ဆောင်းရာသီကို ချဉ်းနင်းဝင်ရောက်လာခဲ့ပါပြီ။ အေးမြတဲ့ဆောင်းရာသီကို ကြုံဆုံရတဲ့အခါမျိုးမှာ ကျန်းမာရေးပြဿနာတွေကလည်း နောက်ဆက်တွဲအနေနဲ့ ပါလာတတ်ပါတယ်။ နှလုံးရောဂါ ဝေဒနာသည်တွေအတွက်ဆိုရင်တော့ ဒီကာလမျိုးမှာ Heart Attack က ဒုက္ခအပေးဆုံးလို့ဆိုရပါမယ်။
ထွက်မှာ သေချာပြီလား။
ဆောင်းရာသီကို ချဉ်းနင်းဝင်ရောက်လာခဲ့ပါပြီ။ အေးမြတဲ့ဆောင်းရာသီကို ကြုံဆုံရတဲ့အခါမျိုးမှာ ကျန်းမာရေးပြဿနာတွေကလည်း နောက်ဆက်တွဲအနေနဲ့ ပါလာတတ်ပါတယ်။ နှလုံးရောဂါ ဝေဒနာသည်တွေအတွက်ဆိုရင်တော့ ဒီကာလမျိုးမှာ Heart Attack က ဒုက္ခအပေးဆုံးလို့ဆိုရပါမယ်။
လေ့လာချက်တွေအရဆိုရင် နှလုံးရောဂါကြောင့်ဖြစ်လာတဲ့ Heart Attack နဲ့ လေဖြတ်တာတွေဟာ ဆောင်းရာသီမှာ ဖြစ်နိုင်ခြေအတော်လေးများတယ်လို့ဆိုပါတယ်။ ရင်ဘတ်အောင့်တာနဲ့ အအေးဒါဏ်ကြောင့် နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေလည်း ဖြစ်နိုင်ပါတယ်။
နောက်ထပ်တစ်ချက်ကတော့ ဆောင်းရာသီမှာကြုံရတတ်တဲ့ လေအေးတွေကြောင့် ခန္ဓာကိုယ်အပူချိန်ကျဆင်းပြီး နှလုံးထိခိုက်နိုင်တာပါပဲ။ ခန္ဓာကိုယ် အပူချိန် ၉၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထက်လျော့ပါးအောင် တိုက်ခတ်လာတတ်တဲ့ လေအေးတွေဟာ နှလုံးရောဂါသည်တွေအတွက်တော့ အန္တရာယ်တစ်ခုပါပဲ။
လက်ရှိအချိန်အထိတော့ ဆောင်းဦးကိုဝင်လာပြီဖြစ်ပေမယ့် ခုကာလက အရမ်းတော့ မအေးသေးပါဘူး။ ဒါပေမယ့် ဒီနှစ်လည်း ယမန်နှစ်တုန်းကလိုမျိုး အအေးလှိုင်းဖြတ်ဖို့ရှိနေတာမို့ သတိထားရမယ့် အခြေအနေပါပဲ။
ကျွမ်းကျင်သူတွေကတော့ ဆောင်းရာသီမှာ နှလုံးရောဂါသည်တွေအနေနဲ့ Lifestyle ပြောင်းလဲဖို့ အဓိကထား စဉ်းစားသင့်တယ်လို့ဆိုပါတယ်။ အထူးသဖြင့် ရုပ်ပိုင်းဆိုင်ရာ နေထိုင်မှုပိုင်းဆိုင်ရာတွေကို ပြောင်းလဲနိုင်ဖို့ လိုအပ်နေတာပါ။
ဒါပေမယ့် နှလုံးရောဂါသည်တွေဆိုတာက တခြားလူတွေနဲ့ မတူပါဘူး။ လေ့ကျင့်ခန်းလုပ်ပါလို့ ပြောပေမယ့်လည်း လေ့ကျင့်ခန်းတိုင်းက သူတို့နဲ့အဆင်မပြေနိုင်သလို အရမ်းပင်ပင်ပန်းပန်း ကိုယ်လက်လှုပ်ရှားတာမျိုးတွေကလည်း သူတို့အတွက် မကောင်းလှပါဘူး။
ဒါကြောင့် နှလုံးဝေဒနာသည်တွေအနေနဲ့ အေးမြတဲ့ဆောင်းရာသီမျိုးကို ရင်ဆိုင်ရပြီဆိုရင် အောက်ပါအချက်တွေကို လိုက်နာပြီး နေထိုင်ဖို့ လမ်းညွှန်ထားကြပါတယ်။
ဒါ့အပြင် အောက်ပါအချက်တွေကိုလည်း ရှောင်ကျဉ်နိုင်ဖို့ အထူးသတိထားဖို့ လိုအပ်ပါတယ်။
သင့်အသက်အလိုက် နားနေချိန်နှင့် လှုပ်ရှားချိန်မှာ ရှိရမယ့် နှလုံးခုန်နှုန်းက ဘယ်လောက်လဲဆိုတာ တွက်ချက်လိုက်ပါ။ နှလုံးခုန်နှုန်းကို လေ့ကျင့်ခန်းနှင့် အခြားအချက်များက ဘယ်လိုသက်ရောက်စေသလဲဆိုတာာကို လေ့လာလိုက်ပါ။
အမျိုးသား
အမျိုးသမီး
မည်သူ့အတွက် စစ်ဆေးမည်နည်း။
နားနေချိန်မှာ ရှိသည့် နှလုံးခုန်နှုန်း (တစ်မိနစ်လျှင် အကြိမ်ရေ)
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။