backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ဟောက်တတ်သူတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ဟောက်တတ်သူတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

ဟောက်တယ် ဆိုတာက အိပ်စက်ချိန်မှာ အနှောင့်အယှက်ဖြစ်စေတယ်ဆိုတဲ့ အခြေအနေ ထက်ပိုတဲ့ အခြေအနေ တစ်ရပ်ပါ။ လေ့လာမှုတွေအရကတော့ ညအိပ်နေချိန်မှာ ဟောက်တာက အိပ်မပျော်တာကြောင့် ဖြစ်တာမဟုတ်ဘဲ လေပြွန်တွေထဲကို လေကောင်းကောင်း မဝင်တာကြောင့် ဖြစ်တာလို့ လေ့လာမှုတွေက ဆိုပါတယ်။ ဒီတစ်ခေါက်တော့ အိပ်နေချိန်မှာ ဘာလို့ ဟောက်ရတာလဲ ဆိုတာနဲ့ ဟောက်တတ်သူတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ အကြောင်း ပြောပြပေးချင်ပါတယ်။

ဟောက်တယ် ဆိုတာ

ဟောက်တယ် ဆိုတာက လေတွေ ပါးစပ် နဲ့ နှာခေါင်းကို အလွယ်တကူ ဖြတ်သန်း မစီးဆင်းနိုင်တဲ့ အခြေအနေ တစ်ရပ်ပါ။ လေတွေက ပါးစပ်ထဲမှာ ရှိနေတဲ့ အာခေါင်ပျော့၊ နှာခေါင်း နဲ့ လည်ချောင်းတို့လိုမျိုး အစိတ်အပိုင်းတစ်ခုခုမှာ ဖြစ်နေတဲ့  ပိတ်ဆို့မှုကို အားနဲ့ ဖြတ်သန်းစီးဆင်းတဲ့ အခြေအနေ တစ်ရပ်မှာ ဖြစ်လာတဲ့ အနေအထားတစ်ရပ်ပါ။ တုန်ခါမှုလိုမျိုးပေါ့။ ဒီလို တုန်ခါမှုက ဟောက်သံကို ထွက်စေတာပါ။

ဟောက်တာက အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေရုံတင်မဟုတ်ဘဲ အိပ်ဟောက်အသက်ရှူရပ်ရောဂါလို့ ခေါ်တဲ့ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာကို ဖြစ်စေနိုင်သလို အခြားသော ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ခြေရှိတယ်ဆိုတဲ့ ရှေ့ပြေးလက္ခဏာတွေလည်း ဖြစ်နိုင်ပါတယ်။

ဟောက်တာက အဖြစ်များသလား

ဟောက်တာက တော်တော်လေး အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ အမျိုးသားတွေ အထူးသဖြင့် အသက် ၅၀ အထက် အမျိုးသားတွေ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတဲ့ အမျိုးသားတွေ၊ အဝလွန်နေတဲ့ အမျိုးသားတွေမှာ အဖြစ်များပါတယ်။ အမျိုးသမီးတွေလည်း ဟောက်တတ်ပါတယ်။

ဘယ်သူတွေက ဟောက်နိုင်​ခြေ များသလဲ

လူတိုင်းကတော့ တစ်ချိန် မဟုတ် တစ်ချိန်မှာ အိပ်ရင်းဟောက်တာကို ခံစားရနိုင်ခြေ များပါတယ်။ ဘေဘီလေးတွေ၊ ကလေးလေးတွေ နဲ့ အရွယ်ရောက်ပြီးသူ အားလုံးမှာ ဟောက်တာကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် အချို့သူတွေကတော့ အခြားသူတွေထက် ပိုပြီး ဟောက်နိုင်ခြေ များပါတယ်။

အသက်အရွယ် 

အသက်အရွယ် ကြီးရင့်လာတဲ့အခါ ကြွက်သားတွေ လျှော့ရဲလာတာကြောင့် အသက်အရွယ်ရလာသူတွေက ဟောက်နိုင်ခြေ ပိုများပါတယ်။

အယ်လ်ကိုဟော၊ အိပ်ဆေး 

အရက် နဲ့ အယ်လ်ကိုဟောပါတဲ့ သောက်စရာတွေ၊ ကြွက်သားတွေကို ပြေလျော့စေတဲ့ ဆေးတွေ၊ အိပ်ဆေးလိုမျိုး ဆေးဝါးတွေက ပါးစပ်၊ နှာခေါင်း နဲ့ လည်ချောင်းတလျှောက်က လေစီးဆင်းမှုကို ပိတ်ဆို့စေပြီး ဟောက်တာကို ဖြစ်စေနိုင်ပါတယ်။

ကျား/ မ ကွာခြားချက်

အမျိုးသား ဖြစ်နေတာကလည်း အိပ်ရင်းဟောက်တာကို ခံစားရနိုင်ခြေ များတဲ့ အချက် တစ်ခုပါ။

မျိုးရိုးလိုက်တာ

မိသားစုထဲမှာ ဟောက်တတ်တဲ့ မိသားစုဝင်ရှိဖူးသူတွေက အခြားသူတွေထက် ပိုဟောက်နိုင်ပါတယ်။

ကျန်းမာရေးပြဿနာ

ဓာတ်မတည့်မှု၊ အအေးမိတာလိုမျိုး နှာခေါင်းပိတ်တာတွေကြောင့် ပါးစပ် နဲ့ နှာခေါင်းထဲမှာ လေဝင်ထွက်စီးဆင်းမှု ပိတ်ဆို့တာတွေကို ဖြစ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်နေရတာ

ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲ ဖြစ်တာ၊ ကိုယ်အလေးချိန် ပြောင်းလဲတာတွေကြောင့်လည်း ကိုယ်ဝန်ဆောင်ချိန်မှာ ဟောက်တာ ဖြစ်နိုင်ပါတယ်။

ကိုယ်အလေးချိန် 

အိပ်နေချိန်မှာ အသက်ရှူတာ ပုံမှန် မဟုတ်တဲ့ အခြေအနေတွေနဲ့ ဟောက်တာကို ခံစားရတဲ့ အဓိက အကြောင်းအရင်းက ရှိသင့်တဲ့ ကိုယ်အလေးချိန် ထက်များနေတာ၊ အဝလွန်နေတာကြောင့်ပါ။

ဟောက်တတ်သူတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

ဟောက်တတ်သူတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ

အိပ်နေချိန်မှာ အရမ်း ဟောက်တာက အတူအိပ်သူတွေအတွက် ရယ်စရာ တစ်ခုဆိုပေမယ့် အမှန်အတိုင်းကတော့ ဒီအခြေအနေက ရယ်စရာ မဟုတ်ပါဘူး။ ဟောက်တာက တစ်ခါတလေမှာ အိပ်ဟောက်အသက်ရှူရပ် ရောဂါလို့ ခေါ်တဲ့ obstructive sleep apnea ကို ခံစားနေရတာ ဖြစ်ပါတယ်။ 
ဒီအခြေအနေက ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဟောက်တတ်သူတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာများ ကတော့
  • ဆီးချိုရောဂါ
  • အဝလွန်တာ
  • သွေးတိုးတာ
  • လေဖြတ်တာ
  • ရုတ်တရက် နှလုံးရပ်တာ နဲ့
  • နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး ပြဿနာ
  • GERD လို့ခေါ်တဲ့ အစာခြေအက်ဆစ်ရည် ပြန်ဆန်တက်တဲ့ ရောဂါ
  • နှလုံးခုန်နှုန်းစည်းချက် မမှန်တာ
  • စိတ်ဓာတ်ကျတာ
  • ခေါင်းကိုက်တာ
  • လိင်တံမထောင်မတ်နိုင်တာ
  • ကိုယ်ဝန်ဆောင်တွေမှာဆိုရင် သန္ဓေသားကို ထိခိုက်နိုင်တာပဲ ဖြစ်ပါတယ်။

ဟောက်တာက အသက်တိုစေနိုင်သလား

ဟောက်တာက ကျန်းမာရေးပြဿနာ ဆိုးဆိုးရွားရွား မရှိဘူးလို့ ယူဆစရာ အကြောင်းရှိပေမယ့် တကယ်ကတော့ ကျန်းမာရေး ပြဿနာတွေရဲ့ ရှေ့ပြေးလက္ခဏာဖြစ်နိုင်ပြီး ရေရှည်မှာ သေချာ ဂရုမစိုက်မိဘူးဆိုရင် အရွယ်မတိုင်ခင် သေဆုံးတာကို ဖြစ်စေနိုင်ပါတယ်။
အိပ်စက်ချိန်မှာ ဟောက်တာကြောင့် ပြည့်ဝတဲ့ အိပ်စက်ချိန်ကို မရရှိဘဲ နေ့အချိန်မှာ ပင်ပန်းလွယ်တာကို ခံစားရနိုင်သလို အားမရှိတာ၊ ခြေကုန်လက်ပမ်းကျတာ၊ ညဘက်မှာ အိပ်ရေးမဝတာကြောင့် မနက်လုပ်ငန်းခွင်မှာ ငိုက်တာ၊ မတော်တဆမှုတွေ ဖြစ်တာ အပါအဝင် အခြားသော ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ခြေ ရှိပါတယ်။

ဟောက်တာကို သက်သာအောင် ဘယ်လို လုပ်ရမလဲ

ဟောက်တာကကြောင့် အိပ်ရေးပျက်တာမျိုး မဖြစ်စေဖို့ဆိုရင်

  • နှာခေါင်းပိတ်တာ သက်သာစေဖို့ ဆေးသောက်တာ
  • အိပ်ရာမဝင်ခင် အရက် နဲ့ အိပ်ဆေးလိုမျိုး ဆေးဝါးတွေ သောက်သုံးတာမျိုး မလုပ်တာ
  • ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းတာ
  • တက်တက်ကြွကြွ နေတာ
  • လေ့ကျင့်ခန်း များများ လုပ်တာ
  • အိပ်တဲ့အခါ ဦးခေါင်းကို လက်မ နည်းနည်းလောက် မြင့်တဲ့ ခေါင်းအုံးနဲ့ အိပ်တာ
  • ပက်လက်မအိပ်ဘဲ ဘေးစောင်းအိပ်တာလိုမျိုး အလေ့အထလေးတွေ လုပ်ဆောင်ပေးဖို့ လိုပါမယ်။

အိပ်နေချိန်မှာ ဟောက်တာက အခုလို အကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်

ဟောက်တယ် ဆိုတာက လေတွေ ပါးစပ် နဲ့ နှာခေါင်းကို အလွယ်တကူ ဖြတ်သန်း မစီးဆင်းနိုင်တဲ့ အခြေအနေ တစ်ရပ်ပါ။ လေတွေက ပါးစပ်ထဲမှာ ရှိနေတဲ့ အာခေါင်ပျော့၊ နှာခေါင်း နဲ့ လည်ချောင်းတို့လိုမျိုး အစိတ်အပိုင်းတစ်ခုခုမှာ ဖြစ်နေတဲ့  ပိတ်ဆို့မှုကို အားနဲ့ ဖြတ်သန်းစီးဆင်းတဲ့ အခြေအနေ တစ်ရပ်မှာ ဖြစ်လာတဲ့ အနေအထားတစ်ရပ်ပါ။ တုန်ခါမှုလိုမျိုးပေါ့။ ဒီလို တုန်ခါမှုက ဟောက်သံကို ထွက်စေတာပါ။
ဟောက်တာက အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေရုံတင်မဟုတ်ဘဲ အိပ်ဟောက်အသက်ရှူရပ်ရောဂါလို့ ခေါ်တဲ့ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာကို ဖြစ်စေနိုင်သလို အခြားသော ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ခြေရှိတယ်ဆိုတဲ့ ရှေ့ပြေးလက္ခဏာတွေလည်း ဖြစ်နိုင်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement