• ဒီလိုမျိုး နောက်တစ်ကြိမ်ဖြစ်မှာကို စိတ်ပူပန်နေတတ်တယ်။
• အရင်က အကြောက်လွန်ခြင်းကို ခံစားထားဖူးတဲ့ နေရာမှာ ဆက်မနေလိုတော့ဘူး။
• သင့်ရဲ့အကြောက်လွန်ခြင်းဟာ အဲဒီ အရာဖြစ်တဲ့အချိန်မှာ သင်တွေးနေ လုပ်နေတာတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ ထင်နေတတ်တယ်။
အကြောက်လွန်ခြင်းကိုခံစားရတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေလည်း ဖြစ်ပေါ်တတ်တယ်။
• နှလုံးခုန်မြန်လာမယ်။
• ချွေးစီးတွေ ထွက်မယ်။
• ချမ်းလွန်းပြီး အသက်ရှူရခက်မယ်။
• ရင်ဘက်နှင့် ဗိုက်အောင့်မယ်။
• အားနည်းမူးဝေသလို ခံစားရမယ်။
• လက်တွေ ထုံနေမယ်။
အကယ်၍ သင်ဟာ ကြောက်ရွံ့ခြင်းနှင့် စိတ်ပူပန်ခြင်းကို မကြာခဏခံစားရပြီး အကြောက်တရားက ဖုံးလွှမ်းနေလျှင် အကြောက်လွန်ရောဂါ ရနေတာဖြစ်တတ်တယ်။ ဒါပေမယ့် အကြောင်းပြချက်မရှိဘဲ ကြောက်တိုင်း အကြောက်လွန်ရောဂါ ရနေတာမဟုတ်ပါဘူး။
အကြောက်လွန်ရောဂါကို ဘယ်လိုကုသမလဲ။
အကြောက်လွန်ရောဂါဟာ ကုသလို့ရပါတယ်။ သင့်မှာ အကြောက်လွန်ရောဂါ ရှိနေတယ်လို့ ခံစားရလျှင် ဆရာဝန်နှင့် ပြသပါ။ စောစီးစွာကုသခြင်းက သင့်ကို ဒီအခြေအနေမှ ပြန်ကောင်းလာစေပြီး ရောဂါပိုဆိုးလာခြင်းမှလည်း ကာကွယ်ပေးပါလိမ့်မယ်။ ကုသနည်းတွင် စိတ်ရောဂါကုထုံးနှင့် ဆေးဝါးများပါဝင်ပါတယ်။ သင်ဟာ အကြောင်းပြချက်မရှိဘဲ ကြောက်ခြင်းကို ခံစားနေရပါက ဆရာဝန်ကိုပြောပြနိုင်ပါတယ်။ ဆရာဝန်မှ သင့်အားအကြောက်လွန်ရောဂါ ရှိ၊မရှိ ဆုံးဖြတ်ပေးပါလိမ့်မယ်။ ရောဂါရှိလျှင် ချက်ချင်းကုသမှု ခံယူပါ။ ရောဂါမရှိပါကလည်း ဆရာဝန်မှ သင့်အားရောဂါမဖြစ်စေရန် ကာကွယ်မှုပေးပါလိမ့်မယ်။
သင့်ရဲ့ ဘဝနေထိုင်မှုပုံစံတွေကို ချိန်ဆနိုင်ကြောင်း သတိပြုပါ။ ကျန်းမာတဲ့ ဘဝနေထိုင်နည်းတွေက သင့်ကို အဆိုးမြင်တတ်တဲ့အတွေးအခေါ်တွေကင်းစေပြီး အကြောင်းရင်းမရှိဘဲ ကြောက်ခြင်းကို လျှော့ချပေးပါလိမ့်မယ်။ ကျန်းမာစေမယ့် အစားအစာကိုစားပါ၊ လေ့ကျင့်ခန်းလုပ်ပါ၊ လုံလောက်စွာ အိပ်ပါ၊ အကူအညီပေးနိုင်တဲ့ စိတ်ချရတဲ့ လူတွေနဲ့ စကားပြောပါ။ သင့်ဘဝတွင် စိတ်ဖိစီးစရာတွေကို ခွင့်မပြုပါနှင့်။
သင်ဟာ တခါတလေမှာ စိုးရိမ်ပူပန်တာ၊ စိတ်ဓါတ်ကျတာ၊ တစ်စုံတစ်ခုကို ကြောက်လန့်တာတွေကို ခံစားရနိုင်တယ်။ ဒါဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် ဖြစ်ပြီး ဆေးကုသမှုမလိုအပ်ပါ။ ဒါပေမယ့် အကြောက်လွန်ရောဂါအဖြစ် ပြောင်းလဲသွားပြီး ကုသမှုမခံယူဘူးဆိုလျှင် သင့်အနေနဲ့ စိတ်ရောဂါပြဿနာကို ခံစားရပြီး သင့်အလုပ်၊ ကျောင်း နှင့် လူနေမှုဘဝတွေကိုပါ ထိခိုက်နိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။