backup og meta

အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါရှိသူတွေ သတိထားရမယ့် စားသောက်မှုပုံစံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါရှိသူတွေ သတိထားရမယ့် စားသောက်မှုပုံစံ

    အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ ဆိုတာကို အရင်က တော်တော်များများက သတိမထားမိပါဘူး။ များသောအားဖြင့် သိလိုက်ကြတာက အိပ်ရင် ဟောက်တတ်တယ်လို့ပဲပေါ့။ တကယ်တော့ အိပ်ရင်း ဟောက်နေရင်းက ရုတ်တရက် ခဏတာ အသက်ရှူ ပိတ်သွားတာမျိုးရှိပါတယ်။ ဒီအခြေအနေကို အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါလို့ ခေါ်တာပါ။

    အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါက အဝလွန်သူတွေမှာ အဖြစ်များသလို ကျန်းမာရေးပြဿနာတွေနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါတွေတင်လားဆိုတော့ မဟုတ်သေးပါဘူး။ စားလိုက်တဲ့ အစားအစာတွေကလည်း အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ အပေါ်မှာ သက်ရောက်မှု ရှိနေပါတယ်။

    ဒီတစ်ခေါက်တော့ အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါရှိသူတွေ သတိထားရမယ့် စားသောက်မှုပုံစံ အကြောင်းလေး ပြောပြပေးချင်ပါတယ်။

    အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါရှိသူတွေ သတိထားရမယ့် စားသောက်မှုပုံစံ

    ဝတဲ့ လူတိုင်းမှာ အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ မဖြစ်ပေမဲ့ အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါဖြစ်တဲ့သူ အများစုက အဝလွန်တဲ့သူတွေပါ။ ဒါကြောင့် အလွယ်ပြောရရင် အဝမလွန်အောင်  အစားအသောက်ကို သတိထား၊ ဝစေမဲ့ အစားအစာတွေကို ရှောင်လို့ ပြောချင်တာပါပဲ။

    • သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ

    သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေက အာဟာရတွေ ကြွယ်ဝသလို အမျှင်ဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အမျှင်ဓာတ်တွေက အဆာခံနိုင်စေပြီး အလွန်အကျွံ မစားမိအောင် ကာကွယ်ပေးနိုင်ပါတယ်။ အဝမလွန်အောင်လည်း ကာကွယ်ပြီးသား ဖြစ်ပါတယ်။

    • အဆီပါဝင်မှုနည်းတဲ့ နို့ထွက်ပစ္စည်းတွေ

    ဗီတာမင် D၊ ပရိုတင်း၊ ကယ်လ်ဆီယမ်တို့ ကြွယ်ဝစွာပါဝင်နေတဲ့ အဆီထုတ်ထားတဲ့ နို့ ဒါမှမဟုတ် အဆီပါဝင်မှု နည်းတဲ့ နို့ထွက်ပစ္စည်းတွေက အဆာခံနိုင်စေပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရအောင် ထိန်းညှိပေးသလို အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ မဖြစ်အောင် ကာကွယ်ပေးပြီး ကိုယ်အလေးချိန် ထိန်းညှိခြင်းအားဖြင့် သက်သာလာစေဖို့လည်း ထောက်ကူပေးပါတယ်။

    • အပင်အခြေခံ စားသုံးဆီ

    အဝလွန်တာကို အကြောင်းအရင်း တစ်ချက်က ပြည့်ဝဆီတွေပါ။ တိရစ္ဆာန်ကနေ ရတဲ့ အဆီတွေပေါ့။ ဒါကြောင့် စားသုံးဆီ ရွေးတဲ့အခါ အပင်ကနေ အခြေခံပြီး ထုတ်ထားတဲ့ မပြည့်ဝဆီတွေကို ရွေးချယ်ဖို့ လိုပါမယ်။ ဥပမာ – နေကြာဆီ၊ သံလွင်ဆီ၊ နှမ်းကြတ်စေ့ဆီ၊ ကာနိုလာဆီ၊ ပဲပိစပ်ဆီ စတာတွေပါ။

    • နှံစားသီးနှံတွေ 

    နှံစားသီးနှံတွေကလည်း သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေလိုပါပဲ အမျှင်ဓာတ် ကြွယ်ဝသလို အာဟာရလည်း ကြွယ်ဝပါတယ်။ အမျှင်ဓာတ် ကြွယ်ဝတာကြောင့် အဆာခံနိုင်စေပြီး အလွန်အကျွံ စားမိတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါကြောင့် ဂျုံကြမ်းပေါင်မုန့်၊ အုတ်ဂျုံ၊ ဆန်လုံးညို စတာတွေကို စားသုံးပေးပါ။

    အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါရှိသူတွေ သတိထားရမယ့် စားသောက်မှုပုံစံ

    အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါရှိရင် ဒါတွေရှောင်ပါ

    အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါရှိသူတွေ အနေနဲ့ နေ့စဉ် စားသုံးမှုမှာ ဒါတွေ မပါအောင် ဂရုစိုက် စားသုံးဖို့ လိုပါမယ်။

  • ငှက်ပျောသီး
  • ငှက်ပျောသီးက ကျန်တဲ့အချိန်မှာ စားလို့ရပါတယ်။ အိပ်ခါနီးမှာတော့ စားတာရှောင်သင့်ပါတယ်။ အထူးသဖြင့် အမှည့်လွန်တဲ့ အသီးတွေပါ။ လည်ချောင်းထဲမှာ အချွဲဖြစ်စေတာကြောင့် အိမ်နေတုန်း ဟောက်နိုင်ခြေရှိပါတယ်။

    • အဆီများတဲ့ နို့ထွက်ပစ္စည်းတွေ

    အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေက စားသင့်တယ်ဆိုပေမယ့် အဆီများတဲ့ နို့ထွက်ပစ္စည်းတွေကိုတော့ ရှောင်ဖို့ လိုပါမယ်။ အကြောင်းအရင်းကတော့ ရှင်းပါတယ်။ အဆီများတာက အဝလွန်စေနိုင်ပြီး အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ ဖြစ်နိုင်ခြေ တိုးစေသလို ပိုဆိုးနိုင်ခြေလည်း များစေပါတယ်။

    • အဆီများတဲ့ အသား

    အဆီများတဲ့ အသားတွေ အထူးသဖြင့် အမဲသား၊ ဝက်သားတွေက အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ ကို ပိုဆိုးစေနိုင်ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ကြက်သားကို ကြော်စားတာ၊ ငါးကို ကြော်စားတာကလည်း အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ ကို ပိုဆိုးစေနိုင်ပါတယ်။ အဓိကကတော့ အဆီများတဲ့ အစားအစာတွေကို ရှောင်ဖို့ပါပဲ။

    • သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်

    သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်နဲ့ လုပ်ထားတဲ့ အစားအစာတွေမှာ သကြား ပါဝင်မှုကလည်း များပါတယ်။ ဒီလို အချိုပါဝင်မှု များတာက အဝလွန်စေနိုင်ပြီး အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါ ဖြစ်နိုင်ခြေ များစေသလို အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ပေါင်မုန့်အဖြူလိုမျိုး အစားအစာတွေကို လျှော့စားပါ။

    သတင်းစကား

    အိပ်-ဟောက်- အသက်ရှူပိတ်ရောဂါက အသက်သေဆုံးသည်အထိ ပြင်းထန်နိုင်တာကြောင့် ကိုယ်အလေးချိန်ကို ထိန်းညှိတာ၊ အိပ်စက်မှုပုံစံပြောင်းတာ၊ စားသောက်မှုပုံစံတွေကို ဂရုစိုက်တာတွေ လုပ်ဆောင်ပြီး ကာကွယ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 03/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement