ရောဂါအခံရှိမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ဖို့ လိုပါမယ်။ နာတာရှည်ရောဂါ ရှိသူတွေကတော့ အခြားသူတွေထက် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။
ကိုဗစ် ကာကွယ်ဆေး ထိုးမှ ဖျားတယ်၊ ကိုဗစ် ဖြစ်ပြီလား မသိဘူးဆိုပြီး စိုးရိမ်စိတ်တွေ အမျိုးမျိုး ဖြစ်နေကြမယ် ထင်ပါတယ်။ တကယ်ကတော့ ကိုဗစ် ကာကွယ်ဆေးက တုပ်ကွေး ကာကွယ်ဆေးလိုပါပဲ။
ကာကွယ်ဆေးတွေထဲမှာ ဗိုင်းရပ်စ် မပါပါဘူး။ ပိုးရဲ့ မျိုးဗီဇကို ထည့်သွင်းထုတ်လုပ်တားတာမျိုးရှိသလို ဗိုင်းရပ်စ်အသေ ဒါမှမဟုတ် မပွားနိုင်တော့တဲ့ ဗိုင်းရပ်စ်တွေပဲ ပါပါတယ်။
ကာကွယ်ဆေးက ဗိုင်းရပ်စ်ကို ခန္ဓာကိုယ်ရဲ့ ခုခံအားက တုံ့ပြန် တိုက်ခိုက်နိုင်အောင် လေ့ကျင့်ပေးတဲ့ အရာပါ။ ဗိုင်းရပ်စ်အရှင်ကို ထိုးထည့်ပေးတာ မဟုတ်ပါဘူး။ကာကွယ်ဆေး ဆိုတာမျိုးက လူတွေကို မထိုးပေးခင်မှာ အမျိုးမျိုးသော စမ်းသပ်မှုတွေကို လုပ်ဆောင်ထားပြီးသားပါ။
အခြား ကာကွယ်ဆေးတွေလိုပဲ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးတဲ့အခါ
- လက်မောင်းနာတာ၊
- ကိုယ်လက်တွေ ကိုက်ခဲတာ၊
- ခေါင်းကိုက်တာ၊
- အဖျားတက်တာ၊
- ခြေကုန်လက်ပမ်းကျတာလိုမျိုး သိပ်မပြင်းထန်တဲ့ လက္ခဏာတွေကို တစ်ရက် ကနေ နှစ်ရက်လောက်အထိ ခံစားရနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။