အိပ်ပျော်နေစဉ်မှာ အသက်ရှူရပ်တန့်သွားတတ်တဲ့ ပြဿနာကို Sleep apnea လို့ ခေါ်ပါတယ်။ အဆိုပါပြဿနာကြောင့် ကောင်းကောင်းအိပ်မရခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း စတာတွေ ခံစားလာရပြီး နေ့စဉ် လူနေမှုဘဝကိုပါ ရိုက်ခတ်လာနိုင်ပါတယ်။ သုတေသနတစ်ခုမှာဆိုရင် အိပ်ပျော်နေစဉ် အသက်ရှူရပ်တန့်ခြင်းကြောင့် စိတ်ဓာတ်ကျခြင်း (depression) ကိုပါ ဖြစ်စေတတ်ကြောင်း ဆိုထားပါတယ်။