backup og meta

ဗီတာမင် B12 ဟာ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေသလား

ဗီတာမင် B12 ဟာ ဗီတာမင်ဘီအုပ်စုဝင်ဖြစ်ပြီး လူအများစုဟာ အစားအစာများကနေ ရရှိပါတယ်။ ဗီတာမင် B12 ဟာ သင့် ကိုယ်ခန္ဓာအတွက် မရှိမဖြစ်အရေးပါပေမယ့် များပြားသွားရင်တော့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

ဗီတာမင် B12 ဟာ ရေမှာပျော်ဝင်နိုင်ပြီး အူလမ်းကြောင်းတလျှောက်ကနေ စုပ်ယူနိုင်ပါတယ်။ စုပ်ယူပြီးချိန်မှာ ဒီအန်အေနဲ့ သွေးနီဥဆဲလ်တွေပြုလုပ်ဖို့ အသုံးပြုပါတယ်။ အသုံးမပြုတော့တဲ့ ဗီတာမင် B12 ကို အသည်းထဲမှာ သိုလှောင်ထားပါတယ်။

ဗီတာမင် B12 ရဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ

အစားအစာအနေနဲ့၊ သောက်ဆေးအနေနဲ့ ရရှိတဲ့ ဗီတာမင် B12 ဟာ များသောအားဖြင့် ဘေးကင်းစိတ်ချရပါတယ်။ ဗီတာမင် B12 ချို့တဲ့ခြင်းအတွက် ကုသတဲ့ ထိုးဆေးတွေကတော့ အောက်ပါ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

– ဝမ်းပျက်ခြင်း

ယားယံခြင်း

– အရေပြားပေါ်အကွက်ထခြင်း

ခေါင်းကိုက်ခြင်း

– မူးဝေခြင်း

– ပျို့တက်ခြင်း

– အန်ခြင်း

– အဆုတ်အတွင်း အရည်စုခြင်း

သွေးပြန်ကြောများတွင် သွေးခဲပိတ်ဆို့ခြင်း

– ရောင်ရမ်းခြင်း စတာတွေဖြစ်ပါတယ်။

ဗီတာမင် B12 ဟာ ရှားပါးပေမယ့် ဆိုးရွားတဲ့ ဓာတ်မတည့်ခြင်းပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ၎င်းတို့ကတော့ မျက်နှာအမ်းခြင်း၊ လျှာနှင့်လည်ချောင်း ရောင်ရမ်းခြင်း၊ အစာမျိုချရန် အသက်ရှူရန်ခက်ခြင်း စတာတွေ ဖြစ်ပါတယ်။ အဆိုပါလက္ခဏာတွေ ကြုံတွေ့ရရင် အရေးပေါ် ဆေးဝါးကုသဖို့ လိုအပ်ပါတယ်။

ဆေးဝါးတချို့ဟာ ဗီတာမင် B12 စုပ်ယူခြင်းကို လျော့ကျစေခြင်း၊ သွေးရည်ကြည်ထဲမှာပါဝင်တဲ့ ဗီတာမင် B12 ကို ကျဆင်းစေခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ အောက်ပါဆေးဝါးတွေ သုံးစွဲနေချိန်မှာတော့ ဗီတာမင် B12 အားဆေး သောက်သုံးသင့်ပါတယ်။

• colchicine

• metformin ဆီးချိုကျဆေး

• proton pump inhibitor အစာအိမ်ဆေးများ

ဗီတာမင် C

• chloramphenicol

• H2 blocker အစာအိမ်ဆေးများ

• aminosalicylic acid

ဘယ်အချိန်မှာ ဆရာဝန်ပြဖို့လိုမလဲ

ဗီတာမင် B12 သုံးစွဲရင်း ဘေးထွက်ဆိုးကျိုး တစ်မျိုးမျိုး ကြုံတွေ့ရတာမျိုးရှိရင် သုံးစွဲမှုကို ချက်ချင်းရပ်ရပါမယ်။ အခြေအနေပိုဆိုးလာခဲ့ရင် ဆေးဝါးကုသမှု ချက်ချင်းခံယူရပါမယ်။ သင့်အနေနဲ့ အစားအစာတွေကနေ ဗီတာမင် B!2 ကို လုံလောက်စွာ မရဘူးလို့ထင်ရင် ဘယ်လောက်ပမာဏ သုံးစွဲသင့်တယ်ဆိုတာ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

ဗီတာမင် B12 ကို ဘယ်လောက်သုံးစွဲသင့်သလဲ

လူတဦးချင်းစီအလိုက် ဗီတာမင် B12 သုံးစွဲသင့်တဲ့ နှုန်းထားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

– အသက် ၁၄ နှစ်နှင့်အထက်။ တစ်နေ့လျှင် ၂.၄ မိုက်ခရိုဂရမ်

ကိုယ်ဝန်ဆောင်အမျိုးသမီးများ တစ်နေ့လျှင် ၂.၆ မိုက်ခရိုဂရမ်

– မိခင်နို့တိုက်နေသော အမျိုးသမီးများ တစ်နေ့လျှင် ၂.၈ မိုက်ခရိုဂရမ် စသဖြင့် ဖြစ်ပါတယ်။

ဗီတာမင် B12 ပါဝင်တဲ့ အစားအစာတွေကတော့ ဥအမျိုးမျိုး၊ ဒိန်ခဲ၊ အသား ငါး၊ အခွံမာရေသတ္တဝါများ၊ အသည်း၊ ကျောက်ကပ် ကလီစာများ စတာတွေ ဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/food-nutrition/vitamin-b12-side-effects Accessed Date 15 May 2020

ယခုပုံစံ

20/09/2022

Dr. Thant Zin မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်စိ ကျန်းမာရေး အတွက် အကောင်းဆုံးဗီတာမင်နဲ့ အာဟာရဓာတ်များ

ဗီတာမင် စီ အားနည်းနေတာ သိသာတဲ့ လက္ခဏာ (၇) ခု


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement