၃။ ကင်မ်ချီ
ကိုရီးယား ဒရာမာချစ်သူတွေအတွက်တော့ သတင်းကောင်းပါပဲ။ ကင်မ်ချီကလည်း စိတ်ဖိစီးမှု ကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်တဲ့။ ကင်မ်ချီထဲမှာပါဝင်တဲ့ မုန်လာဖြူ၊ ဂေါ်ဖီထုပ်တို့လို ဟင်းသီးဟင်းရွက်တွေနဲ့ အချဉ်ဖောက်ရာကနေ ရလာတဲ့ probiotics နဲ့ antioxidants တွေက စိတ်ဖိစီးမှု နဲ့ ပူပင်သောကတွေကို လျော့ပါးသက်သာစေတာပါ။
၄။ ကလီစာများ
ကြက်၊ ဝက်၊ အမဲ၊ ဆိတ်စတဲ့ တိရိစ္ဆာန်တွေရဲ့ ကလီစာတွေကို မှီဝဲစားသောက်တာကလည်း စိတ်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါတယ်တဲ့။ ကလီစာစားသုံးမှုဟာ အနောက်နိုင်ငံတွေမှာ သိပ်မတွင်ကျယ်ပေမယ့် အရှေ့တိုင်းမှာတော့ လူကြိုက်များလှပါတယ်။ ကလီစာတွေမှာပါဝင်တဲ့ ဗီတာမင် B အုပ်စုဝင်တွေ၊ riboflavin နဲ့ folate တို့လို ဓာတ်တွေက စိတ်ဖိစီးမှု ကို ထိမ်းချုပ်နိုင်စွမ်းရှိတဲ့ dopamine ထုတ်လုပ်ရာမှာ အရေးပါတဲ့ အာဟာရဓာတ်တွေဖြစ်ပါတယ်။
၅။ ဥအမျိုးမျိုး
အာဟာရဓာတ်အမျိုးမျိုးကြွယ်ကြွယ်ဝဝပါရှိနေတဲ့ ဥတွေကလည်း စိတ်ကျန်းမာရေးအတွက် အကောင်းဆုံး အစားအစာပါပဲ။ သူ့မှာပါဝင်နေတဲ့ အာဟာရဓာတ်အတော်များများက စိတ်ဖိစီးမှု ကို လျော့ပါးသက်သာစေအောင် ကူညီနိုင်ပါတယ်။
၆။ အခွံမာရှိသည့် ရေနေသတ္တဝါများ
ကမာတို့၊ ခရုတို့၊ ဂုံးတို့လို အခွံမာသတ္တဝါတွေရဲ့ အသားကလည်း စိတ်အားတက်ကြွမှုကို မြှင့်တင်ပေးနိုင်တာမို့ စိတ်ဖိစီးမှု ကို တိုက်ထုတ်နိုင်တယ်လို့ လေ့လာချက်တွေကဆိုကြပါတယ်။ အထူးသဖြင့် အခွံမာရေနေသတ္တဝါတွေမှာ ကြွယ်ဝစွာပါဝင်နေတဲ့ Taurine က ခုလို အကျိုးကျေးဇူးမျိုးရရှိအောင် ကူညီပေးတာပါ။

၇။ ပင်လယ်ငါးများ
omega-3 fats ပါဝင်နေတဲ့ ပင်လယ်ငါးတွေဟာ ဗီတာမင် D လည်း ကြွယ်ဝတာမို့ စိတ်ခံစားချက်ကောင်းမွန်စေတဲ့ အစားအစာတွေဖြစ်ပါတယ်။
၈။ ကြက်သွန်ဖြူ
Sulfur compounds ပါဝင်မှုများတဲ့ ကြက်သွန်ဖြူဟာ glutathione လယ်ဗယ်မြင့်မားလာအောင် ကူညီပေးပါတယ်။ အဆိုပါ antioxidant ဟာ စိတ်ဖိစီးမှု ကို ကာကွယ်ပေးတဲ့ ခန္ဓာကိုယ်ရဲ့ ရှေ့တန်းခံစစ်မှာ အရေးအကြီးဆုံး လိုအပ်ချက်ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။