စိတ်ဓါတ်ကျခြင်းကို ဘယ်လိုဖြေရှင်းမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 14, 2019 . 2 mins read
Share now

စိတ်ဓါတ်ကျခြင်းသည် တွေးခေါ်မှုနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများကိုထိခိုက်နိုင်သည့် ခံစားမှုပိုင်းဆိုင်ရာပြဿနာတစ်ခုဖြစ်သည်။ အခြားသူများနှင့် ပညာရှင်များထံမှ အကူအညီယူရန်လည်း ခက်ခဲနေပါလိမ့်မည်။ အောက်ဖော်ပြပါတို့သည် စိတ်ဓါတ်ကျခြင်းကိုကုသရာတွင် အကျိုးသက်ရောက်ပြီး စိတ်ချရသည့် ကူညီနိုင်မည့်အရာများဖြစ်သည်။

တက်တက်ကြွကြွနေပါ။

သင်တင့်သောအားကစားပြုလုပ်ခြင်းသည် သင့်ကျန်းမာရေးကိုကောင်းမွန်စေသည်။ သင်စိတ်ဓါတ်ကျနေလျှင် သင်အရင်တုန်းက နှစ်သက်ခဲ့သော အားကစားနည်းများကို ပြုလုပ်ချင်မည် မဟုတ်ပေ။ စိတ်ထဲတွင် ဘာအားကစားကို မျှမနှစ်သက်ဟုစိတ်ထဲတွင် တွေးနေလိမ့်မည်။ သို့သော် အားကစားနည်းများကို နှစ်သက်လာအောင် တစ်ဖြည်းဖြည်းချင်းပြုလုပ်နိုင်ပါသည်။
• သင်စိတ်ဓါတ်မကျခင်တွင် ကြိုက်နှစ်သက်ခဲ့သောကိုယ်လက်လှုပ်ရှားမှုနည်းများကိုရေးချပါ။ သင်၎င်းတို့ကို ပြန်လည်နှစ်သက်မည်ဟုထင်ပါသလား။
• တစ်နေ့လျှင် ကိုယ်လက်လှုပ်ရှားမှုတစ်ခုပြုလုပ်နိုင်ပြီးအချိန်ကြာလာသည်နှင့်အမျှ တစ်ဖြည်းဖြည်းခြင်းတိုးလာနိုင်သည်။
• သင်ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပြီးလျှင် သင်ဘယ်အချက်တွေကြိုက်ကြောင်းကိုအခြားသူများကိုပြောပြခြင်း(သို့) ရေးချခြင်းတို့ ပြုလုပ်ပါ။ သင်အခြားသူများနှင့် ပျော်ရွှင်မှုကို ဝေမျှနိုင်သည်။
တက်တက်ကြွကြွသာနေပါ။ စိတ်ပိုင်းဆိုင်ရာသာမက ရုပ်ပိုင်းဆိုင်ရာပါ တိုးတက်လာပါလိမ့်မည်။

အကောင်းမြင်ပါ။

သင်စိတ်ဓါတ်ကျနေသည့်အခါ အဆိုးများကိုသာတွေးနေတတ်သည်။ ထိုသို့အဆိုးများကိုသာတွေးနေခြင်းကသင့်စိတ်ဓါတ်ကျခြင်းကိုပို၍ဆိုးလာနိုင်ပြီးစိတ်ခံစားမှုဆိုင်ရာများပါ ပို၍ဆိုးရွားလာသည်များဖြစ်နိုင်သည်။ အောက်ပါအချက်များသည် သင့်အားအကောင်းမြင်ရန် ကူညီပေးနိုင်ပါသည်။
• ဘာတွေကိုမကောင်းမြင်နေသလဲဆိုသည်ကိုရှာဖွေပါ။ သင်၏အလုပ်၊ လေ့လာသင်ယူမှု (သို့) နေ့စဉ်ဘဝနေထိုင်မှုများတွင် ရှာဖွေနိုင်သည်။ ၎င်းတို့ကို ဖြေရှင်းရန် နည်းလမ်းရှာဖွေပါ။
• သင့်၏ အတွေးများကိုစီစစ်ပါ။ ခဏလောက်ရပ်၍ သင်အတွေးများကိုဆန်းစစ်ပါ။ သင်တွေးတောနေသောအရာအများစုမှာမကောင်းခြင်းများဖြစ်နေလျှင် ချက်ချင်းရပ်၍ အကောင်းမြင်နိုင်အောင်ကြိုးစားပါ။
• ပြုံးပါ။ သင်ဘဝဇာတ်ခုံထဲတွင် ဟာသများနှင့် ရယ်ရွှင်စရာများတွေ့နိုင်၊ ကြည့်နိုင်မည်ဖြစ်သည်။ ၎င်းတို့ကို သင်ကိုပို၍ပြုံးပျော်နိုင်အောင် လုပ်ပေးနိုင်သည်။
• အကောင်းမြင်သူများနှင့် နေထိုင်ပါ။ စိတ်ကူးများသည် ကူးစက်ပြန့်ပွားနိုင်သည်ကိုသတိရပါ။ အခြားသူများ၏ အတွေးများသည် သင့်အပေါ် သက်ရောက်စေနိုင်သည်။

ရည်မှန်းချက်ထားပါ။

စိတ်ဓါတ်ကျနေလျှင် သင်ဘာမှမလုပ်နိုင်ဟု တွေးထင်နေပေလိမ့်မည်။ သင့်ကိုယ်သင် အသုံးမဝင်ဟုထင်မြင်နိုင်သည်။ မည်သူမျှအသုံးမဝင်ဆိုသည်မရှိ ဆိုသည်ကိုသတိရပါ။ ဤအခြေအနေကိုနေ့စဉ်ရည်မှန်းချက်များထား၍ မြှင့်တင်နိုင်သည်။ ရည်မှန်းချက်အသေးများဖြင့် စပါ။ နောက်တွင် ကြီးမားသောရည်မှန်းချက်များ ထပ်တိုးနိုင်ပါသည်။

အိပ်ခြင်း
စိတ်ဓါတ်ကျခြင်းသည် သင်၏ အိပ်စက်ခြင်းကို သက်ရောက်စေနိုင်သည်။ ကောင်းမွန်သောအိပ်စက်အနားယူခြင်းဖြင့် သင့်စိတ်ကျန်းမာရေးကိုထိန်းသိမ်းပါ။
• နေ့စဉ်နေ့တိုင်း အိပ်ရာစောစောဝင်ပြီး၊ စောစောထပါ။
• သင်အိပ်ရာမဝင်ခင် ၃၀မိနစ်လောက်ကပင် အိမ်စာများလုပ်ခြင်းနှင့် အလုပ်များလုပ်ခြင်းကိုရပ်နားပေးပါ။ ၎င်းသည် သင့်ကိုအနားပိုရစေပြီးအလုပ်လုပ်နေခြင်းမှ အိပ်ပျော်ခြင်းသို့ကောင်းစွာပြောင်းလဲပေးနိုင်သည်။
• ကော်ဖီ(သို့) အရက်များကို မသောက်ပါနှင့်။ ၎င်းတို့သည် သင့်အိပ်စက်ခြင်းကို နှောင့်ယှက်နိုင်သည်။ နွားနို့ပူပူလေးတစ်ခွက်တော့ သောက်နိုင်သည်။ သက်တောင့်သက်သာရှိသော အဝတ်များ၊ ခေါင်းအုံးများ၊ စောင်များစီစဉ်ပါ။ ၎င်းတို့သည် သင့်အားကောင်းစွာအိပ်စက် အနားယူနိုင်ရန် ကောင်းစွာအထောက်အပံ့ပေးနိုင်သည်။

စိတ်ဓါတ်ကျခြင်းသည် ဆိုးရွားသောခံစားမှုပိုင်းဆိုင်ရာ ပြဿနာဖြစ်သော်လည်း အခြေအနေများကို ထိန်းညှိနိုင်ရန် ကုသမှုနည်းလမ်းများလည်း ရှိနေပြီဖြစ်သည်။ အထက်တွင်ဖော်ပြထားသော အရာတို့သည် သင်၏စိတ်ဓါတ်ကျခြင်းကို ဖြေရှင်းရာတွင် ကူညီပေးနိုင်မည့် အချက်များဖြစ်သည်။ ၎င်းတို့ကို ကြိုးစားလုပ်ဆောင်ကြည့်ပါ။ အကျိုးသက်ရောက်မှုများကိုတွေ့ရမည်ဖြစ်သည်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    လုံခြုံစိတ်ချရသော ယာဉ်မောင်းလမ်းညွှန် ၅ ချက်

    သင်ဟာ အရောင်းစာရေး (သို့) ကုန်တင်ကားမောင်းသူဖြစ်နေရင်တောင် အလုပ်ကိုနေ့တိုင်း ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe
    ရေးသားသူ Dr . Phyu Mon Latt

    အသက် ၂၀ ကျော် ၃၀ ကြား ဘဝအခက်အခဲများ ဘယ်လိုကျော်ဖြတ်မလဲ

    သင်ဟာ ငယ်ရွယ်တယ်၊ အကြမ်းခံနိုင်တယ်၊ လွတ်လပ်တယ်။ ဒါတွေကြောင့် အသက် ၂၀ကနေ ၃၀ကြားဟာ ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe
    ရေးသားသူ Dr . Phyu Mon Latt
    စိတ်ကျန်းမာရေး ဇူလိုင် 9, 2017 . 2 mins read

    အာရုံစူးစိုက်မှုကို တိုးတက်စေမယ့် နည်းလမ်း ၁၂ခု

    အာရုံစူးစိုက်နိုင်မှုဟာသင့်ဘဝအောင်မြင်မှု ရရှိဖို့ မရှိမဖြစ်ပါ။ တစ်ကယ်လို့ ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe
    ရေးသားသူ Dr . Phyu Mon Latt
    စိတ်ကျန်းမာရေး ဇူလိုင် 9, 2017 . 2 mins read

    လုပ်ငန်းခွင်စိတ်ဖိစီးမှု-ရောဂါလက္ခဏာများ

    လုပ်ငန်းခွင်တွင်း တွေ့ကြုံရသော စိတ်ဖိစီးမှုသည် လုပ်ငန်းလိုအပ်ချက်က လုပ်သားများ၏စွမ်းရည်နှင့် ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Ye Pyae Hein
    စိတ်ကျန်းမာရေး ဇူလိုင် 9, 2017 . 2 mins read

    သင့်အတွက် ရွေးချယ်ထားသည်

    စိတ်ခံစားချက်တွေနဲ့သဟဇာတဖြစ်အာင်ဘယ်လိုနေထိုင်မလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr . Phyu Mon Latt
    ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 31, 2017 . 2 mins read

    ရုပ်ရှင်တွေဟာ သင့်ရဲ့ စိတ်ခံစားချက်အပေါ်ဘယ်လိုတွေ သက်ရောက်မှု ရှိနိုင်သလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 25, 2017 . 2 mins read

    စိတ်တွင်းပဋိပက္ခတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 25, 2017 . 3 mins read

    စိုးရိမ်ပူပန်မှုတွေကို ဘယ်လိုထိန်းချုပ်မလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 25, 2017 . 2 mins read