backup og meta

သွားတိုက်ခြင်းအကြောင်း အသိအမြင်မှားများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 25/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားတိုက်ခြင်းအကြောင်း အသိအမြင်မှားများ

    သွားတိုက်တယ်ဆိုတာ ကိုယ်တွေ ကလေးဘဝတည်းက လုပ်လာတဲ့အလေ့အကျင့်တစ်ခုပါ။ ဒီလို မနက်တိုင်းညတိုင်း လုပ်ဖြစ်နေတဲ့ သွားတိုက်တာနဲ့ ပက်သက်ပြီးတော့ သိထားတဲ့အကြောင်းအရာတွေ ဘာတွေရှိလဲ။ တစ်ချို့ကိုယ်သိထားတာတွေက မှားနေတတ်ပြီး သိသင့်တာတွေကျ မသိဖြစ်တတ်တာကြောင့် ဒီဆောင်းပါးထဲမှာ သွားတိုက်ခြင်းအကြောင်း အသိအမြင်မှားများ နဲ့ သိသင့်တဲ့အချက်တွေ အကြောင်း ပြောပြပေးမှာပါ။ ကိုယ်သိထားတာတွေက ဘယ်လောက်မှန်လဲ ကြည့်ရအောင်။ ။

    သွားတိုက်ခြင်းအကြောင်း အသိအမြင်မှားများ

    သွားတိုက်ခြင်းအကြောင်း အသိအမြင်မှားများ ကတော့

    • သွားကိုကြမ်းကြမ်းတိုက်မှ သွားချေး တွေကျွတ်မယ်

    ဒါက မှားနေပါတယ်။ သွားကို ကြမ်းကြမ်းတိုက်လိုက်ရင် သွားရဲ့ကြွေလွှာ တွေကိုရော၊ သွားဖုံးကိုရော ထိခိုက်စေနိုင်ပါတယ်။ သွားချေးတွေဆိုတာ သွားကို ပုံမှန်တိုက်တာလောက်နဲ့တင် စင်သွားတဲ့အရာတွေပါ။

    • သွားဖုံးရောဂါက တစ်ခါဖြစ်ဖူးတာနဲ့ တစ်သက်လုံးဆက်ရှိနေတော့မှာ။ ဘာမှမတတ်နိုင်ဘူး။

    သွားဖုံးရောဂါဆိုတာ ဆရာဝန်ဆီမှာ သေချာသွားပြပြီး ဆေးကုသမှုခံယူတာ၊ ခံတွင်းသန့်ရှင်းရေးကို ပြန်ဂရုစိုက်လိုက်တာနဲ့တင် သက်သာလာမယ့်ရောဂါတစ်ခုပါ။

    • ပျော့ပျောင်းလွန်းတဲ့ သွားတိုက်တံကိုသာ ရွေးဝယ်သင့်တယ်

    ပျော့လွန်းတဲ့သွားပွတ်တံတွေဟာ သွားဖုံးနဲ့ သွားကြွေလွှာကို မထိခိုက်စေမှာမှန်ပေမယ့် စားကြွင်းစားကျန်တွေကိုတော့ အကုန်စင်အောင် ရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ မကြမ်းလွန်း မပျော့လွန်းတဲ့ သွားပွတ်တံကိုသာ ရွေးသုံးဖို့ အကြံပေးပါရစေ။

    • သွားကို polishလုပ်တာက သွားချေးတွေကို ပြောင်စေတယ်။

    ဒီနေရာမှ တစ်ခုရှင်းချင်တာရှိပါတယ်။ သွားကို polishတယ်ဆိုတာ သွားမျက်နှာပြင်ကို ချောအောင် လုပ်လိုက်တာပါ။ သွားကြားထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးတဲ့ သွားတိုက်တာနဲ့မတူပါဘူး။ မျက်နှာပြင်ကို ခြစ်လိုက်တာဖြစ်တဲ့အတွက် ကြောင့် အခန့်မသင့်ရင် သွားကြွေလွှာ တွေပါ ပျက်စီးစေတတ်ပါတယ်။

    • လျှာက မသန့်ရှင်းဘဲလည်းထားလို့ရတဲ့ အရာတစ်ခုပါ။ ။

    လျှာမှာလည်း စားကြွင်းစားကျန်နဲ့ ဘက်တီးရီးယားတွေ ကပ်နေနိုင်တာကြောင့် ခံတွင်းသန့်ရှင်းလို့ဆိုလိုက်တာနဲ့ လျှာကိုမေ့ထားလို့ မရပါဘူး။ လျှာပွတ်ကြိုးနဲ့ လျှာကို သေချာသန့်ရှင်းပေးသင့်ပါတယ်။

    • သွားကို သေချာအချိန်ပေးပြီး မတိုက်ရင်ဘာမှမဖြစ်ဘူး။ အရေးကြီးတာသွားတိုက်ဖြစ်ဖို့ပဲ ။ ။

    သွားတိုက်ရင်ပြီးရောဆိုပြီး အဖြစ်သဘောမျိုးနဲ့ သွားတိုက်လို့မရပါဘူး။ သွားရှေ့မျက်နှာပြင်ရော အတွင်းတွေကိုရော အံသွားတွေပါမကျန် နှံ့စပ်အောင် သွားတိုက်ပေးရပါမယ်။ သွားတိုက်ရင်လည်း သွားပွတ်တံကို ၄၅ ဒီဂရီစောင်းထားပြီး အပေါ်အောက်ဆွဲကာ ၂ မိနစ်ခန့်ကြာအောင် တိုက်ပေးသင့်ပါတယ်။

    မိသားစုပဲ ဖြစ်ဖြစ်၊ အရင်းနှီးဆုံး သူငယ်ချင်းနဲ့ပဲဖြစ်ဖြစ် ကိုယ့်သွားပွတ်တံကို မျှဝေမသုံးသင့်ပါဘူး။ ရောဂါပိုးတွေက သွားပွတ်တံဆီမှာ ကပ်နေနိုင်ပြီး တစ်ယောက်ကနေ နောက်တစ်ယောက်ဆီကို ကူးစက်နိုင်ပါတယ်။

    • သွားပွတ်တံတစ်ချောင်းဆိုတာ ဖွာလန်ကြဲပြီး သုံးမရတဲ့အခါမျိုးမှ စွန့်ပစ်သင့်သည်။

    ဘယ်လောက်ပဲ နှမြောတတ်တယ်ပြောပြော သွားပွတ်တံနဲ့ ပက်သက်ပြီးတော့ မနှမြောသင့်ပါဘူး။ ပစ္စည်းတွေ ကိုင်တွယ်တာ အရမ်းရိုသေတယ်ဆိုပြီး သွားပွတ်တံတစ်ချောင်းတည်းကို အချိန်အကြာကြီးအထိ သုံးနေတာမျိုးက လုံးဝကို မလုပ်သင့်တဲ့အရာပါ။ သွားပွတ်တံဆိုတာ သုံးတဲ့အချိန်ကြာလာလေလေ သူ့ဆီမှာ ကပ်နေနိုင်တဲ့ ဘက်တီးရီးယားတွေ များလာလေလေပါ။ ဒီတော့ ကိုယ့်သွားပွတ်တံ ဘယ်လောက်ပဲ ကောင်းနေကောင်းနေ စသုံးတဲ့အချိန်ကစရေရင် ၆ လပြည့်ပြီဆိုတာနဲ့ အသစ်တစ်ခု လဲကိုလဲရပါမယ်။

    ဒါတွေကတော့ ငယ်ငယ်တည်းက လုပ်လာတဲ့ အကျင့်တစ်ခုဖြစ်တဲ့ သွားတိုက်တာနဲ့ ပက်သက်လို့ မှားယွင်းသိနေတဲ့ အချက်တွေကို ပြန်ရှင်းပြထားတာတွေပဲဖြစ်ပါတယ်။ မှန်ကန်တဲ့အချက်တွေကို သိပြီး လူတိုင်း ခံတွင်းရောဂါကနေ ကင်းဝေးနိုင်ပါစေ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 25/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement