သွားတိုက်ဆေးမှာ အသားအရေအတွက် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်လဲ။
သိထားရမှာ တစ်ခုကတော့ သွားတိုက်ဆေးမှာ ပါဝင်တဲ့ သွားကိုဖြူစေတဲ့ ဓာတ်ပေါင်းတွေဟာ မျက်နှာပေါ်က နူးညံ့လွန်းတဲ့ အရေပြားကို ကောင်းကျိုးထက် ဆိုးကျိုးများစွာ ဖြစ်စေနိုင်ပါတယ်။
သွားတိုက်ဆေးကို အသုံးပြုလိုက်တဲ့အခါမှာ ဝက်ခြံတော့ ပျောက်သွားတယ်။ ဒါပေမဲ့ ပြားချပ်သွားတဲ့နေရာမှာ အသားအရေခြောက်သွားပြီး ယားယံစေတယ်။ နောက်ထပ် ဝက်ခြံပိုပေါက်လာစေဖို့ ကူညီပေးလိုက်သလို ဖြစ်သွားပါတယ်။
သွားတိုက်ဆေးကို အရေပြားပေါ် တင်လိုက်တဲ့အခါမှာ အဖုအပိမ့်တွေ ထွက်လာစေနိုင်တယ်။ ပူစပ်ပူလောင် ဖြစ်စေနိုင်တယ်။ နဂိုအသားအရေကို ပျက်စီးသွားစေနိုင်ပါတယ်။
နောက်ပိုင်း သွားတိုက်ဆေးအများစုမှာ ထရိုင်ကလိုစန် မပါဝင်တော့တဲ့အတွက် ဝက်ခြံကို အရင်ကလောက် မပြားချပ်စေနိုင်တော့တဲ့အပြင် အချိန်ကြာကြာ အသားအရေပေါ် တင်ထားလိုက်ရင် ခြောက်သွားပြီး ဝက်ခြံကို ပိုပေါက်စေနိုင်ပါတယ်။
ဒါကြောင့် သွားတိုက်ဆေးကို ဝက်ခြံပျောက်ဆေးအဖြစ် အသုံးပြုတဲ့ နည်းလမ်းဟာ ပိုပြီးဆိုးရွားသွားစေနိုင်တဲ့အတွက် အသုံးမပြုတာ အကောင်းဆုံးပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။