မိန်းမကိုယ်ပြဿနာများနှင့် ဖြေရှင်းခြင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 3, 2020 . 2 mins read
Share now

အမျိုးသမီးအများစုဟာ အချိန်နဲ့အမျှ မိန်းမကိုယ်နဲ့ ပတ်သက်တဲ့ ပြသနာတချို့ကို ကြုံတွေ့နေရပါတယ်။ ဒီပြသနာတွေဟာ ရာသီစက်ဝန်း၊ လိင်မှုကိစ္စ၊ ရောဂါပိုးကူးစက်ခြင်း၊ သန္ဓေတားခြင်း၊ အိုမင်းလာခြင်း၊ ဆေးများသုံးစွဲခြင်း၊ ကိုယ်ဝန်ဆောင်ပြီးနောက်ပိုင်း ပြောင်းလဲလာခြင်း စတာတွေနဲ့ သက်ဆိုင်ပါတယ်။
ပုံမှန်အရည်ဆင်းခြင်းမှ ပြောင်းလဲခြင်းဟာလည်း မိန်းမကိုယ်မှာ ပြသနာရှိကြောင်းပြတဲ့ လက္ခဏာ ဖြစ်ပါတယ်။ ဆီးသွားရာမှာ ပြောင်းလဲလာတာ ဥပမာ မကြာခဏသွားနေတာ၊ ဆီးသွားရင် ပူတာ စတာတွေဟာ မိန်းမကိုယ်ပြသနာရဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

မိန်းမကိုယ်ပတ်လည် နာကျင်ခြင်း

ရောဂါပိုးကူးစက်ခြင်းနဲ့ တခြားရောဂါတွေကြောင့် မဟုတ်ဘဲ မိန်းမကိုယ်ပတ်လည်တဝိုက်မှာ နာကျင်ခြင်းကို နာတာရှည်ခံစားလာရခြင်းကို vulvodynia လို့ ခေါ်ပါတယ်။ ဘာကြောင့် ဖြစ်ရတယ်ဆိုတာ သေချာစွာမသိရပေမယ့် ဟော်မုန်းများ ပြောင်းလဲခြင်း၊ ရောင်ရမ်းခြင်း၊ အာရုံကြောဆိုင်ရာ ပြသနာများ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ တစ်စုံတစ်ခုနဲ့ ထိုးသွင်းသလို နာကျင်မှုကို ပေါ်လိုက်ပျောက်လိုက် ခံစားရပြီး ပူခြင်း၊ ယားယံခြင်း၊ သက်တောင့်သက်သာ မရှိခြင်းစတဲ့ ခံစားမှုမျိုးတွေလည်း ကြုံတွေ့နိုင်ပါတယ်။

အဖုအကျိတ်ပေါက်ခြင်း

တစ်ခါတစ်လေ ဘာမှန်းမသိတဲ့ အဖုအလုံးတစ်ခုခုကို စမ်းမိနိုင်ပါတယ်။ တစ်ခါတစ်ရံ အမွေးဟာ အတွင်းဘက်ကို လှည့်ပြီးထွက်တာမျိုး ဖြစ်တတ်ပါတယ်။ မကြာသေးမီက ရိတ်ထားတာ ရှိမရှိ ပြန်စဉ်းစားပါ။ ဒါမှမဟုတ် Bertholin အိတ်တည်ခြင်း ဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်ထဲမှာ Bertholin ဂလင်း ၂ခုရှိပါတယ်။ သူတို့ဟာ ချေမွေ့စေတဲ့ အရည်တွေ ထုတ်ပေးပါတယ်။ တစ်ခါတစ်ရံမှာ ပိုးဝင်တာမျိုးဖြစ်ရင် ဂလင်းလမ်းကြောင်း ပိတ်သွားပြီး ရောင်လာနိုင်ပါတယ်။ Skene လို့ခေါ်တဲ့ မိန်းမကိုယ်တွင်း ဂလင်းတမျိုးရောင်ရင်လည်း ဖြစ်တတ်ပါတယ်။

မိန်းမကိုယ်ပိုးဝင်ခြင်း

ဘက်တီးရီးယား၊ မှို၊ ဗိုင်းရပ်စ်စတဲ့ ပိုးတစ်မျိုးမျိုးကြောင့် မိန်းမကိုယ်ပိုးဝင်ခြင်း ဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်ရဲ့ အက်ဆစ်ဓာတ်ကို လျော့နည်းစေတဲ့အရာတွေကလည်း မိန်းမကိုယ်ပိုးဝင်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ တချို့ရောဂါပိုးတွေကတော့ လိင်ဆက်ဆံခြင်းကနေ ကူးစက်နိုင်ပါတယ်။
မိန်းမကိုယ်ပိုးဝင်ခြင်းရဲ့ လက္ခဏာတွေကတော့

  • ပုံမှန်မဟုတ်သော အရည်များဆင်းခြင်း (အရောင်အနံ့ကွာပါတယ်)
  • မိန်းမကိုယ်ပတ်လည် ရောင်ရမ်းယားယံခြင်း၊ မိန်းမကိုယ်ယားယံခြင်း
  • လိင်ဆက်ဆံစဉ် နာကျင်ခြင်း- လိင်ဆက်ဆံပြီးနောက် သွေးဆင်းခြင်း
  • ဗိုက်အောင့်ခြင်း
  • မိန်းမကိုယ်ပတ်လည်နှင့် စအိုတဝိုက် ရောင်ရမ်းခြင်း၊ အဖုပေါက်ခြင်း၊ အနာဖြစ်ခြင်း
  • ဆီးသွားစဉ်နာကျင်ခြင်း စတာတွေဖြစ်ပါတယ်။ဒီလက္ခဏာတွေ တွေ့ရရင် ဆရာဝန်ပြသဖို့ လိုပါတယ်။

မိန်းမကိုယ်မှ ပုံမှန်မဟုတ်သော အရည်ဆင်းခြင်း

ကိုယ်ဝန်ဆောင်နိုင်တဲ့အရွယ် ကျန်းမာတဲ့ အမျိုးသမီးတစ်ယောက် အရည်ဆင်းတာဟာ ပုံမှန်ကိစ္စပဲ ဖြစ်ပါတယ်။ ရာသီစက်ဝန်းအတွင်း၊ လိင်စိတ်နိုးကြားချိန်အတွင်းနဲ့ ကိုယ်ဝန်ဆောင်စဉ် ကာလမှာ ဆင်းတဲ့ပမာဏနဲ့ အရောင်ပြောင်းတတ်ပါတယ်။ ဒါပေမယ့် အရည်ဆင်းခြင်းဟာ ရောဂါပိုးဝင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

Trichoniasis ကူးစက်ခြင်း

Trich လို့လည်းခေါ်တဲ့ ဒီရောဂါပိုးဟာ trichonomas vaginalis လို့ခေါ်တဲ့ ရောဂါပိုးကြောင့် ဖြစ်တတ်ပါတယ်။ အမြှုပ်ထနေတဲ့ အဝါရောင်အရည် ဆင်းတတ်ပြီး မိန်းမကိုယ်မှာ ယားယံတာ ခံစားရတတ်ပါတယ်။ တစ်ခါတစ်လေမှာ လက္ခဏာလုံး၀ မပြတာလည်း ဖြစ်တတ်ပါတယ်။
လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါ လက္ခဏာပြနေပြီ ထင်ရတဲ့အခါ အောက်ပါအချက်တွေ လိုက်နာသင့်ပါတယ်။

  • လိင်ဆက်ဆံခြင်း မပြုပါနှင့်။ ရောဂါပိုးပြန့်ပွားခြင်းကို ဟန့်တားနိုင်ပါတယ်။
  • မိန်းမကိုယ်ကို မဆေးကြောပါနှင့်။ ဆေးကြောခြင်းဟာ မိန်းမကိုယ်အတွင်း ဘက်တီးရီးယားများရဲ့ ဟန်ချက်ညီမှုကို ပျက်ပြားစေနိုင်ပါတယ်။ ရောဂါပိုးဝင်တဲ့ အချိန်ဆိုရင်သားအိမ်နဲ့ မျိုးဥပြွန်ဆီ ကူးစက်သွားနိုင်ပြီး တင်ပဆုံတွင်း အင်္ဂါများ ရောင်ရမ်းတဲ့ရောဂါ ဖြစ်နိုင်ပါတယ်။

မိန်းမကိုယ်အထိမခံနိုင်ခြင်း

မိန်းမကိုယ်တွင်း တခုခုဝင်ရောက်တဲ့အခါ (tampon၊ စမ်းသပ်ရာတွင် သုံးသည့် ဘဲနှုတ်သီး၊ ယောက်ျားတန်ဆာ စသည်တို့) နာကျင်တာမျိုး ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ မိန်းမကိုယ်ပတ်လည်က ကြွက်သားတွေ လှုပ်ရှားရင်ါတောင် နာကျင်နေတတ်ပါတယ်။ ဒီရောဂါကြောင့် အမျိုးသမီးများ လိင်မှုကိစ္စနဲ့ကြူံရင် ပြသနာရှိတတ်ပါတယ်။ တစ်ခါတစ်ရံမှာ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်အသုံးချတာတွေ၊ ထိခိုက်ဒဏ်ရာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လူပြောများနေတဲ့ Menstrual Cup… တကယ်ရော ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား

လစဉ်သုံးဂွမ်းထုပ် Menstrual Cup မိန်းမကိုယ် IUD အမျိုးသမီး လစဉ်သုံး ရာသီလာနေတယ် ရာသီသွေးတွေ မိန်းမကိုယ် ခြောက်သွေ့တာ အိမ်သာသုံးစက္ကူ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

Menstrual Cup ကို ဘယ်လိုသုံးရလဲ

Menstrual Cup Tampon မိန်းမကိုယ် ရာသီသွေးတွေ ချောဆီ တင်ပါးဆုံကြွက်သား အသက်အရွယ် မွေးလမ်းကြောင်း သွေးဆင်းမှု Sanitary Pad လစဉ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ငယ်ရွယ်စဉ် အပြာရုပ်ရှင်ကြည့်မိတဲ့ ကလေးများရဲ့ အနာဂတ်

အပြာရုပ်ရှင် ကလေး လိင်စိတ် စမတ်ဖုန်း အင်တာနက် လိင်မှုကိစ္စ စိတ်ဖိစီးမှု စူးစမ်းလေ့လာလိုစိတ် ဆယ်ကျော်သက် ကွန်ဒုံး လိင်ဆက်ဆံ လိင်အကြမ်းဖက်စော်ကား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

လိင်မှုကိစ္စမှာ စိတ်ကျေနပ်အားရမှုမရှိရင် လေ့ကျင့်ခန်းများများလုပ်ကြည့်ပါ

လိင်မှုကိစ္စ လေ့ကျင့်ခန်း ကာမသုခ အိမ်ထောင်ရေး လိင်ဟော်မုန်း အသက်ရှူလမ်းကြောင်း သက်လုံ ထောင်မတ်ခြင်း လိင်တံ ကိုယ်အလေးချိန် လိင်စိတ်ဆန္ဒ စိတ်ဖိစီးမှု ကယ်လိုရီ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဘယ်လိုဖြေရှင်းမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read
ပထမဆုံးအကြိမ် Brazilian Wax လုပ်တော့မယ်ဆိုရင်

ပထမဆုံးအကြိမ် Brazilian Wax လုပ်တော့မယ်ဆိုရင်

ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 27, 2020 . 2 mins read

Tampon ဘာလဲ။ ဘယ်လဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 27, 2020 . 2 mins read
အဖြူဆင်း တာ ကျန်းမာရေးပြဿနာလား

အဖြူဆင်း တာ ကျန်းမာရေးပြဿနာလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 27, 2020 . 2 mins read