အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေရဲ့ ဘဝတလျှောက်မှာ ဂရုစိုက်ရမယ့် ကျန်းမာရေး ပြဿနာတွေ အများကြီး ကြုံတွေ့နိုင်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေကို ဘယ်လိုဖြေရှင်းသင့်သလဲဆိုတာကို ကျွမ်းကျင်ပညာရှင်တွေက ဒီမှာ အကြံပေးထးပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသမီးကျန်းမာရေးပြဿနာများ

လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ!

ရေချိုးဖို့ လုပ်ရင်းဖြစ်ဖြစ်၊ ရေအိမ်သွားရင်းဖြစ်ဖြစ် ရုတ်တရက်ကြည့်လိုက်ချိန်မှာ ဆီးခုံမွေးတွေ ဖြူနေတာ တွေ့လို့ လန့်များသွားပြီလား! ငါများ အရမ်းအိုနေပြီလား! ဘာကြောင့်များ ဆီးခုံမွေးတွေ ဖြူလာရတာလဲဆိုပြီး စဉ်းစားရခက်နေပြီဆိုရင်တော့ ဒီစာလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ ကဲ …. လေဒီလေးတွေမှာ ဆီးခုံမွေးတွေ ဖြူလာရတာ ဘာကြောင့်များဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လား! ဆီးခုံမွေးတွေရဲ့ မွေးညှင်းပေါက်တွေမှာလည်း ဆံသားရဲ့ အမွေးအိတ်လေးတွေလိုပဲ ရောင်ခြယ်ပစ္စည်းလေးတွေ ရှိပါတယ်။ အသက်အရွယ် ရလာချိန်မှာ မွေးညှင်းအိတ်ထဲက ရောင်ခြယ် ပစ္စည်းလေးတွေ လျော့နည်းလာတာကြောင့် ဆီးခုံမွေးတွေက အရောင်ပြောင်းလာတာ၊ ဖြူလာတာမျိုးတွေ ရှိလာတာပါ။  ဒီလိုဆိုတာနဲ့ ဆီးခုံမွေးတွေ ဖြူလာတာက အသက်ကြီးလာလို့လားဆိုတော့ မဟုတ်ပါဘူး။ အရွယ်မတိုင်ခင် ဖြူတာလိုမျိုးလည်း ဖြစ်နိုင်တာပေါ့။ အသက်ကြီးလာမှ ဆီးခုံမွေးဖြူတာ မဟုတ်ဘဲ အခြားသော အကြောင်းအရင်းတွေကြောင့်လည်း ဆီးခုံမွေးတွေ […]

အမျိုးသမီးကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အမျိုးသမီးကျန်းမာရေးပြဿနာများ

အဝလွန်တဲ့ အမျိုးသမီးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ

လူတစ်ယောက်မှာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာက ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ အဝလွန်တာက အမျိုးသားတွေမှာ ဖြစ်ဖြစ် အမျိုးသမီးတွေမှာဖြစ်ဖြစ် ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ အဝလွန်တယ်ဆိုတာက ပုံမှန် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာပါ။ တိတိကျကျ ပြောပြရမယ်ဆိုရင် အဝလွန်တယ်ဆိုတာက BMI တွက်ချက်မှု ရလဒ်မှာ ၃၀ ကျော်နေတာကို အဝလွန်တယ်လို့ သတ်မှတ်ပါတယ်။ ဒီတစ်ခေါက်တော့ အဝလွန်တဲ့ အမျိုးသမီးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ အကြောင်း ပြောပြပေးချင်ပါတယ်။ အမျိုးသမီးတွေကို အဝလွန်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ! အဝလွန်တယ်ဆိုတာက များသောအားဖြင့်ကတော့ အစားစားတာ များပြီး လှုပ်ရှားမှု နည်းတာကြောင့်ပါ။ အထူးသဖြင့် အဆီအအိမ့် စားတာများတဲ့သူတွေမှာ အဝလွန်နိုင်ခြေက ပိုများပါတယ်။ အထိုင်များတာ၊ လှုပ်ရှားမှု နည်းတာတွေကို လုပ်ဆောင်နေရသူတွေမှာလည်း အဝလွန်နိုင်ခြေ များပါတယ်။ အမျိုးသမီးတွေမှာ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးတွေက အမျိုးသားတွေထက် အိပ်ချိန် ပိုမို လိုအပ်

အမျိုးသားတွေနဲ့ အမျိုးသမီးတွေမှာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက် ကွာခြားမှု ရှိတယ်ဆိုတာကို အားလုံးလိုလို သိထားပြီး ဖြစ်မှာပါ။ အခုလည်း လေ့လာတွေ့ရှိမှုတွေအရ သိရတာက အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ လိုအပ်ချက် ကွာခြားမှုတွေထဲမှာ အိပ်စက်ချိန်လည်း ပါဝင်နေတယ်ဆိုတာပါ။ ကျန်တဲ့ အချက်တွေကို သတိထားမိပေမယ့် တော်တော်များများက ဒီအချက်ကို သတိမထားမိပါဘူး။ ဒီတစ်ခေါက်တော့ အမျိုးသမီးတွေက အမျိုးသားတွေထက် အိပ်ချိန် ပိုမို လိုအပ် ရတဲ့ အကြောင်းအရင်းလေးကို ပြောပြပေးချင်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် အိပ်ချိန် ပိုမို လိုအပ် လေ့လာမှု ရလဒ်တွေအရ သိရတာက အမျိုးသားတွေထက် အမျိုးသမီးတွေက အိပ်ချိန် ပိုမို လိုအပ်ကြသလို အနားယူချိန် ပိုမိုရရှိဖို့လည်း လိုအပ်ကြပါတယ်။ Sleep Research Center at England’s Loughborough University လေ့လာမှုအရ သိရတာက […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

လေဒီလေးတွေ ထင်နေကြတဲ့ အမွေးရိတ်ရင် အမွေးအမျှင်ပိုထူလာမယ် ဆိုတာ တကယ်လား

လေဒီလေး တော်တော်များများက အမွေးရိတ်ရမှာကို ကြောက်ကြပါတယ်။ အကြောင်းကတော့ အမွေးရိတ်တာက အရေပြားကို မည်းစေတာမျိုး ဖြစ်စေသလို ပြန်ထွက်ရင်လည်း အမွေးကြမ်းတွေ ထွက်လာပြီး အမွေးတွေက ပိုထူလာတယ်ဆိုတဲ့ အတွေးကြောင့်ပါ။ ဒါက တကယ်ပဲလား.... အမွေးရိတ်ရင် အမွေးအမျှင်ပိုထူလာမယ် ဆိုတာ တကယ်လား ဆိုတာကို အဖြေထုတ်ကြည့်လိုက်ရအောင်နော်။ လေဒီလေးတွေ ထင်နေကြတဲ့ အမွေးရိတ်ရင် အမွေးအမျှင်ပိုထူလာမယ် ဆိုတာ တကယ်လား ခြေသလုံးမွေးတွေ၊ ချိုင်းမွေးတွေ၊ မျက်နှာပေါ်က အမွေးတွေကို ရိတ်မယ်လို့ စိတ်ကူးလိုက်တိုင်း စိတ်ထဲကို မေးခွန်းတွေ အများကြီး ရောက်လာတယ်ဟုတ်။ အမွေးရိတ်တာ ဘေးကင်းပါ့မလား ဆိုတာပါ။ အမွေးတွေများ ပိုထူလာမလားပေါ့။ ဒီလိုမျိုး စိုးရိမ်တာက ဖြစ်တတ်တဲ့ အနေအထား တစ်ခုပါ။ ဒါပေမယ့် ဒီစာကို ဖတ်ပြီး စိတ်ပူတာတွေကို ရပ်လိုက်ပါတော့လို့ ပြောချင်ပါတယ်။ အမွေးရိတ်ရင် အသားအရေ အရောင်ရင့်လာမှာလား […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်စေဖို့ လေဒီလေးတို့ မွေးမြူသင့်တဲ့ အလေ့အထလေးများ

လေဒီလေး တော်တော်များများ မေ့နေတတ်တဲ့ အရာတစ်ခု ရှိပါတယ်။ ဒါကတော့ ကိုယ့်ကိုယ်ကိုယ် ချစ်ဖို့ပါ။ လေဒီလေးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်မှ ယုံကြည်မှုပြည့်ဝပြီး တက်ကြွထက်မြက်တဲ့ လေဒီလေးတွေအဖြစ် လူအများအလယ်မှာ ရပ်တည်နိုင်မှာပါ။ ဒီတော့ ထက်မြက်တဲ့ လေဒီလေးတွေ ဖြစ်စေဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ချစ်တတ်စေဖို့ လေဒီလေးတို့ မွေးမြူသင့်တဲ့ အလေ့အထလေးများ အကြောင်း နည်းနည်းလောက် ဝေမျှပေးချင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်စေဖို့ လေဒီလေးတို့ မွေးမြူသင့်တဲ့ အလေ့အထလေးများ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်စေဖို့ လေဒီလေးတို့ မွေးမြူသင့်တဲ့ အလေ့အထလေးများ ကတော့ အခြားသူတွေနဲ့ နှိုင်းယှဉ်တာကို ရပ်လိုက်ပါ လေဒီလေးတွေကို စိတ်ပင်ပန်းစေပြီး ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်စေတဲ့ အရာက အခြားသူတွေနဲ့ နှိုင်းယှဉ်တာပါ။ ဒါက တော်တော်လေး အန္တရာယ်များပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အချိန်တွေကို အခြားသူတွေနဲ့ နှိုင်းယှဉ်နေရင်း ကုန်ဆုံးသွားတာမျိုး […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

လေဒီလေးတွေ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတဲ့ ရင်သားအလှထိခိုက်စေတဲ့ အလေ့အထများ

ရင်သား လှပမှုက အမျိုးသမီးတွေကို အလှတိုးစေတဲ့ အရာ တစ်ခုပါ။ ရင်သားတွေက နေရင်းထိုင်ရင်း လှတာတော့ မဟုတ်ပါဘူး။ ရင်သား လှပစေဖို့ လေ့ကျင့်ခန်းတွေ လုပ်ဆောင်ပေးလို့ ရသလို ရင်သားကို ထိခိုက်စေတာမျိုး ဖြစ်စေတဲ့ အလေ့အထတွေကို မလုပ်မိအောင် ဆင်ခြင်ပေးတာကလည်း ရင်သား အလှကို ထိန်းသိမ်းရာမှာ အထောက်အကူပေးနိုင်ပါတယ်။ ရင်သားတွေကို ဘာမှမလုပ်ဘဲ ရင်သားတွေက ဘာလို့ တွဲကျမှာလဲဆိုတော့  အသက်ကြီးလာလို့ ဖြစ်နိုင်သလို အချို့သော နေ့စဉ် လုပ်မိနေတဲ့ အမှုမဲ့ အမှတ်မဲ့ အလေ့အထလေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ လေဒီလေးတွေ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတဲ့ ရင်သားအလှထိခိုက်စေတဲ့ အလေ့အထများ က ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။ လေဒီလေးတွေ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတဲ့ ရင်သားအလှထိခိုက်စေတဲ့ အလေ့အထများ လေဒီလေးတွေ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတဲ့ ရင်သားအလှထိခိုက်စေတဲ့ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

လေဒီလေးတွေ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတတ်တဲ့ ကင်ဆာ အစောပိုင်းလက္ခဏာများ

လူတိုင်းကတော့ အနာရောဂါနဲ့ မကင်းနိုင်ပါဘူး။ ဒီလို နာမကျန်းမှုတွေထဲမှာ အပရိက ကျန်းမာရေး ပြဿနာလေးတွေ ကစလို့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေအထိ အမျိုးမျိုး ရှိနိုင်ပါတယ်။ ဒီလို ကျန်းမာရေးပြဿနာတွေက ဒီအတိုင်း ဖြစ်လာတာလား ဆိုတော့ မဟုတ်ပါဘူး။ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတိုင်းမှာ အစပျိုး ကာလရှိပြီး ဒီကာလတွေမှာ အသေးစား လက္ခဏာလေးတွေ ပြတတ်ပါတယ်။ ဒါပေမယ့် တော်တော်များများက လက္ခဏာတွေက မပြင်းထန်မချင်း အသေးစား ကျန်းမာရေးပြဿနာတွေလို့ ယူဆနေကြတာပါ။ ဒီတော့ ရောဂါတွေကို စောစောစီးစီး သိရှိကာကွယ်နိုင်စေဖို့အတွက် လေဒီလေးတွေ အမှုမဲ့အမှတ်မဲ့ ဖြစ်နေတတ်တဲ့ ကင်ဆာ အစောပိုင်းလက္ခဏာများ အကြောင်း ပြောပြပေးသွားပါမယ်။ ကင်ဆာဆိုတိုင်း ကြောက်ရမှာလား  ကင်ဆာက ကြောက်စရာ ရောဂါ တစ်ခုဆိုပေမယ့် အခုနောက်ပိုင်းမှာတော့ ဆေးပညာတွေ တိုးတက်လာတာကြောင့် ကင်ဆာကို စောစောသိ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

အမျိုးသမီးအင်္ဂါပုံစံတွေက တစ်ယောက်နဲ့ တစ်ယောက် မတူဘူးလား။

အမျိုးသားတွေကပဲ သူတို့ရဲ့ လိင်တံနဲ့ ပတ်သက်ပြီး မူမမှန်ဘူးလို့ ထင်ကြတာ မဟုတ်ပါဘူး။ အမျိုးသမီးတွေကလည်း သူတို့ရဲ့ မိန်းမကိုယ်နဲ့ ပတ်သတ်ပြီး ကိုယ့်ဟာက ပုံမှန်ဟုတ်ရဲ့လားလို့ စိတ်ပူတတ်ကြပါတယ်။ ပိုဆိုးတာက ရှေးခေတ်လူပျိုအချင်းချင်း မျှဝေကြတဲ့ စာအုပ်တွေမှာ ဘယ်လို မိန်းမအင်္ဂါပုံစံများ ကတော့ ဘယ်လိုလိင်စိတ်ရှိတယ်။ အမျိုးသမီးတွေရဲ့ အမူအကျင့်တွေကို လွှမ်းမိုးနေတယ်ဆိုတဲ့ ဂျင်းတွေကြောင့်ပါပဲ။ အမျိုးသမီးအင်္ဂါပုံစံတွေက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ ဘာကြောင့် အမျိုးသမီးအင်္ဂါပုံစံတွေက မတူကြတာလဲ။ အမျိုးသမီးတွေ တစ်ယောက်နဲ့ တစ်ယောက် ပုံပန်းသွင်ပြင်ကွာတာ၊ အသားအရောင် မတူတာလိုမျိုးပဲ မိန်းမအင်္ဂါပုံစံများ ကလည်း တစ်ယောက်နဲ့ တစ်ယောက်နဲ့ မတူနိုင်ပါဘူး။ ဒါတွေအပြင် အမျိုးသမီးတွေမှာ မျိုးဗီဇ၊ ဟော်မုန်းအပြောင်းအလဲ စတာတွေကလည်း လွှမ်းမိုးထားနိုင်တာကြောင့် မတူတာက ဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဘယ်လောက်တောင် မတူသလဲဆိုရင် Instagramမှာ The […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ

သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၄ ဦးမှာ ၁ ဦးက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် ခံရဖူးပါတယ်။ အကြမ်းဖျင်းအားဖြင့် အမျိုးသမီး ၈ ဦးမှာ ၁ ဦးနှုန်းဟာ အလုပ်ခွင် ဒါမှမဟုတ် သူတို့ ကျင်လည်ရာ လူမှုပတ်ဝန်းကျင်မှာ နှုတ်အားဖြင့် ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို ခံစားရဖူးပါတယ်။ ဒီလိုမျိုး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ တယ်လို့ လေ့လာမှု တစ်ရပ်အရ သိရပါတယ်။ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ခံရတဲ့ အမျိုးသမီးတွေ သွေးတိုးရောဂါ ခံစားရနိုင်ခြေများ လေ့လာမှုကို ၇ နှစ်ကြာ လုပ်ဆောင်ခဲ့ပါတယ်။ လေ့လာမှုမှာ အမျိုးသမီး အသက် ၅၃ နှစ် ဝန်းကျင် အမျိုးသမီး ၃၃၁၂၇ ဦး […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

မျိုးမအောင်တာ နဲ့ ကိုယ်ဝန်ပျက်ကျတာက အမျိုးသမီးတွေမှာ လေဖြတ်နိုင်ခြေ ပိုများ

လေဖြတ်တယ်ဆိုတာက လူတစ်ယောက်ကို အသက်ဆုံးရှုံးစေနိုင်တဲ့ ကျန်းမာရေး အခြေအနေတွေထဲက တစ်ရပ်ပါ။ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး လေဖြတ်နိုင်ခြေ များပါတယ်။ လေဖြတ်တဲ့အခါမှာလည်း အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး ပြင်ပြင်းထန်ထန် ခံစားရနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ မျိုးမအောင်တာ နဲ့ ကိုယ်ဝန်ပျက်ကျတာက အမျိုးသမီးတွေမှာ လေဖြတ်နိုင်ခြေ ပိုများ နိုင်တယ်ဆိုတဲ့အကြောင်းကို ပြောပြပေးချင်ပါတယ်။ လေဖြတ်တယ် ဆိုတာ လေဖြတ်တယ်ဆိုတာက ဦးနှောက်ဆီကို အောက်ဆီဂျင် နဲ့ အာဟာရပြည့်ဝစွာပါဝင်နေတဲ့ သွေးတွေရောက်ရှိမှု မရှိတာကြောင့် ဦးနှောက်ရဲ့ လုပ်ဆောင်မှု ရပ်တန့်သွားတဲ့ အခြေအနေပါ။ ဦးနှောက်ဆီ စီးဆင်းတဲ့ သွေးကြောတွေ ပိတ်ဆို့သွားတာကြောင့် လေဖြတ်နိုင်သလို ဦးနှောက်ထဲက သွေးကြော​ ပေါက်သွားတာကြောင့်လည်း လေဖြတ်နိုင်ပါတယ်။ လေဖြတ်တာက အရေးပေါ် ကျန်းမာရေး အခြေအနေတစ်ရပ်ပါ။ လေဖြတ်ပြီဆိုရင် မြန်နိုင်သမျှ မြန်မြန် ဆေးကုသမှု ခံယူဖို့ လိုပါမယ်။ […]


အမျိုးသမီးကျန်းမာရေးပြဿနာများ

ရာသီလာချိန်မှာ pad ကြောင့် ပွန်းတာတွေ သက်သာစေဖို့

ရာသီလာချိန်က လေဒီတိုင်းအတွက် ခက်ခဲပါတယ်။ စိတ်ရှုပ်စရာကောင်းသလို ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှုလည်း အတော်လေးကျနေတဲ့ အခိုက်အတန့်က လစဉ်ပြဿနာ ကြုံနေရချိန်ပါ။ လစဉ်ပြဿနာ ကြုံတွေ့နေချိန်မှာ ရှုပ်နေတဲ့ စိတ်ကို အပိုထပ်ဆောင်း ရှုပ်စေတဲ့အရာလေး တစ်ခုရှိပါသေးတယ်။ ဒါကတော့ ရာသီလာချိန်မှာ pad ကြောင့် အရေပြား ပွန်းတာပါ။ ဒီတစ်ခေါက်တော့ လေဒီလေးတိုင်းလိုလို ခံစားရနိုင်တဲ့  ရာသီလာချိန်မှာ pad ကြောင့် ပွန်းတာတွေ သက်သာစေဖို့ လုပ်ဆောင်နိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးသွားပါမယ်။ ရာသီလာချိန်မှာ pad ကြောင့် ပွန်းရတဲ့ အကြောင်းအရင်းတွေက ဘာတွေများလဲ ....... ရာသီလာချိန်မှာ pad ကြောင့် ပွန်းရတဲ့ အကြောင်းအရင်းတွေက တစ်ခုမက ရှိပါတယ်။ ဒီအချက်တွေက ဘာတွေဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်လား ...... ရာသီလာချိန်မှာ အသုံးပြုတဲ့ pad နဲ့ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း