backup og meta

အကြောအဆစ်ပြင်သူတွေနဲ့ ပတ်သတ်ပြီး သိထားသင့်သော အချက်၃ချက်


Phyo Wai Yan မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အကြောအဆစ်ပြင်သူတွေနဲ့ ပတ်သတ်ပြီး သိထားသင့်သော အချက်၃ချက်

    အကြောအဆစ်ပြင်ခြင်းနဲ့ အကြောအဆစ်ပြင်သူတွေအကြောင်း ကြားဖူးမှာပါ။ သူတို့ကို ကီရိုပရက်တာလို့ ခေါ်ပါတယ်။ ဘယ်လိုခေါ်တာလဲအပြင် အခြားဘာတွေကော သိထားသေးလဲ။

    အကြောအဆစ်ပြင်ချင်တယ် ဒါမှမဟုတ် သိချင်တယ်ဆိုရင် ယခုဖော်ပြမည့် ဆောင်းပါးကို ဖတ်ရှုနိုင်ပါတယ်။ သိသင့်သိထိုက်သည်များကို ဖော်ပြပေးထားပါတယ်။

    အကြောအဆစ်ပြင်သူများ။ ယုံကြည်ချက်နှင့် ပန်းတိုင်

    အလုပ်တိုင်းမှာ သူ့ယုံကြည်ချက်နဲ့ ပန်းတိုင်ကိုယ်စီရှိကြပါတယ်။ အကြောအဆစ်ပြင်သူတွေကလည်း သူတို့အလုပ်မှာ ယုံကြည်ချက်နဲ့ ပန်းတိုင်ထားကြပါတယ်။ အာရုံကြောနဲ့ ကျောရိုးကြားမှာ ဆက်နွယ်မှုရှိတယ်လို့ ယုံကြည်ကြတာပါ။

    · ကျောရိုးပုံစံမမှန်ခြင်းက အာရုံကြောစနစ်ပေါ်မှာသက်ရောက်မှုရှိနိုင်တဲ့အပြင် အာရုံကြောစနစ်ကို ထိခိုက်မိခြင်းကလည်း ကျောရိုးကိုထိခိုက်မှုရှိနေတယ်လို့ ယုံကြည်ထားကြပါတယ်။

    · အကြောအဆစ်ပြင်လိုက်ခြင်းက ကျောရိုးပုံမမှန်ခြင်းပြဿနာတွေကို သက်သာစေပြီး တစ်ရှုးတွေပေါ်မှာ သက်ရောက်နေတဲ့ ဖိအားကို လျော့ချပေးတယ်လို့ ယုံကြည်ကြပါတယ်။ ရလဒ်အနေနဲ့ ယေဘူယျကျန်းမာရေးအခြေအနေ တိုးတက်မှုရှိလာမှာပဲ ဖြစ်ပါတယ်။

    အကြောအဆစ်ပြင်သူတွေက ကျောရိုးပြင်ပေးခြင်းအားဖြင့် ကွေးညွတ်နိုင်စွမ်းနဲ့ လှုပ်ရှားနိုင်စွမ်းတွေကို ပြန်လည်ရရှိစေပါတယ်။

    သူတို့တွေ ဘာလုပ်ကြတာလဲ။

    အကြောအဆစ်ပြင်သူတွေဟာ လှုပ်ရှားနိုင်စွမ်းကောင်းစေဖို့၊ အကြောကိုကလိနေသောအရာများလျော့နည်းစေဖို့နဲ့ လုပ်နိုင်စွမ်းများ တိုးတက်စေဖို့ နည်းလမ်းတွေ အသုံးပြုကြပါတယ်။ မခွဲစိတ်ပဲနဲ့ ပြဿနာမျိုးစုံကို ကုသကြပါတယ်။ အောက်ပါတို့ကို ကုသကြပါတယ်။

    · အာရုံကြောပြဿနာများကြောင့် ခါးနာခြင်း

    · ခန္ဓါကိုယ်ရှိ အကြီးဆုံးအာရုံကြောဖြစ်သော စိုင်ရာတစ်အကြောနာကျင်ခြင်း (စိုင်ရာတစ်ကာ)

    · ခန္ဓါကိုယ်ကို ထပ်ခါထပ်ခါ အလုပ်ပေးနေခြင်း

    · ခေါင်းကိုက်ခြင်း

    · မတော်တဆမှုတွေနဲ့ ထိခိုက်ဒဏ်ရာများ

    သူတို့အလုပ်ဟာ အရိုးကြွက်သားနဲ့အာရုံကြောပြဿနာတွေ ကုသဖို့ဖြစ်သော်လည်း အဲအလုပ်တွေသာ လုပ်ရမယ်လိုတော့ မကန့်သတ်ထားပါဘူး။

    အရိုးအကြောဆရာဝန်များဖြင့် အဆက်အသွယ်ရှိပြီး သင့်တော်တဲ့သူတွေထံ သင့်တော်တဲ့ကုသမှုတွေရရှိဖို့ ပို့ပေးနိုင်ပါတယ်။

    အကြောအဆစ်ပြင်သူကောင်းကောင်းတစ်ယောက်ကို ဘယ်လိုရွေးချယ်မလဲ။

    အကြောအဆစ်ပြင်ခြင်းကို ရွေးချယ်တဲ့အခါမှာ အကြောအဆစ်ပြင်သူ ကောင်းကောင်းတစ်ယောက် ရွေးချယ်မိဖို့ အရေးကြီးပါတယ်။ ဒါမှရလဒ်ကောင်းတွေရရှိပြီး နောက်ထပ်ရောဂါတွေပါ ထပ်မရမှာပါ။ အောက်ပါတို့က အကြောအဆစ်ပြင်သူကောင်းတစ်ယောက်ရှာဖွေဖို့ နည်းလမ်းအချို့ပါ။

    • အခြားလူတွေကိုမေးမြန်းပါ။

    ဆရာဝန်ကို စမေးတာ အကောင်းဆုံးပါပဲ။ ဘယ်သူကအကြောအဆစ်ပြင်တဲ့နေရာမှာတော်တယ်ဆိုတာ သိနိုင်ပြီး သင့်လိုအပ်ချက်နဲ့လိုက်ပြီး အကြောအဆစ်ပြင်ခြင်းနည်းလမ်းကို ရွေးချယ်နိုင်ဖို့ အကြံအဉာဏ်တွေပေးပါလိမ့်မယ်။

    သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ အိမ်နီးချင်းတွေကိုလည်း မေးမြန်းနိုင်ပါတယ်။ သူတို့လည်း အကြောအဆစ်ပြင်သူကောင်းကောင်းတွေ သိနိုင်ပါတယ်။ ဒါပေမဲ့လည်း တစ်ယောက်ခြင်းစီရဲ့ ကောင်းတယ်ဆိုတဲ့အမြင်တွေဟာ အကြောင်းအရာအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။

    ဒါကြောင့် သတိထားရွေးချယ်ဖို့တော့ လိုပါလိမ့်မယ်။ လူတော်တော်များများက ကောင်းတယ်လို့ပြောနေပြီဆိုရင်တော့ စမ်းကြည့်သင့်ပါတယ်။

    • အကြောအဆစ်ပြင်သူနဲ့ တွေ့ဆုံဆွေးနွေးပါ။

    ကောင်းတယ်လို့ထင်တဲ့ အကြောအဆစ်ပြင်သူဖြင့် တွေ့သင့်ပါတယ်။ သူရဲ့ အတွေ့အကြုံနဲ့ အရည်အသွေးကို မေးမြန်းသင့်ပါတယ်။ ဖော်ရွေလား၊ ပူးပေါင်းလုပ်ဆောင်နိုင်လား၊ ကိုယ့်အခြေအနေနဲ့လိုအပ်ချက်တွေကိုနားထောင်ပေးလိုစိတ်ရှိလား၊ အကြောအဆစ်ပြင်ခြင်းနဲ့ ပတ်သတ်တဲ့ မေးခွန်းတွေအကုန်ဖြေနိုင်လားဆိုတာ အကဲခတ်ကြည့်ပါ။

    လုပ်ငန်းစဉ်များ၊ လိုချင်သည်များ၊ သိချင်သည်များနှင့်ကြောက်ရွံ့သည့်အရာများနဲ့ ပတ်သတ်ပြီး အကြောအဆစ်ပြင်သူနဲ့ ဆွေးနွေးသင့်ပါတယ်။

    • အင်တာနက်တွင် ရှာဖွေပါ။

    အင်တာနက်ဖြင့် လေ့လာမှုအနည်းငယ်လုပ်ပါ။ အသုံးဝင်တဲ့ အချက်အလက်တွေ ရှာတွေ့နိုင်လောက်ပါတယ်။

    အရည်အသွေးပြည့်မှီတဲ့သူတွေနဲ့ ပြုလုပ်မယ်ဆိုရင် အကြောအဆစ်ပြင်ခြင်းက အာရုံကြောချို့ယွင်းချက်ကြောင့်ဖြစ်တဲ့ အရိုးနဲ့ကြွက်သားပြဿနာတွေကုသဖို့ ဘေးကင်းထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။ ဒါကြောင့် အကြောအဆစ်ပြင်ခြင်းနဲ့ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်းသိနေဖို့ အရေးကြီးပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement