အေးဆေးငြိမ်သက်တဲ့နေရာမှာ ငြိမ်ငြိမ်လေးထိုင်လို့ ဝင်သက်ထွက်သက်မှတ်တာကလည်း စိတ်ခံစားမှုကို ကောင်းစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို ၁၅ မိနစ်လောက် ဝင်သက်ထွက်သက်မှတ်ပါ။
လေ့ကျင့်ခန်းလုပ်တာက ပျော်ရွှင်ခြင်း ဟော်မုန်းတွေကို ထွက်လာအောင် လှုံ့ဆော်ပေးလို့ စိတ်ဓာတ်ကျမှု ကင်းပြီး ပေါ့ပါးလန်းဆန်းနေစေမှာ အသေအချာပါ။ ဒါကြောင့် စိတ်လက်ပေါ့ပါးချင်တယ်ဆိုရင် တစ်နေ့တာရဲ့ မိနစ် ၃၀ ကနေ ၁ နာရီလောက်ကို ပုံမှန်လေ့ကျင့်ခန်း လုပ်ပါ။ Youtube ကနေကြည့်ပြိး အဆင်ပြေမယ့် လေ့ကျင့်ခန်းလေးတွေကို လုပ်ပေးလို့ရပါတယ်။
ပြည့်ဝတဲ့ အိပ်စက်ချိန်က စိတ်ဓာတ်မကျစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါလိမ့်မယ်။ ညနက်အထိ ဂိမ်းဆော့တာ၊ ဖုန်းသုံးတာ၊ ရုပ်ရှင်ကြည့်တာမျိုး မလုပ်ဘဲ ညဘတိုင်း အိပ်ရာစောစောဝင်လို့ အိပ်ရေး ဝဝအိပ်ပါ။
အစားအသောက်ကလည်း စိတ်အခြေအနေအပေါ် သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ကဖင်းတွေ အလွန်အကျွံသောက်သုံးတာ၊ ပြုပြင်ထားတဲ့ အစားအစာတွေကို အလွန်အကျွံစားတာမျိုး မလုပ်ပါနဲ့။
ကျန်းမာရေးနဲ့ညီညွတ်အောင် ချက်ပြုတ် စားသုံးပါ။ အရောင်အသွေး စုံလင်အောင်စားပါ။
အခုလို အိမ်မှာနေနေရတဲ့ကာလတွေကို အားလပ်ချိန်တွေလို့တွေးပြီး စာအုပ်ကောင်းလေးတွေကို ဖတ်ပါ။ စာဖတ်တာက စိတ်အာဟာရကို ဖြည့်ရာရောက်သလို အခြား အတွေးတွေမဝင်စေဖို့ အကောင်းဆုံး ကာကွယ်ပေးတာကြောင့် တစ်နေ့ကို ၁၅ မိနစ်ကနေစလို့ ကိုယ်နိုင်သလောက် စာဖတ်ပါ။
နေအိမ်မှာ နေရတယ်ဆိုပေမယ့် တစ်နေ့တာမှာ ရေချိုးတာ၊ ခေါင်းလျှော်တာ ကနေစလို့ ပုံမှန်လုပ်ဆောင်နေကျ တစ်ကိုယ်ရေ သန့်ရှင်းရေးကိစ္စတွေကို လုပ်ဆောင်ပေးပါ။ ဒါက စိတ်လက်ပေါ့ပါးလန်းဆန်းစေပြီး စိတ်ဓာတ်ကျတာကို ကာကွယ်ပေးနိုင်မှာပါ။
ကဲ…. စိတ်ဓာတ်ကျနေတယ်ဆို ဒီနည်းလေးတွေသုံးပြီး အခုပဲ စိတ်ဓာတ်ကိုမြှင့်တင်လိုက်ပါ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။