ကလေးက အစာမာ စစားတတ်ပြီဆိုရင် ကလေးကို ကျန်းမာနေစေဖို့အတွက် အစားအစာကို အာဟာရပြည့်စေဖို့အတွက် အမြဲမပြတ် ဂရုစိုက်ဖို့ လိုပါမယ်။
ကလေးက မွေးရာပါ နှလုံးရောဂါကို ခံစားနေရတဲ့အတွက် ဇီဝကမ္မဖြစ်စဉ်က ပုံမှန်ထက် မြန်နေနိုင်ပါတယ်။ ကယ်လ်လိုရီ လောင်ကျွမ်းမှုကလည်း ပိုမြန်နေနိုင်ပါတယ်။ ဒါကြောင့် ကယ်လ်လိုရီ လိုအပ်ချက် ပြည့်မီစေဖို့အတွက် ကယ်လ်လိုရီ ပါဝင်မှု များတဲ့ အစားအစာတွေကို ပြင်ဆင်ပေးပါ။
- ကလေးက အစာစားဖို့ မောနေနိုင်ပါတယ်။ ဒါကြောင့် နည်းနည်းနဲ့ ခဏခဏ ကျွေးပေးပါ။ ခပ်ပျော့ပျော့ အစားအစာလေးတွေ များများ ကျွေးပေးပါ။
- ကယ်လ်လိုရီ နဲ့ အာဟာရပါဝင်မှု များတဲ့ အစားအစာတွေကို နည်းနည်းချင်းစီနဲ့ မကြာမကြာ ကျွေးပေးပါ။
- ပရိုတင်း ပါဝင်မှု များတဲ့ ဥအမျိုးမျိုး၊ အသား၊ ကြက်သား၊ ငါး စတာတွေ ပြင်ဆင်ပေးပါ။ ပဲပင်ပေါက်၊ ပဲပိစပ် စတာတွေ ကျွေးပေးပါ။
- ထောပတ်၊ နို့၊ ဒိန်ခဲ စတာတွေကို မကြာခဏ ကျွေးပေးပါ။
- အသင့်စား အစားအစာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေကို မကျွေးပါနဲ့။
- ဆားလျှော့ကျွေးပါ။ ကိုလက်စထရော နဲ့ ပြည့်ဝဆီ ပါဝင်မှု များတဲ့ အစားအစာတွေကို နည်းနည်းပဲ ကျွေးပေးပါ။
- omega-3 fatty acids ကြွယ်ဝတဲ့ အစားအစာတွေကို ကျွေးပေးပါ။
ဒီအစားအစာတွေကို ပုံမှန် ပြင်ဆင်ပေးတာက ကလေးက မွေးရာပါ နှလုံးရောဂါကို ခံစားနေရပေမယ့်လည်း ကျန်းမာနေစေမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။