backup og meta

အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ သက်သာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ သက်သာစေဖို့

    အိပ်- ဟောက် – အသက်ရှူပိတ် ရောဂါလို့ ခေါ်တဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်က အိပ်စက်မှုဆိုင်ရာ ကျန်းမာရေး ပြဿနာတစ်ရပ်လို့ ယူဆစရာ ရှိပေမယ့် အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့အထိ ပြင်းထန်ပါတယ်။

    အိပ်- ဟောက်- အသက်ရှူပိတ်ရောဂါက အသက်ရှူလမ်းကြောင်း အထက်ပိုင်း တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် လုံးဝပိတ်ဆို့သွားတဲ့ အခြေအနေပါ။ ဒီလို ပိတ်ဆို့သွားတက အိပ်နေစဉ်မှာ ခေတ္တခဏ အသက်ရှူရပ်သွားတာကို ဖြစ်စေပါတယ်။

    အကြောင်းကတော့ အိပ်နေစဉ်မှာ လည်ချောင်းအနောက်ဘက်က ကြွက်သားတွေ ပြေလျော့ပြီး လေပြွန်ကို ပိတ်ဆို့သွားတာပါ။

    ဒီတစ်ခေါက်တော့ ပြင်းထန်လာရင် အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ သက်သာစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

    အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ သက်သာစေဖို့

    အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ သက်သာစေဖို့

    • လည်ပင်းလေ့ကျင့်ခန်း လုပ်ပါ

    နှာခေါင်းကနေ လေကောင်းကောင်းစီးဆင်းနိုင်စေဖို့ ဘောလုံးမှုတ်တာလိုမျိုး အသက်ကို ပြင်းပြင်းရှူသွင်း ရှူထုတ်လုပ်ရတဲ့ လည်ပင်းလေ့ကျင့်ခန်း လုပ်ဆောင်ပေးဖို့ လိုပါမယ်။

    တစ်နေ့ကို ၅ ကြိမ်လောက် အသက်ရှူတဲ့ လည်ပင်းလေ့ကျင့်ခန်း လုပ်ပေးတာက လေစီးဆင်းမှုကို တိုးတက်စေပြီး အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါကို သက်သာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

    • ပျားရည်

    အိပ်ရာမဝင်ခင် ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာ သောက်ပေးတာက အိပ်ပျော်စေပြီး လည်ချောင်းအတွင်းနံရံတွေကို အရောင်ကျစေနိုင်သလို  အိပ်တဲ့အခါ မဟောက်အောင် ထောက်ကူပေးနိုင်ပါတယ်။

    ဒါက လည်ချောင်း တစ်ရှူးရောင်ရမ်းတာကြောင့် ဟောက်တတ်တဲ့ သူတွေမှာပဲ အသုံးဝင်တာပါ။ အိပ်ရာမဝင်ခင်မှာ ရေနွေးနွေး တစ်ခွက်စာထဲကို ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ထည့်မွှေပြီး သောက်ပေးပါ။

    • ကိုယ်အလေးချိန် ထိန်းပါ

    ဝတဲ့သူတိုင်း အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ ဖြစ်တာ မဟုတ်ပေမယ့် အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ ဖြစ်တဲ့သူအများစုက အဝလွန်နေပါတယ်။ ဒါကြောင့် အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါကို သက်သာစေဖို့ဆိုရင် ကိုယ်အလေးချိန်ကို လျှော့ချဖို့ လိုပါမယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ရရှိအောင် ထိန်းထားဖို့ လိုပါမယ်။

    အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါရှိသူတွေ သတိထားရမယ့် စားသောက်မှုပုံစံ

    • ဦးခေါင်းကို မြှင့်အိပ်ပါ

    အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ လက္ခဏာကို သက်သာစေဖို့ဆိုရင် ညဘက် အိပ်တဲ့ ဦးခေါင်းကို ခပ်မြင့်မြင့် ထားပေးပါ။ ခေါင်းကို မြင့်မြင့်ထားတာက အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါကို သက်သာစေပြီး အောက်ဆီဂျင် ပိုမို ရရှိစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    • ပက်လက်မအိပ်ပါနဲ့

    ပက်လက်အိပ်တာက အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါကို ပိုဆိုးစေတဲ့ အကြောင်းအရင်းတစ်ခုပါ။ ဒါကြောင့် အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါကို သက်သာစေဖို့ဆိုရင် ဘေးစောင်းအိပ်ပါ။ ဘေးစောင်းအိပ်တာက သက်သာစေပါတယ်။

    • ယောဂ လေ့ကျင့်ခန်း လုပ်ပါ

    ယောဂ လေ့ကျင့်ခန်း လုပ်တာက ကြွက်သားတွေကို ပြေလျော့စေပြီး အိပ်ပျော်စေပါတယ်။ ယောဂ ပုံမှန် လုပ်တာက အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါကို သက်သာစေဖို့ ထောက်ကူပေးနိုင်တာကြောင့် တစ်နေ့ကို ယောဂ လေ့ကျင့်ခန်း မိနစ် ၃၀ လောက် လုပ်ပေးပါ။

    • အစိုဓာတ် ထိန်းစက် ဖွင့်ပေးပါ

    အိပ်နေစဉ် အိပ်ရာဘေးမှာ အစိုဓာတ်ထိန်းစက် ဖွင့်ပေးတာက အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် နှာခေါင်းပိတ်တာကို သက်သာစေပြီး အသက်ရှူလမ်းကြောင်းကို ကျန်းမာစေပါတယ်။

    • ဆေးလိပ် နဲ့ အရက်လျှော့ပါ

    ဆေးလိပ် သောက်သုံးတာ အရက် သောက်သုံးတာတွေက အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါရှိမယ်ဆိုရင် ဆေးလိပ်ဖြတ်ပါ။ အရက်ဖြတ်ပါ။ မဖြတ်နိုင်ရင် လျှော့သောက်ပါ။

    သတင်းစကား

    အခုပြောပြခဲ့တဲ့ နေထိုင်မှုပုံစံကို လိုက်နာပေးတာက အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အိပ်-ဟောက်-အသက်ရှူပိတ်ရောဂါက တခြား အန္တရာယ်ရှိကျန်းမာရေးပြဿနာတွေနဲ့ ဆက်စပ်နေတာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ကိုလည်း အကြံပြုချင်ပါတယ်။

    # ညဘက်မှာ ကောင်းကောင်း အိပ်ပျော်စေဖို့

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement