စိတ်ဖိစီးမှုကြောင့် ဗိုက်အောင့်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

လေ့လာမှုတွေအရတော့ သင့်ရဲ့ခံစားမှုတွေဟာ သင့်ခန္ဓါကိုယ်အစိတ်ပိုင်းအားလုံးပေါ်သက်ရောက်နေတယ်လို့ ဆိုပါတယ်။ သင့်ရဲ့အစာခြေစနစ်လည်း အပါအဝင်ပေ့ါ။ စိတ်ဖိစီးမှုတွေခံစားနေရတယ်ဆိုရင် တုံ့ပြန်မှုတွေကလည်း တစ်ခါတလေမှာ တကယ်ကို ပြင်းထန်လှပါတယ်။ ဝမ်းဗိုက်ကို စူးစူးရှရှနာကျင်စေတာမျိုးဖြစ်စေပြီးတော့ပေါ့။ ဒါတွေဟာ အစာအိမ်နာခြင်း၊ အော်ကလီဆန်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းဗိုက်ဖောင်းနေသလိုခံစားရခြင်း၊ လေပွခြင်းနဲ့ ဝမ်းလျှောဝမ်းပျက်ခြင်းတွေကိုပါ ဖြစ်စေနိုင်ပါတယ်။

မကြာခဏ ဗိုက်အောင့်ခြင်းကို ခံစားနေရတယ်ဆိုရင် ဆရာဝန်ဆီသွားပြီးတော့ တိမ်မြှုပ်နေတဲ့ ကျန်းမာရေးဆိုင်ရာပြဿနာတွေရဲ့ လက္ခဏာတွေလားဆိုတာ စစ်ဆေးပါ။ တကယ်လို့ ဝမ်းဗိုက်နာကျင်ခြင်းကိုဖြစ်စေတဲ့ အခြားသောကျန်းမာရေးပြဿနာမရှိခဲ့ဘူးဆိုရင် သင်ကဖိအားတွေရဲ့တုံ့ပြန်မှုကို လေ့လာဆန်းစစ်ဖို့လိုနေပါပြီ။ သင့်ရဲ့နာကျင်မှုဟာ စိတ်ပူပန်နေလို့ဖြစ်တာ သေချာတယ်ဆိုရင် ထိန်းချုပ်နိုင်မယ့်နည်းလမ်းတွေတော့ရှိပါတယ်။
လူအများစုကတော့ ဆေးကုသမှုခံယူကြပါတယ်။ ဒါက ကောင်းသောရွေးချယ်မှုတစ်ခုပါ။ ဒါပေမယ့် မလုံလောက်သေးပါဘူး။ တကယ်တမ်းတော့ စိတ်ဖိစီးမှုတွေကိုဘယ်လိုထိန်းချုပ်မလဲဆိုတာ သင်ကိုယ်တိုင် လေ့လာသင်ယူရမှာပါ။ ခံစားချက်တွေ သက်သာသွားစေနိုင်မယ့် အချက်အနည်းငယ်ကိုဖော်ပြပေးထားပါတယ်။

• အသက်ပြင်းပြင်းရှူသွင်းပါ။ ဖြည်းဖြည်းချင်း ပြန်ရှူထုတ်ပါ။ တည်ငြိမ်သွားတဲ့အထိလုပ်ပါ။
• လေ့ကျင့်ခန်းလုပ်ပါ သို့မဟုတ် တရားထိုင်ပါ။
• အာရုံလွှဲဖို့ စိတ်ချမ်းသာမယ့်အရာတစ်ခုခုလုပ်ပါ။
• မိသားစု သို့မဟုတ် သူငယ်ချင်းတွေနဲ့စကားပြောပါ။
• ပြဿနာတွေကိုတစ်ဆင့်ပြီးတစ်ဆင့်ဘယ်လိုဖြေရှင်းရမလဲဆိုတာ အစီအစဉ်ဆွဲပါ။
• ကျန်းမာရေးနဲ့ညီညွတ်စွာစားသောက်တဲ့အလေ့အထကို မွေးပါ။
• များများအနားယူပါ။

နာကျင်မှုကိုခံစားနေရတယ်ဆိုရင် သက်သာသွားစေမယ့်နည်းလမ်းတွေကတော့
• ရေဓါတ်ပြည့်ဝနေပါစေ။ အထူးသဖြင့် နာကျင်မှုက သင့်ကိုအော့အန်စေတယ်ဆိုရင်ပေါ့။
• ပူတီနာ သို့မဟုတ် ချင်းလက်ဖက်ရည်လိုမျိုး နာကျင်မှုကိုသက်သာစေမယ့် အိမ်တွင်းကုထုံးတွေကိုအသုံးပြုပါ။
• အခြေအနေပိုပြီးဆိုးလာရင်ဆေးသောက်ပါ။ ဒါပေမယ့် ဆရာဝန်နဲ့အရင်ဆွေးနွေးပါဦး
• ဆေးလိပ် သို့မဟုတ် ရေမွှေးတို့လို အနံ့ပြင်းတဲ့အရာတွေနဲ့ ဝေးဝေးနေပါ။ ဒါတွေက အစာအိမ်ကိုပိုပြီးဆိုးလာစေတယ်လေ။

အခြားတစ်ဘက်မှာတော့ ဘယ်အချိန်မှာ ဆရာဝန်ဆီသွားရမလဲဆိုတာ သင်သိဖို့လိုပါတယ်။ သင့်မှာ အကြောင်းပြချက်မရှိဘဲ ၂ပတ်နဲ့အထက် ဗိုက်နာတာမပျောက်သေးဘဲ အခြားရောဂါတွေရဲ့လက္ခဏာတွေလည်း ဘာမှမပြဘူးဆိုရင် ဆေးရုံသွားပြီးစစ်ဆေးတာက လုပ်ကိုလုပ်ရမယ့်အလုပ်ပါ။
စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ဗိုက်နာခြင်းဟာ အတော်ကိုအနှောက်အယှက်ဖြစ်စရာပါပဲ။ ကံကောင်းတာတစ်ခုက သူတို့တွေဟာအများအားဖြင့် ကုသဖို့မလိုပါဘူး။ ပျောက်ကင်းနိုင်တဲ့နည်းလမ်းက သင့်ရဲ့ဘဝနေထိုင်မှုပုံစံထဲမှာပဲရှိပါတယ်။ စိတ်ဖိစီးမှုတွေကို ကောင်းကောင်းရင်ဆိုင်နိုင်ပြီဆိုရင်တော့ ဗိုက်နာနိုင်ချေလည်း နည်းသွားနိုင်ပါတယ်။ စိတ်ဖိစီးမှုဖြစ်စေတဲ့ အဓိကအကြောင်းရင်းနဲ့ ဖြစ်နိုင်ရင်အဲ့ဒီအရာကိုရှောင်ရှားနိုင်ဖို့လည်း သင်လေ့လာသင်ယူနိုင်ပါသေးတယ်။ ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲလိုက်ခြင်းက စိတ်ဖိစီးမှုနည်းတဲ့လူနေမှုဘဝမှာနေထိုင်နိုင်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

    Psywar တွေက ကြောက်ဖို့ ကောင်းတာ မှန်ပေမယ့် လက်ခံတဲ့သူပေါ် မူတည်ပါတယ်။ လက်ခံတဲ့သူက ပါးနပ်ရင် ပါးနပ်သလောက် Psywarတွေကို ကျော်ဖြတ်နိုင်ပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win

    ကပ်ဘေးကာလ မှာ စိတ်ဒုက္ခနည်းစေဖို့

    ကပ်ဘေးကာလ မှာ သူသူကိုယ်ကိုယ် စိတ်ရော ကိုယ်ပါ ထိခိုက်နေမှာပါ။ ဒါပေမယ့် ရေရှည်တိုက်ပွဲဖြစ်တာကြောင့် စိတ်ရော ကိုယ်ရော ကြံ့ကြံ့ခိုင် နေဖို့ လိုပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win

    စိုးရိမ်ပူပန်မှု တွေက ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေနိုင်သလဲ။

    စိုးရိမ်ပူပန်မှု တွေက ကျွန်တော်တို့ ကိုယ်ထဲကို မသိလိုက်တဲ့ အချိန်မှာ ဝင်ရောက်လာပြီး တအိအိနဲ့ နေရာဝင်ယူသွားပါတယ်။ နာတာရှည်ရောဂါလို ဒုက္ခလှည့်ပေးတော့မှာပါ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win

    စိတ်ဖိစီးမှု တွေကြားမှာ ဘယ်လိုပျော်အောင် အိပ်ကြမလဲ။

    စိတ်ဖိစီးမှု တွေကြောင့် အိပ်ဖို့ခက်တာက လူတိုင်း ကြုံရတဲ့ ကိစ္စပါ။ ဒါပေမယ့် အားတင်းပြီး အိပ်ပျော်အောင် အိပ်ဖို့၊ ကျန်းမာရေး ဂရုစိုက်ဖို့ အကြံပြုချင်ပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win

    သင့်အတွက် ရွေးချယ်ထားသည်

    sleep-benefits-health ပင်ပန်းလာရင် အိပ်

    ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
    how-this-empath-copes-with-shocking-events မျှဝေခံစားလိုစိတ်

    အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 2 mins read
    စိတ်ဖိစီးလွန်း ရင် ရာသီထိမ် တတ်သလား။

    စိတ်ဖိစီးလွန်းလို့ ရာသီထိမ် နေတာလား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
    တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

    တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read