backup og meta

အကြောင်းရင်းမရှိဘဲ ကြောက်ခြင်း။ သင့်မှာအကြောက်လွန်ရောဂါ ဖြစ်နေပြီလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အကြောင်းရင်းမရှိဘဲ ကြောက်ခြင်း။ သင့်မှာအကြောက်လွန်ရောဂါ ဖြစ်နေပြီလား။

    သင်ဟာ ရုတ်တရက်ကြောက်လန့်ခြင်းဖြစ်ပြီး ထိုကြောက်လန့်မှုကို မိနစ်ပေါင်းများစွာကြာသည်အထိ ခံစားရတာမျိုးဖြစ်ဖူးပါသလား။ ဒီအခြေအနေတွင် သင်ဟာ တခြားဘာကိုမှမစဉ်းစားနိုင်အောင် သို့ အလုပ်ဆက်မလုပ်နိုင်အောင် ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေကို အကြောက်လွန်ရောဂါလို့ ခေါ်တယ်။ အကြောက်လွန်ရောဂါအကြောင်းကို သင်ကြားဖူးလား။ ဆန်းစစ်ကြည့်ရအောင်။

    သင့်ရဲ့လက္ခဏာတွေကို ဆန်းစစ်ကြည့်ပါ။

    လူတော်တော်များများဟာ သူတို့ရဲ့ဘဝမှာ အကြောက်လွန်ခြင်းကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခံစားဖူးကြတယ်။ အကြောက်လွန်ခြင်းဟာ အလွန်ထိတ်လန့်စရာကောင်းပါတယ်။ အကြောက်လွန်နေချိန်တွင် သင်ဟာ ဘာကိုမှမတွေးနိုင်၊ အသက်မရှူနိုင်အောင် အသိစိတ်လွတ်နေတတ်တယ်။ အမှန်တကယ်အန္တရာယ်မရှိသော်လည်း အလွန်အမင်းစိတ်ပူနေတတ်တယ်။ စိတ်ဒဏ်ရာရစေတဲ့ စိတ်ဖိစီးမှု ကိုဖြစ်စေတဲ့ အဖြစ်အပျက်တွေကျော်လွန်သွားတဲ့အခါ ဒီလက္ခဏာတွေဟာ သက်သာသွားတတ်တယ်။

    တချို့လူတွေက အကြောက်လွန်ခြင်းကြောင့် နှလုံးရပ်သွားတဲ့အထိ ပြင်းပြင်းထန်ထန်ဖြစ်သွားတတ်ကြတယ်။

    အကယ်၍ သင့်မှာ အကြောက်လွန်ရောဂါရှိမယ်ဆိုရင် သင်ဟာဒီလက္ခဏာတွေကို ခံစားရနိုင်တယ်။

    • သင်ဟာ ရုတ်တရက် အကြောက်လွန်ခြင်းနှင့် စိုးရိမ်ပူပန်ခြင်းကို ထပ်ခါထပ်ခါ ခံစားရနိုင်တယ်။ ဒီခံစားချက်က အမြဲလွှမ်းမိုးနေတတ်တယ်။

    • တခါတလေ သင်ဟာ အသိစိတ်လွတ်သွားသလို ခံစားရတယ်။ အသေအလဲကြောက်ရွံ့နေတတ်တယ်။

    • အကြောက်လွန်နေစဉ်မှာ နှလုံးခုန်သံကျယ်ပြီး အရမ်းမြန်ခြင်း၊ ချွေးထွက်ခြင်း၊ ချမ်းစိမ့်နေခြင်း၊ တုန်နေခြင်း၊ အသက်ရှူရခက်ခြင်း၊ အားနည်းခြင်း သို့မဟုတ် မူးဝေခြင်း၊ လက်တွေထုံကျဉ်ခြင်း၊ ရင်ဘက်အောင့်ခြင်း၊ ဗိုက်အောင့်ခြင်း နှင့် ပျို့တက်ခြင်းတို့ကို ခံစားရနိုင်တယ်။

    • ဒီလိုမျိုး နောက်တစ်ကြိမ်ဖြစ်မှာကို စိတ်ပူပန်နေတတ်တယ်။

    • အရင်က အကြောက်လွန်ခြင်းကို ခံစားထားဖူးတဲ့ နေရာမှာ ဆက်မနေလိုတော့ဘူး။

    • သင့်ရဲ့အကြောက်လွန်ခြင်းဟာ အဲဒီ အရာဖြစ်တဲ့အချိန်မှာ သင်တွေးနေ လုပ်နေတာတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ထင်နေတတ်တယ်။

    အကြောက်လွန်ခြင်းကိုခံစားရတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေလည်း ဖြစ်ပေါ်တတ်တယ်။

    • နှလုံးခုန်မြန်လာမယ်။

    • ချွေးစီးတွေ ထွက်မယ်။

    • ချမ်းလွန်းပြီး အသက်ရှူရခက်မယ်။

    • ရင်ဘက်နှင့် ဗိုက်အောင့်မယ်။

    • အားနည်းမူးဝေသလို ခံစားရမယ်။

    • လက်တွေ ထုံနေမယ်။

    အကယ်၍ သင်ဟာ ကြောက်ရွံ့ခြင်းနှင့် စိတ်ပူပန်ခြင်းကို မကြာခဏခံစားရပြီး အကြောက်တရားက ဖုံးလွှမ်းနေလျှင် အကြောက်လွန်ရောဂါ ရနေတာဖြစ်တတ်တယ်။ ဒါပေမယ့် အကြောင်းပြချက်မရှိဘဲ ကြောက်တိုင်း အကြောက်လွန်ရောဂါ ရနေတာမဟုတ်ပါဘူး။

    အကြောက်လွန်ရောဂါကို ဘယ်လိုကုသမလဲ။

    အကြောက်လွန်ရောဂါဟာ ကုသလို့ရပါတယ်။ သင့်မှာ အကြောက်လွန်ရောဂါ ရှိနေတယ်လို့ ခံစားရလျှင် ဆရာဝန်နှင့် ပြသပါ။ စောစီးစွာကုသခြင်းက သင့်ကို ဒီအခြေအနေမှ ပြန်ကောင်းလာစေပြီး ရောဂါပိုဆိုးလာခြင်းမှလည်း ကာကွယ်ပေးပါလိမ့်မယ်။ ကုသနည်းတွင် စိတ်ရောဂါကုထုံးနှင့် ဆေးဝါးများပါဝင်ပါတယ်။ သင်ဟာ အကြောင်းပြချက်မရှိဘဲ ကြောက်ခြင်းကို ခံစားနေရပါက ဆရာဝန်ကိုပြောပြနိုင်ပါတယ်။ ဆရာဝန်မှ သင့်အားအကြောက်လွန်ရောဂါ ရှိ၊မရှိ ဆုံးဖြတ်ပေးပါလိမ့်မယ်။ ရောဂါရှိလျှင် ချက်ချင်းကုသမှု ခံယူပါ။ ရောဂါမရှိပါကလည်း ဆရာဝန်မှ သင့်အားရောဂါမဖြစ်စေရန် ကာကွယ်မှုပေးပါလိမ့်မယ်။

    သင့်ရဲ့ ဘဝနေထိုင်မှုပုံစံတွေကို ချိန်ဆနိုင်ကြောင်း သတိပြုပါ။ ကျန်းမာတဲ့ ဘဝနေထိုင်နည်းတွေက သင့်ကို အဆိုးမြင်တတ်တဲ့အတွေးအခေါ်တွေကင်းစေပြီး အကြောင်းရင်းမရှိဘဲ ကြောက်ခြင်းကို လျှော့ချပေးပါလိမ့်မယ်။ ကျန်းမာစေမယ့် အစားအစာကိုစားပါ၊ လေ့ကျင့်ခန်းလုပ်ပါ၊ လုံလောက်စွာ အိပ်ပါ၊ အကူအညီပေးနိုင်တဲ့ စိတ်ချရတဲ့ လူတွေနဲ့ စကားပြောပါ။ သင့်ဘဝတွင် စိတ်ဖိစီးစရာတွေကို ခွင့်မပြုပါနှင့်။

    သင်ဟာ တခါတလေမှာ စိုးရိမ်ပူပန်တာ၊ စိတ်ဓါတ်ကျတာ၊ တစ်စုံတစ်ခုကို ကြောက်လန့်တာတွေကို ခံစားရနိုင်တယ်။ ဒါဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် ဖြစ်ပြီး ဆေးကုသမှုမလိုအပ်ပါ။ ဒါပေမယ့် အကြောက်လွန်ရောဂါအဖြစ် ပြောင်းလဲသွားပြီး ကုသမှုမခံယူဘူးဆိုလျှင် သင့်အနေနဲ့ စိတ်ရောဂါပြဿနာကို ခံစားရပြီး သင့်အလုပ်၊ ကျောင်း နှင့် လူနေမှုဘဝတွေကိုပါ ထိခိုက်နိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Phyo Wai Yan မှ ရေးသားသည်။ · 03/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement