အရေးပေါ်သန္ဓေတားဆေး ကိုပဲ အားမကိုးစေလိုတဲ့ အကြောင်းအရင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 25, 2020 . 2 mins read
Share now

ကလေးမလိုချင်သေးဘူး။ ဒါကြောင့် တားဆေးစားတယ်။ အမြဲတမ်းသောက်ရတဲ့ သန္ဓေတားဆေးတော့မဟုတ်ဘူး။ အမြဲသောက်ဖို့ကျမေ့နေမှာစိုးလို့လေ။ ကွန်ဒုံးကျတော့လည်း မသုံးချင်ဘူး။ ဒါနဲ့ပဲ အလွယ်တကူဖြစ်တဲ့ အရေးပေါ်သန္ဓေတားဆေး ကိုပဲ သောက်နေမိတယ်ဆိုတဲ့သူတွေရှိနေသေးလား။ ဒါဆိုရင်တော့ ခဏခဏမသောက်ပါနဲ့လို့ပြောပါရစေ။

အရေးပေါ်သန္ဓေတားဆေး က ဘယ်လိုသောက်ရတာလဲ……

အရေးပေါ်သန္ဓေတားဆေးက အကာအကွယ်မဲ့ လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်းမှာသောက်ရတာပါ။ တကယ်လို့ ၇၂ နာရီကျော်သွားရင် အကျိုးမရှိပါဘူး။ ၇၂ နာရီအတွင်းသောက်ပေမယ့်သောက်ပြီး နာရီဝက် တစ်နာရီအတွင်းမှာ  ပြန်အန်တာမျိုးဖြစ်ခဲ့မယ်ဆိုရင် ထပ်သောက်ဖို့ လိုပါမယ်။ အရေးပေါ်သန္ဓေတားဆေးက တစ်လုံးတည်းပါတဲ့ ဆေးရှိသလို  ၂ လုံးပါတဲ့ဆေးလည်းရှိပါတယ်။

သားဆက်ခြားဖို့ အရေးပေါ် သန္ဓေတားဆေးပဲရှိတာလား……

သားဆက်ခြားနည်းကရွေးချယ်စရာတွေအများကြီးပါ။

  • အရေးပေါ်သန္ဓေတားသောက်ဆေး
  • ပုံမှန်သန္ဓေတားသောက်ဆေး
  • သားအိမ်တွင်းထည့်ပစ္စည်း (IUD)
  • လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်း (Implant)
  • သားဆက်ခြား ထိုးဆေး
  • ကွန်ဒုံး ဆိုပြီး အမျိုးမျိုးရှိပါတယ်။

အရေးပေါ်တားဆေး ခဏခဏသောက်တာကောင်းလား………..

သားဆက်ခြားနည်းအများကြီးထဲကမှ အရေးပေါ်သန္ဓေတားဆေးကိုပဲ ခဏခဏသုံးမိနေတယ်ဆိုရင် ဒီအချက်လေးတွေကို သိထားတာကကောင်းပါတယ်။

ရာနှုန်းပြည့်စိတ်ချရမှုမရှိပါဘူး

အရေးပေါ်သန္ဓေတားသောက်ဆေးက ရာနှုန်းပြည့်စိတ်ချရတာမျိုးမရှိပါဘူး။ အရေးပေါ်သန္ဓေတားသောက်ဆေးက ၆၂ ရာခိုင်နှုန်းကနေ ၈၅ ရာခိုင်နှုန်းလောက်ပဲ အကျိုးသက်ရောက်မှုရှိပါတယ်။ တကယ်လို့များ ဆေးသောက်ပြီး ၂ နာရီ ၃ နာရီအတွင်းမှာ ပြန်အန်ခဲ့လို့ ထပ်မသောက်မိဘူးဆိုရင် ကိုယ်ဝန်ရသွားနိုင်ပါတယ်။

လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေကို မကာကွယ်နိုင်ပါဘူး

အရေးပေါ်သန္ဓေတားသောက်ဆေးက ကိုယ်ဝန်မရအောင်တားပေးနိုင်ရင်တောင် သင့်ကို လိင်ကနေတဆင့် ကူးစက်တတ်တဲ့ အိတ်ချ်အိုင်ဗွီ၊ ကာလသားရောဂါ၊ HPV လိုမျိုးရောဂါပိုးတွေကို မကာကွယ်ပေးနိုင်ပါဘူး။

သွေးဆင်းစေနိုင်တယ်

အရေးပေါ်သန္ဓေတားသောက်ဆေးက ဟော်မုန်းပါတာ​ကြောင့် ဆေးသောက်ပြီးချိန်ကနေ ၂ ရက် ၃ ရက်လောက်အထိ သွေးဆင်းတာမျိုးဖြစ်စေနိုင်ပါတယ်။ တကယ်လို့များသွေးက ၃ ရက်ကျော်တဲ့အထိ ဆက်ဆင်းနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသကြည့်တာ အဆင်ပြေမှာပါ။

မအီမသာဖြစ်စေတယ်။ ခေါင်းကိုက်စေတယ်

အချို့အမျိုးသမီးတွေမှာ အရေးပေါ်သန္ဓေတားဆေးသောက်တဲ့အခါ မအီမသာဖြစ်တာမျိုးတွေ။ ခေါင်းကိုက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ အရမ်းပြင်းထန်မယ်ဆိုရင် အော့အန်တာ၊ ရေဓာတ်ဆုံးရှုံးတာတွေဖြစ်စေနိုင်ပါတယ်။ တကယ်လို့ ဒီလက္ခဏာတွေက ၂ ရက်ကြာတဲ့အထိ မပျောက်ဘူးဆိုရင် ဆရာဝန်နဲ့ ပြကြည့်ပါ။

ဗိုက်အောင့်စေတယ်။ ခြေကုန်လက်ပမ်းကျစေတယ်

ဗိုက်အောင့်တာက အရေးပေါ်သန္ဓေတားဆေးသောက်ပြီးချိန်မှာ လေဒီတော်တော်များများမှာ ခံစားရတတ်တဲ့ လက္ခဏာတစ်ရပ်ပါ။ ဗိုက်ထဲကအောင့်နေတာပါ။ ရေဓာတ်နည်းတာကြောင့် ဝမ်းချုပ်တာမျိုးလည်းခံစားရနိုင်ပါတယ်။ ကိုယ်တွင်းမှာ ရေဓာတ်နည်းတာကြောင့် ခြေကုန်လက်ပမ်းကျတာမျိုးလည်းရှိနိုင်ပါတယ်။ တကယ်လို့ ဒီလက္ခဏာတွေ ခံစားရမှုနဲ့အတူ  နာကျင်မှုကပိုဆိုးလာမယ်။ အစားစားချင်စိတ်မရှိဖြစ်မယ်ဆိုခဲ့ရင်တော့ ဆေးကုသမှုခံယူဖို့ လိုပါပြီ။

ရာသီသွေးအပေါ်သက်ရောက်တာမျိုးဖြစ်နိုင်တယ်

အရေးပေါ်သန္ဓေတားဆေးသောက်တဲ့အခါ ရာသီသွေးစောဆင်းတာမျိုးရှိနိုင်သလို ရာသီသွေးမဆင်းတာမျိုး၊ ရာသီလာချိန်မှာ အရမ်းနာကျင်ကိုက်ခဲတာမျိုးတွေဖြစ်နိုင်ပါတယ်။ တကယ်လို့ ရာသီသွေးက တစ်ပတ်ထက်နောက်ကျနေမယ်ဆိုရင်တော့ စစ်ဆေးမှုလုပ်ကြည့်ပါ။

အခြားဆေးတွေနဲ့ တွဲသောက်မိတဲ့အခါ အာနိသင် လျော့ကျနိုင်တယ်

အရေးပေါ် သန္ဓေတားသောက်ဆေးကို အတက်ရောဂါအတွက်သောက်ရတဲ့ဆေး၊ တီဘီရောဂါသောက်ဆေး၊ မှိုပိုးကူးစက်ခံရတာသက်သာစေဖို့ သောက်ရတဲ့ဆေးတွေနဲ့ တွဲသောက်မိတဲ့အခါ တားဆေးအာနိသင် လျော့သွားတတ်ပါတယ်။

ကိုယ်အလေးချိန်ကိုလိုက်ပြီး သက်ရောက်မှုကွာတယ်

အရေးပေါ်သန္ဓေတားဆေးက ကိုယ်အလေးချိန်များတဲ့သူတွေ (အထူးသဖြင့် အဝလွန်နေသူတွေ) မှာ သက်ရောက်မှုအားနည်းပါတယ်။

ဒီတော့ အရေးပေါ်သန္ဓေတားဆေးသောက်မယ့်အစား အပေါ်မှာပြောခဲ့တဲ့ သားဆက်ခြားနည်းတွေထဲက တစ်ခုခုကိုသုံးကြည့်ဖို့ တိုက်တွန်းပါရစေ လေဒီလေးတို့ရေ………

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘာကြောင့် အိပ်ရေးဝဖို့ အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ

ကောင်းကောင်းအိပ်စက်တာက လေ့ကျင့်ခန်းလုပ်တာနဲ့ အာဟာရပြည့်ဝအောင်စားသောက်တာလိုပဲ ခန္ဓာကိုယ်အတွက် အရေးပါလှပါတယ်။ ပြည့်ဝအောင် အိပ်စက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အထီးကျန်ခြင်း နှင့် ဆီးချိုဝေဒနာ

ဆီးချိုရောဂါက အဖြစ်များတဲ့ရောဂါတစ်မျိုးပါ။ ဒီလိုရောဂါဆိုးကြီးဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်မျိုးဖြစ်တဲ့ အထီးကျန်ခြင်းဝေဒနာနဲ့ ဆက်စပ်နေပါတယ်တဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

အရသာရှိရှိ ဆေးဘဲဥသုပ် စားကြရာဝယ်

ဆေးဘဲဥလို့ ပြောလိုက်ရင် လူတိုင်း မြင်ဖူး စားဖူးကြမှာပါ။ အပေါ်က ထုံးလိုအရာတွေ မံထားပြီး ဒါတွေကို ထုခွဲလိုက်ရင် အတွင်းက ဘဲဥအလုံးလိုက်လေး ထွက်လာပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ကိုယ်ဝန်ဆောင်မေမေတစ်ယောက်အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးမျိုးသော ခေါင်းကိုက်ခြင်း ပြဿနာကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကျန်းမာရေးပြဿနာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အိပ်မပျော်တာ ဟော်မုန်းကြောင့်များလား

COVID ကာလ အိပ်မပျော်တာ ဟော်မုန်းတစ်ခုခုဖောက်ပြန်နေလို့များလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 16, 2020 . 3 mins read
ကိုဗစ်ကာလ မှာ သားဆက်ခြားပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ။

ကိုဗစ်ကာလ မှာ သားဆက်ခြားပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 16, 2020 . 2 mins read
ကိုဗစ်ကာလမှာ တားဆေးထိုး ဖို့ အခက်အခဲရှိတယ်ဆိုရင်

ကိုဗစ်ကာလမှာ တားဆေးထိုး ဖို့ အခက်အခဲရှိတယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 15, 2020 . 2 mins read
အဝလွန်မှုရဲ့ နောက်ဆက်တွဲ ကင်ဆာအမျိုးအစားများ

အဝလွန်မှုရဲ့ နောက်ဆက်တွဲ ကင်ဆာအမျိုးအစားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 13, 2020 . 2 mins read