ရင်ဘတ် ဘယ်ဘက်ခြမ်းက တဒုတ်ဒုတ် ခုန်နေတဲ့ နှလုံးလေးက သက်ရှိတွေရဲ့ ရှင်သန်မှုကို အချက်ပြပေးနေတဲ့ အရာပါ။ နှလုံးလေး စည်းချက်မှန်မှန် ခုန်နေတာက ကျန်းမာစွာ ရှင်သန်နေတယ်ဆိုတဲ့ လက္ခဏာလေ။
ထွက်မှာ သေချာပြီလား။
ရင်ဘတ် ဘယ်ဘက်ခြမ်းက တဒုတ်ဒုတ် ခုန်နေတဲ့ နှလုံးလေးက သက်ရှိတွေရဲ့ ရှင်သန်မှုကို အချက်ပြပေးနေတဲ့ အရာပါ။ နှလုံးလေး စည်းချက်မှန်မှန် ခုန်နေတာက ကျန်းမာစွာ ရှင်သန်နေတယ်ဆိုတဲ့ လက္ခဏာလေ။
နှလုံးလေး ကျန်းမာမှ ခန္ဓာကိုယ် ကျန်းမာမယ်။ ဒီတော့ နှလုံးလေး ရောဂါကင်းပြီး ကျန်းမာသန်စွမ်းဖို့ ဘယ်လို စောင့်ရှောက်ပေးမယ် စိတ်ကူးလဲ။
နှလုံးရောဂါက ကမ္ဘာပေါ်မှာ အဖြစ်အများဆုံး ရောဂါတစ်ခုပေါ့။ ဒါပေမယ့် ကာကွယ်လို့ရတဲ့ ရောဂါပါ။ ဘဝနေထိုင်မှုပုံစံကို ကျန်းမာတဲ့ နေထိုင်မှုပုံစံ ပြောင်းလဲလိုက်တာက နှလုံးလေးရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးလိုက်တာပါပဲ။
ဒီတော့ နှလုံးကျန်းမာစေဖို့ အခုလိုလေး အားဖြည့်ပေးပါ။
နှလုံးကြွက်သားတွေကလည်း ခန္ဓာကိုယ်က အခြားကြွက်သားတွေလိုပဲ သန်မာဖို့အတွက် လေ့ကျင့်ခန်း လုပ်ဖို့ လိုပါမယ်။ ဒါကြောင့် နှလုံး ကျန်းမာစေဖို့ ရေရှည်လုပ်နိုင်မယ့် လေ့ကျင့်ခန်းကို နေ့စဉ်ပုံမှန် ၁၅ မိစ် နာရီဝက်ကနေစလို့ ၁ နာရီလောက်အထိ လုပ်ပေးပါ။
ရေကူးတာ၊ လမ်းလျှောက်တာ၊ အလေးမတာ၊ ယောဂလေ့ကျင့်တာ၊ စက်ဘီးစီးတာလိုမျိုး လေ့ကျင့်ခန်းတွေကို လုပ်ပေးပါ။
ဆေးလိပ်ဖြတ်ဖို့က ပြောသလောက် မလွယ်ပါဘူး။ ဒါပေမယ့် ဆေးလိပ်ဖြတ်ဖို့က နှလုံးကျန်းမာရေးအတွက် အရေးကြီးတဲ့ အချက်တစ်ခုပါ။
အကြောင်းကတော့ နှလုံးကို ကျန်းမာရေးထိခိုက်စေတဲ့ အဓိကကျတဲ့ အကြောင်းအရာတစ်ခုက ဆေးလိပ်သောက်သုံးတာပါ။ ဆေးလိပ်က နှလုံးကို ထိခိုက်စေသလို အခြား အစိတ်အပိုင်းတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။
ကိုယ်အလေးချိန်က ရှိသင့်တာထက် ပိုနေမယ်။ အဝလွန်နေမယ်ဆိုရင် ကျန်းမာရေးကို အတော်လေး ထိခိုက်စေနိုင်ပါတယ်။ နှလုံး ကျန်းမာရေးကိုလည်း အတော်လေး ထိခိုက်စေတာပါ။
ဒါကြောင့် ကိုယ်အလေးချိန်ကို သေချာလေး ထိန်းပါ။
နှလုံးကျန်းမာစေဖို့ စားသောက်ပေးတာကလည်း နှလုံး ကျန်းမာရေးကို စောင့်ရှောက်တဲ့ နည်းလမ်း တစ်ရပ်ပါ။ ဒီတော့ နှလုံး ကျန်းမာစေဖို့ဆိုရင်
အစားတွေကို အလွန်အကျွံ စားတာမျိုး မလုပ်ပါနဲ့။ အထူးသဖြင့် ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းတာတွေပေါ့။ အစားအလွန်အကျွံစားတာက
စိတ်ဖိစီးတာက သွေးပေါင်တက်စေတာ။ နှလုံးခုန်မြန်တာတွေကို ဖြစ်စေပြီး နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုကို တတ်နိုင်သမျှ ဖြေလျှော့ပါ။
စိတ်ဖိစီးလာတဲ့အခါ တရားထိုင်တာ၊ ယောဂလေ့ကျင့်တာ၊ သီးချင်းအော်ဆိုတာလိုမျိုး နည်းလမ်းတွေ သုံးပြီး စိတ်ဖိစီးမှုကို ဖြေလျှော့ပါ။
ဒီလိုဂရုစိုက်တာတွေအပြင် နှလုံးလေးကို ရောဂါကင်းပြီး ကျန်းမာစေဖို့ ပုံမှန် စစ်ဆေးတာတွေ၊ လိုအပ်တဲ့ကုသမှု ခံယူတာတွေ လုပ်ဆောင်ဖို့ လိုပါမယ်။
နှလုံးသွေးကျန်းမာရေးနှင့် ပတ်သက်ပြီး နောက်ဆုံးပေါ် စစ်ဆေးမှုနည်းလမ်းများ၊ ခွဲစိတ်မှုများ အကြောင်းကို ပိုမိုသိရှိလိုပါက စင်ကာပူနိုင်ငံ Mount Elizabeth ဆေးရုံကြီးရဲ့ မြန်မာနိုင်ငံရုံးများမှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ဆက်သွယ်ရန် –
Mount Elizabeth Hospitals Singapore, Myanmar Office
ရန်ကုန် Helpline : 09-430 66666, 09-430 66663
မန္တလေး Helpline: 09-430 66667, 09-7930 66667
သင့်အသက်အလိုက် နားနေချိန်နှင့် လှုပ်ရှားချိန်မှာ ရှိရမယ့် နှလုံးခုန်နှုန်းက ဘယ်လောက်လဲဆိုတာ တွက်ချက်လိုက်ပါ။ နှလုံးခုန်နှုန်းကို လေ့ကျင့်ခန်းနှင့် အခြားအချက်များက ဘယ်လိုသက်ရောက်စေသလဲဆိုတာာကို လေ့လာလိုက်ပါ။
အမျိုးသား
အမျိုးသမီး
မည်သူ့အတွက် စစ်ဆေးမည်နည်း။
နားနေချိန်မှာ ရှိသည့် နှလုံးခုန်နှုန်း (တစ်မိနစ်လျှင် အကြိမ်ရေ)
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Heart Health https://www.health.harvard.edu/topics/heart-health Accessed Date 21 October 2020