နှလုံးရောဂါနှင့် ဆီကြော်အစားအစာ များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
Share now

နှလုံးရောဂါရှိရင် အစားအသောက်အနေအထိုင် ဆင်ခြင်ဖို့ လိုအပ်တယ်လို့ အမြဲပြောတတ်ကြတယ်။ တကယ်လည်း နှလုံးရောဂါရှိနေပြီဆိုရင် သင်နေ့စဉ် မှီဝဲစားသုံးတဲ့ အစားအသောက်တွေဟာ သိပ်အရေးကြီးလာမှာပါ။ ဥပမာပြောရရင် နှလုံးရောဂါရှိနေလျက်နဲ့ ဆီကြော်အစားအစာ တွေ စားသုံးတာက မသင့်လျော်ဘူးဆိုတဲ့ ကိစ္စမျိုးပေါ့။

ဆီများများ နိုင်နိုင်နဲ့ ကြော်လှော်ထားတဲ့ ဆီကြော်အစားအစာ တွေဟာ နှလုံးဝေဒနာသည်တွေအတွက် မသင့်လျော်ပါဘူး။ ဘာလို့ဆိုတော့ အဲဒါတွေက သင့်ရောဂါပေါ်မှာ သက်ရောက်မှု ရှိနေလို့ပါပဲ။ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအသောက်တွေကို မှီဝဲမှသာ ကိုလက်စထရောကို ကျစေပြီး သင့်ကို အကျိုးရှိစေပါလိမ့်မယ်။

ဆီကြော်အစားအစာတွေကတော့ ဒီလိုမဟုတ်ပဲ နှလုံးရောဂါကို ပိုတိုးစေမယ့် ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ယူဆောင်လာမယ့်အရာတွေပါ။ Fast-food တွေကနေစလို့ နေ့တိုင်းနေအိမ်မှာ ချက်ပြုတ်စားသောက်နေတာတွေအထိ အားလုံးမှာ အဆီတွေ အရမ်းသုံးနေမိမယ်ဆိုရင် သင့်နှလုံးကျန်းမာရေးက ဆိုးရွားလာတော့မှာပါ။

နှလုံးဝေဒနာသည်တွေ ဘာကြောင့် ဆီကြော်အစားအစာ တွေကို မစားသင့်တာလဲ

ကြက်ကြော်တို့ အာလူးကြော်တို့လို Fast-food တွေသာမက နေအိမ်မှာ ကြော်လှော်စားကြတဲ့ ဆီကြော်စာတွေကလည်း နှလုံးရောဂါသည်တွေကို ဘေးထွက်ဆိုးကျိုးတွေပေးနိုင်ပါတယ်။ ဒါကြောင့် နှလုံးဝေဒနာသည်တွေကို ဆီကြော်အစားအစာ တွေ မစားဖို့ တိုက်တွန်းနေကြတာပါ။

လူတစ်ယောက်ဟာ တစ်ပတ်မှာ ဆီကြော်အစားအစာ ၄ အောင်စ (၁၁၄ ဂရမ်) ထက်ပိုစားမယ်ဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေ ဒါမှမဟုတ် ရှိနှင့်ပြီးသားဆိုရင် ပိုဆိုးနိုင်ခြေ ၃၇% အထိ မြင့်တက်လာမှာဖြစ်ပါတယ်။

စားသုံးမှုပမာဏ မြင့်မားလေလေ ကိုလက်စထေရာတွေ ပိုပိုများလာလေလေဖြစ်ပြီးတော့ နှလုံးနဲ့ ဆက်စပ်ဝေဒနာတွေဖြစ်ကြတဲ့ လေဖြတ်တာ၊ နှလုံးပျက်စီးတာ၊ နှလုံးဖောက်ပြန်တာနဲ့ နှလုံးသွေးကြောကျဉ်းတာလိုမျိုး ပြဿနာတွေ ပိုပိုဖြစ်လာအောင် တွန်းအားပေးမှာပါ။

နှလုံးရောဂါနှင့် ဆီကြော်အစားအစာ များ

အထူးသဖြင့် ပြုပြင်အေးခဲထားတဲ့ အသားတွေ၊ သကြားတွေ၊ ကာဘိုဟိုက်ဒြိတ်များတဲ့ အစားအစာတွေ၊ ပင်လယ်စာတွေနဲ့ အစေ့အဆံတွေကို ဆီအမြောက်အများနဲ့ ကြော်လှော်ချက်ပြုတ်စားသောက်မယ်ဆိုရင် နှလုံရောဂါသာမက အမျိုးအစား-၂ ဆီးချိုဖြစ်နိုင်ခြေပါ မြင့်တက်လာမှာပါ။

အစားအသောက်တွေကို ဆီနဲ့ကြော်လိုက်တာကြောင့်ဖြစ်လာတဲ့ အစားအစာအတွင်းက Lipoprotein ပမာဏလျော့ပါးမှုဟာ အဆိုပါအစားအစာကို ကျန်းမာရေးနဲ့ မညီညွတ်မှုဖြစ်စေပြီး မကောင်းတဲ့ ကိုလက်စထေရာတွေ၊ ကယ်လိုရီတွေ ပိုမြင့်သွားစေပါတယ်။ ဒီအချက်က လူကို ထိခိုက်စေတဲ့အချက်လို့ ဆိုရပါမယ်။

ဒီအချက်တွေကြောင့် ခန္ဓာကိုယ်ကြီးဟာ ပိုမိုထိခိုက်ရပြီး သွေးတိုး၊ ဆီးချို၊ အဝလွန်ခြင်းနဲ့ နှလုံးသွေးကြောဆိုင်ရာပြဿနာတွေကိုပါ ဆက်လက်ရင်ဆိုင်ရတော့တာပါပဲ။ အဆိုပါအချက်အလက်တွေကို လူပေါင်း ၆ သိန်းနီးပါးပါဝင်တဲ့ ကမ္ဘာတစ်ဝှမ်းက လေ့လာချက် ၁၇ ခုက တစ်ညီတစ်ညွတ်တည်း ညွှန်ပြနေတာမို့ ခိုင်မာလှတဲ့ သက်သေအထောက်အထားလို့ မှတ်ယူရမှာပါ။

ဆီကြော်စာတွေကို လျှော့စားမယ်ဆိုရင်

အဆီဓါတ် (Cholesterol) ဆိုတာက အဆီလို ပစ္စည်းတစ်မျိုးဖြစ်ပြီး သင့်ခန္ဓါကိုယ်က ဆဲလ်အသစ်တွေထုတ်တာ၊ ဟော်မုန်းတွေထုတ်တာ၊ အာရုံကြောတွေ တည်ဆောက်တဲ့နေရာတွေမှာ အကူညီပေးပါတယ်။ ခန္ဓါကိုယ်က လိုအပ်တဲ့ အဆီဓါတ် (Cholesterol) ကို များသောအားဖြင့် အသည်းကနေထုတ်ပါတယ်။

ပုံမှန်အားဖြင့် ကိုလက်စထရောတွေဟာ သွေးကြောတွေထဲမှာ လှည့်ပတ်သွားလာနေတတ်ပြီး သိပ်သည်းဆနည်းတဲ့အဆီဓါတ် (LDL) ဒါမှမဟုတ် မကောင်းတဲ့အဆီဓါတ်တွေကသာ သွေးကြောတွေရဲ့နံရံတွေမှာ ကပ်နေပြီး လူကို ဒုက္ခပေးတတ်တာပါ။

ပြင်ပအစားအစာတွေကနေ ဝင်လာတဲ့ ကိုလက်စထရောတွေမှာ LDL ပါဝင်မှုပိုများတာမို့ သွေးကြောတွေထဲ အဆီတွေစုခဲပြီး နှလုံးကျန်းမာရေးကိ ထိခိုက်စေတာဖြစ်ပါတယ်။ တကယ်လို့ သင့်ခန္ဓါကိုယ်ထဲမှာ ကိုလက်စထရောတွေ အများကြီးစုနေပြီဆိုရင်တော့ နှလုံးရောဂါရဖို့ အခွင့်အလမ်းတွေတအား များသွားပြီဆိုပါတော့။

လေ့လာချက်အရဆိုရင် အဆီနဲ့ကြော်လှော်ထားတဲ့ အစားအစာတွေကို ၄ အောင်စအောက် လျှော့စားသူတွေတွေနဲ့ ၄ အောင်စအထက် မှီဝဲသူတွေအကြားမှာ ကွာခြားချက်တွေကတော့ ဆီကြော်အစားအစာ လျှော့စားသူတွေဟာ မလျှော့သူတွေထက် နှလုံးရောဂါဖြစ်နိုင်ခြေ ၂၈%၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေဖြစ်နိုင်ခြေ ၂၈% နဲ့ နှလုံးပျက်စီးနိုင်ခြေ ၃၇% အထိ လျော့ပါးသွားတယ်ဆိုတာပါပဲ။

ဒါ့အပြင် လေဖြတ်နိုင်ခြေ ၃%၊ နှလုံးဖျောက်ပြန်နိုင်ခြေ ၁၂% နဲ့ တခြား နှလုံးဆိုင်ရာရောဂါတွေဖြစ်နိုင်ခြေနည်း ၂% ကျဆင်းသွားမှာပါ။ ဘာကြောင့် အဆီကြော်စာတွေကို လျှော့စားသင့်တယ်ဆိုတာကို ဒီလောက်ဆို သဘောပေါက်ကြမယ်ထင်ပါတယ်။

နှလုံးရောဂါနှင့် ဆီကြော်အစားအစာ များ

နှလုံးရောဂါ ကာကွယ်ပါ

လူတိုင်းက အစားအစာကို မျှမျှတတ စားသုံးမှသာ ကျန်းမာရေးအတွက် ကောင်းမွန်မှာ ဖြစ်ပါတယ်။ နှလုံးရောဂါကို ကာကွယ်ဖို့ဆိုရင်လည်း ဒီလိုပါပဲ။ နေထိုင်ပုံတွေအပြင် နေ့စဉ်နေ့တိုင်းစားသောက်နေတဲ့ အစားအစာတွေကို စားသောက်ပုံလည်း မှန်ကန်ဖို့ လိုအပ်မှာပါ။

  • သစ်သီးများနဲ့ အသီးအရွက်များတွေ များများစားဖို့၊
  • နို့နဲ့ နို့ထွက် ပစ္စည်းတွေ ပိုမှီဝဲဖို့၊
  • ငါးအချို့၊ ဥများ၊ အသား၊ ပဲနဲ့ အခြား နို့ကရတာ မဟုတ်တဲ့ အခြားသော အသားဓါတ်တွေ မှီဝဲဖို့၊
  • အဆီဓါတ်နဲ့ သကြားဓါတ် မြင့်မားတဲ့ အစားအသောက်တွေ ရှောင်ဖို့၊
  • အဆီဓါတ်၊ ဆားဓါတ်နဲ့ သကြားဓါတ်  ပါဝင်မှုနည်းတဲ့ အစားအစာတွေကို ပိုစားဖို့၊
  • စားသောက်တဲ့ ပမာဏကို ထိန်းညှိဖို့ စတဲ့နည်းလမ်းတွေကို လိုက်နာမည်ဆိုရင်တော့ နှလုံးကျန်းမာစေဖို့ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကိုဗစ်ရောဂါ ကို ပြင်းပြင်းထန်ထန် ခံစားရနိုင်သူများ

ဘယ်လိုလူတွေက ကိုဗစ်ရောဂါ ဖြစ်ရင် ပိုပြီးပြင်းပြင်းထန်ထန် ခံစားရနိုင်လဲ၊ ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်ကြမလဲဆိုတာ လေ့လာကြည့်ရအောင်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win

ကိုဗစ်ကပ်အတွင်း အောက်ဆီဂျင် ပြည့်ဝစေဖို့ ဘယ်လို စားသောက်ကြမလဲ…….

အောက်ဆီဂျင် ပြည့်ဝစေဖို့ ဘယ်လို စားသောက်ကြမလဲ.......အောက်ဆီဂျင် ပြည့်ဝစေဖို့ အခုလိုလေး စားသုံးပေးဖို့ လိုပါမယ်။ ဘာတွေများ ဖြစ်မလဲ............

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ရေဓာတ်ခန်းခြောက် ခြင်းက လူတိုင်းအတွက် မကောင်းပေမယ့် ဆီးချို နဲ့ ရောဂါအခံရှိသူတွေအတွက် ထိခိုက်မှုက ပိုများပါတယ်။ သေချာလေး ဂရုစိုက်ဖို့လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ကို Urtica dioica လို့ ခေါ်ပြီး လက်တင်စကားလုံး uro ကနေ ဆင်းသက်လာတာပါ။ ပူနွေးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အကြောင်းက ထိရင်၊ စားမိရင် ပူနွေးစေလို့ပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အနီရောင်အသား တွေကို ကျန်းမာရေးအတွက် စားဖို့ သင့်မသင့်

အနီရောင်အသား တွေကို ကျန်းမာရေးအတွက် စားဖို့ သင့်မသင့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 9, 2021 . 3 mins read
သွေးမပျစ်စေဖို့ ဘာတွေ စားရမလဲ.........

သွေးမပျစ်စေဖို့ ဘာတွေ စားရမလဲ………

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 6, 2021 . 2 mins read
မွေးရာပါ နှလုံးရောဂါ ရှိတဲ့ ကလေးကို အာဟာရပြည့်ဝစေဖို့

မွေးရာပါ နှလုံးရောဂါ ရှိတဲ့ ကလေးကို အာဟာရပြည့်ဝစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Aye Thi Mon
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 27, 2021 . 2 mins read
ပီလောပီနံ ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူး

ပီလောပီနံ ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 20, 2021 . 2 mins read