(၈) မြေပဲထောပတ်
မြေပဲမှာ ပရိုတင်း (အသားဓာတ်)ပါပြီး ထောပတ်ဆိုတာ နို့ထွက်ပစ္စည်းပါ။ နှစ်ခုလုံးက ဘက်တီးရီးယားတွေအကြိုက်ပါပဲ။ ပြီးတော့ စေးကပ်ကပ်ဖြစ်တာကြောင့် စားပြီးရင် ချောင်ကြိုချောင်ကြားမှာကပ်နေမှာပါ။ ဒါကြောင့် ဘက်တီးရီးယားတွေနဲ့ ကြာကြာထိတွေ့ပြီး ကြာကြာဓာတ်ပြုနိုင်မှာပါ။ ဒါတွေကို မဖယ်ပစ်ဘူးဆိုရင် အနံ့ဆိုးတွေက ဆက်ထွက်နေဦးမှာပဲ။
(၉) စစ်ထရပ်ဓာတ်များသော အသီးများ
စစ်ထရပ်ဓာတ်ဆိုတာ အလွယ်ပြောရင် ဗီတာမင်စီပါ။ ချဉ်တဲ့အသီးတွေမှာ တွေ့ရပါတယ်။ အနံ့ဆိုးထွက်စေတဲ့ ဘက်တီးရီးယားတွေက အချဉ်ဓာတ်ကို ကြိုက်ပါတယ်။ ဒါကြောင့် အနံ့ဆိုးတွေထွက်ရတာပါ။ ဒါပြင့် လေချဉ်တက်တဲ့အခါမှာလည်း ဒီအနံ့တွေက အပေါ်ကို ပြန်ဆန်တက်လာမှာပါ။
(၁၀) သင်္ဘောဒန့်သလွန်ရွက်
ဒီအရွက်မှာပါတဲ့ isothiocyanateဓာတ်က ခံတွင်းအနံ့ဆိုးကို ထွက်စေပါတယ်။
ကဲဒါဆိုရင် ဒါတွေကလည်း စားမိသွားပြီ။ ခံတွင်းအနံ့လည်း မနံချင်ဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ။ အောက်မှာနည်းလမ်းလေးတွေပေးထားပါတယ်။
- စားပြီးရင် သွားတိုက်ပါ။ အထူးသဖြင့် အလုပ်မှာဆို ပိုဆိုးပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောရဦးမှာမို့လို့ အနံ့ဆိုးထွက်နေလို့ မဖြစ်ပါဘူး။ ဒါကြောင့် အလုပ်မှာ သွားပွတ်တံတစ်ချောင်းဆောင်ထားပြီး စားပြီးတိုင်း သွားတိုက်ပါ။
- သွားပွတ်ကြိုးသုံးပါ။ သွားပွတ်ကြိုးက ချောင်ကြိုချောင်ကြားမှာရှိတဲ့ အစားကြွင်းစားကျန်တွေကို ရှင်းလင်းပေးနိုင်ပါတယ်။
- သွားတိုက်ရင် လျှာကိုပါ တိုက်ပါ။ လျှာမှာဘက်တီးရီးယားတွေ အများကြီးစုဝေးနေတဲ့အတွက် လျှာကိုသန့်ရှင်းရေးလုပ်ပေးတာက အနံ့ဆိုးတွေကို လျှော့ချပေးမှာပါ။
- ခံတွင်းမခြောက်ပါစေနဲ့။ ခံတွင်းမခြောက်စေဖို့ ကော်ဖီတွေ၊ အရက်တွေကို လျှော့သောက်ပါ။ သောက်မိပြီးရင်လည်း ခံတွင်းမခြောက်အောင် ရေများများသောက်ပါ။
- ငုံဆေးငုံပါ။ ခုခေတ်မှာ ဆေးသကြားလုံးပုံစံငုံဆေးတွေ၊ ဂျယ်လီပုံစံငုံဆေးတွေ အများကြီးရှိနေပါပြီ။ လတ်တလောမှာ သွားလည်းမတိုက်နိုင်သေးဘူး။ မြန်မြန်လည်း အနံ့ဆိုးပျောက်ချင်တယ်ဆိုရင် ငုံဆေးငုံပါ။ သံပရာ၊ သံပရို၊ ပျားသံပရာအပြင် ယူကလစ်အနံ့၊ ပရုတ်အေးအစရှိတဲ့ အနံ့သင်းသင်းလေးနဲ့ ခံတွင်းရှင်းစေတဲ့ ငုံဆေးတွေ၊ ဂျယ်လီတွေရှိနေတဲ့အတွက် လတ်တလော အခက်အခဲကို အမြန်ဆုံးဖြေရှင်းပေးနိုင်မှာပါ။
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။