကိုယ်အလေးချိန် နည်းနည်းချပါ

ပိန်ပိန်ဝဝ cellulite ရှိပါတယ်။ ဒါပေမယ့် ကိုယ်အလေးချိန် ပိုများတာက cellulite တွေကို ပိုမြင်ရစေပါတယ်။ တကယ်လို့ သင်က အဝလွန်နေရင် ကိုယ်အလေးချိန်လျှော့တာက အကူအညီပေးနိုင်ပါတယ်။ weight ချရင် ဖြည်းဖြည်းချင်း ချတာက အကောင်းဆုံးပါ။ တကယ်လို့ weight အများကြီး ကျသွားရင်တော့ လျော့ရဲသွားတဲ့ သင့်အရေပြားမှာ cellulite တွေကိုကို တွေ့နိုင်ပါတယ်။

ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်တာက သင့်အရေပြားဆီ သွေးပို့ပေးတဲ့နေရာမှာ သက်ရောက်မှု ရှိစေပါတယ်။ အရေပြားကို ပါးပြီး လျော့ရဲစေပါတယ်။ ဒါက သင့်လက်မောင်း၊ ပေါင်ရင်းနဲ့ အောက်ပိုင်းတွေက cellulite တွေကို ပိုမြင်ရစေပါတယ်။ ဆေးလိပ်ဖြတ်ဖို့ သင့်ဆရာဝန်နဲ့ တိုင်ပင်တာ သင့်အတွက် အကောင်းဆုံးပါ။

လျော့ရဲသွားတဲ့နေရာတွေကို အနှိပ်ခံပါ

အဆင်မပြေတဲ့နေရာတွေကို နေ့တိုင်း မိနစ် အနည်းငယ် အနှိပ်ခံပါ။ shower ခန်းထဲမှာ ဒါမှမဟုတ် lotion လူးထားတဲ့အချိန် ပြုလုပ်ကြည့်ပါ။ အနှိပ်ခံတာက သွေးလှည့်ပတ်မှုကို တိုးတက်စေပြီးတော့ ပိုနေတဲ့ အရည်တွေကို ဖယ်ရှားပေးပါတယ်။ ဒါက လျော့ရဲနေတာတွေကို အချိန်တခုအထိ မသိသာအောင် လုပ်ပေးပါတယ်။

ထုတ်ကုန်တွေကို စမ်းသုံးကြည့်ပါ

အပင်တွေက ထုတ်ထားတဲ့ ခရင်မ်တွေက သင့်အရေပြားကို အချိန်တခုအထိ ကြည့်ကောင်းစေမှာပါ။ ဥပမာ၊ ကဖိန်းပါတဲ့ ထုတ်ကုန်တွေက အရေပြားကို ခနလောက် ခပ်မြန်မြန် တင်းရင်းစေဖို့ ကူညီနိုင်ပါတယ်။ ဒါပေမယ့် တခြားဟာတွေရော မရှိတော့ဘူးလား။ ကိုယ့်ဖာသာ စမ်းကြည့်ပါ။ ထုတ်ကုန်အသစ်ကို တကယ်အသုံးမပြုခင် တစ်ရက်လောက် နည်းနည်းလေးပဲ စမ်းသုံးကြည့်ပါ။ ဒါဆို သင့်အရေပြားက ဘယ်လိုတုံ့ပြန်လဲဆိုတာ သိမှာပါ။

သင့်စာရင်းထဲမှာ retinol cream ကို ထည့်သွင်းထားပါ

Firming cream ကို ရှာတဲ့အခါ retinol ဆိုတဲ့ စကားလုံးကို လမ်းညွှန်စာလုံးအဖြစ် သုံးပါ။ ဒါက cellulite ကို မပျောက်ကင်းစေပါဘူး။ ဒါပေမယ့် သင့်အရေပြားရဲ့ အသွင်အပြင်နဲ့ နူးညံ့မှုကို တိုးတက်စေနိုင်ပါတယ်။ အနည်းဆုံး ၆လလောက် အသုံးပြုရပါမယ်။ retinol ဝ.၃% ပါတာ အကောင်းဆုံးပါ။ ဒါက သင့်အပေါ်အရေပြားကို သူ့အောက်က လျော့ရဲနေတာတွေကို ဖုံးကာပေးဖို့အတွက် တင်းရင်းစေပါတယ်။

Bottle tan

တကယ်လို့ သင်က သင့်တင့်တဲ့ အသားအရည်ရှိတဲ့သူဆိုရင် self-tanner က ကူညီနိုင်မှာပါ။ လျော့ရဲနေတဲ့နေရာတွေက နက်မှောင်တဲ့ အသားအရေမှာဆို သိပ်မသိသာပါဘူး။ ညင်သာတဲ့ body scrub နဲ့ စတင်ပါ။ ပြီးရင် cellulite ရှိတဲ့ နေရာတွေကိုပဲ self-tanning lotion လိမ်းပြီး တစ်ကိုယ်လုံးကို tanning spray ဖြန်းပါ။ တကယ့် tan ကို ဖြတ်ပါ။ ဒါက သင့်အရေပြားကို ပျက်စီးစေပြီး cellulite ကို ပိုဆိုးစေပါတယ်။

Support stockings

ခေတ်မီ အထောက်အပံ့ပစ္စည်းတွေက သင့်အဖွားဝတ်တာတွေလို ထူထူထဲထဲတွေ မဟုတ်ပါဘူး။ တကယ်လို့ သင်က support stocking တွေကို မကြာခဏ ဝတ်ရင် သင့် cellulite တွေက ပိုချောမွတ်လာသင့်ပါတယ်။ ဒါက တစ်နှစ် ၂နှစ်လောက် ကြာတတ်ပါတယ်။ compression stocking တွေက cellulite တွေကို အရည်သိမ်းထားခြင်းကနေ ကူညီကာကွယ်ပေးပါတယ်။ သင့်ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူက မှန်ကန်တဲ့ အရည်အသွေးကို ရွေးချယ်ဖို့ ကူညီပေးနိုင်ပါတယ်။

Body wrap

သင့်အသားအရည် တင်းရင်းချောမွတ်စေဖို့ body spa wrap လုပ်နိုင်ပါတယ်။ ဒါက တစ်ရက်လောက်ခံပြီး ကုန်ကျစားရိတ်ကတော့ အစားစားပါ။ body shaper ဒါမှမဟုတ် ace bandage ကို cellulite ရှိတဲ့နေရာတွေမှာ ရစ်ပတ်ခြင်းက ကုန်ကျစားရိတ်နည်းနည်းနဲ့ spa result ပေးမှာပါ။

အနှိပ်ခံခြင်းနဲ့ suction ပူးပေါင်းခြင်း

Lipomassage ဆိုတာ rolling suction device ကို သင့်အရေပြား စုဖို့ အသုံးပြုပြီး နှိပ်တာပါ။ FDA အသိအမှတ်ပြု၊ ဒီဈေးများတဲ့ ဒီကုသနည်းကို ရလဒ်ကောင်းရဖို့ အကြိမ်များများ ခံယူနိုင်ပါတယ်။ သင်ထပ်ကာထပ်ကာ မလုပ်ရင် ဒီအကျိုးရလဒ်တွေက ပျောက်ကွယ်သွားမှာပါ။

Laser, RF

Laser ဒါမှမဟုတ် radiofrequency (RF) က သင့်အရေပြားကို အပြင်ကနေ ပူစေပြီး massage နဲ့ suction ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒါက သင့်အဖုအထစ်တွေကို ချောမွတ်စေပြီး တချို့ကိစ္စတွေမှာ ၆လနဲ့အထက် တာရှည်ခံပါတယ်။ အများကြီး မနာကျင်စေပေမယ့် ကုန်ကျစားရိတ်များပါတယ်။ မကြာခဏလည်း ကုသမှု ခံယူရပါမယ်။

Cellulaze

ဒီခွဲစိတ်မှုက ပင်ရင်းက cellulite တွေကို ရှင်းပစ်တာပါ။ အရေပြားအောက်က အဆီဆဲလ်တွေကို ကျုံ့သွားအောင် laser နဲ့ ပြုလုပ်ပြီး လျော့ရဲစေတဲ့ ကြမ်းတမ်းတဲ့နေရာတွေကို ဖြတ်ပေးပြီး အရေပြားထူအောင် လှုံ့ဆော်ပေးပါတယ်။ ၃လလောက် လေ့လာအပြီး ၂၀၁၂ မှာ cellulaze ကို FDA က အသိအမှတ်ပြုလိုက်ပါတယ်။ ဒီရလဒ်တွေက ၁နှစ် ဒါမှမဟုတ် ၁နှစ်ကျော် ကြာစေပါတယ်လို့ company က ပြောကြားထားပါတယ်။ ဒါပေမယ့် ရေရှည်ရလဒ်ကတော့ မသိရှိကြပါဘူး။ ဒီအစီအစဉ်အတွက် အသိအမှတ်ပြု plastic surgeon ဖြစ်တာ သေချာပါစေ။

တကယ်လို့ သင်က တအားအဝလွန်တာ ဒါမှမဟုတ် ပြင်းထန်တဲ့ cellulite ရှိနေရင် cellulaze က အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ သင့်ဆရာဝန်ဆီက ညွှန်ကြားမှုကို မေးမြန်းပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Wathun Myat Chal မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။