backup og meta

ဟင်းသီးဟင်းရွက်ကရတဲ့ အာဟာရတွေ မပျက်စီးအောင် ဘယ်လိုချက်ပြုတ်မလဲ

ဟင်းသီးဟင်းရွက်ကရတဲ့ အာဟာရတွေ မပျက်စီးအောင် ဘယ်လိုချက်ပြုတ်မလဲ

လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေစားသုံးခြင်းဖြင့် နာတာရှည်ရောဂါအများစုကို သက်သာပျောက်ကင်းစေနိုင်ပြီး ကျန်းမာရေးနဲ့ပတ်သက်တဲ့ တခြားကောင်းကျိုးတွေ အများကြီး ရရှိပါတယ်။ ဒါကြောင့် ဟင်းသီးဟင်းရွက်တွေ စားတဲ့အခါမှာ ပါဝင်တဲ့ အဟာရတွေအပြည့်အဝ ရရှိဖို့ အရေးကြီးပါတယ်။ အခုဖော်ပြသွားမှာကတော့ ဟင်းသီးဟင်းရွက်တွေကနေ အာဟာရအပြည့်အဝရအောင် ဘယ်လိုစားသောက်ရမလဲဆိုတာပါပဲ။

အလတ်ဆတ်ဆုံးကိုရွေးပါ။

လတ်ဆတ်မှလည်း ရေခဲသေတ္တာထဲမှာ အကြာကြီးခံမှာဖြစ်ပါတယ်။

အေးတဲ့နေရာမှာ ထားပါ။

ဟင်းသီးဟင်းရွက်အမျိုးအစား အားလုံးအတွက် ရေခဲသေတ္တာထဲ သိမ်းဖို့ မလိုပါဘူး။ မုန်ညင်းရွက်နဲ့ တခြားအစိမ်းရောင်အရွက်ရှိတဲ့ ဟင်းရွက်တွေက အစိုဓာတ်များတဲ့အတွက် ဟင်းသီးဟင်းရွက် ထည့်တဲ့ခွက်ထဲမှာသာ သိမ်းသင့်ပါတယ်။

ကြက်သွန်၊ အာလူးနဲ့ တခြားသော အမြစ်ပါတဲ့ အသီးအရွက်တွေကတော့ အေးပြီး စိုထိုင်းမှုမရှိတဲ့ နေရာတွေမှာ ထားနိုင်ပါတယ်။ အသီးအရွက်အားလုံးကို ရေခဲသေတ္တာထဲမထည့်ခင် ရေဆေးဖို့ မလိုပါဘူး။ ဥပမာအားဖြင့် မုန်လာဥလို အမြစ်ပါတဲ့ အသီးအနှံတွေက အပေါ်ယံ နည်းနည်းပါးပါး ပေးနေနိုင်ပါတယ်။ ဒါကို အနည်းငယ်ဖယ်ရှားလိုက်တာနဲ့ ဆဲလ်နံရံတွေပျက်ဆီးသွားပြီး ပိုးဝင်ဖို့ လွယ်ကူပါတယ်။

သင့်လျှော်တဲ့ အပူချိန်မှာ ထားပါ။

အသီးအရွက်တွေက အပူချိန်အမျိုးမျိုးမှာ ရှင်သန်ပေါက်ဖွားကြတာဖြစ်တဲ့အတွက် သိမ်းတဲ့နေရာမှာလည်း အပူချိန်တွေ မတူညီကြပါဘူး။ ရာသီကုန်တွေဖြစ်တဲ့ အာလူးနဲ့ သခွားသီး၊ ပဲတွေကို ရေခဲသေတ္တာထဲမှာ သိမ်းထားရင် အညိုရောင်အစက်အပျောက်တွေ ပေါ်လာပြီး ပျော့ပြဲသွားနိုင်ပါတယ်။

ကြက်သွန်နဲ့ အမြစ်ပါတဲ့ အသီးအနှံတွေကတော့ ရေခဲသေတ္တာထဲမှာ သိမ်းနိုင်ပါတယ်။ ရေခဲသေတ္တာထဲမှာ ထောပတ်သီးကို ထားရင်တော့ မမှည့်နိုင်တဲ့အတွက် အလင်းရောင်မရှိတဲ့နေရာမှာ သိမ်းဆည်းနိုင်ပါတယ်။

လေဝင်လေထွက်ရှိပါစေ။

တချို့အသီးအနှံတွေက လေသလပ်ခံဖို့ လိုပါတယ်။ မှိုတွေကိုတော့ ပလက်စတစ်အိတ်မသုံးဘဲ စက္ကူအိတ်ကို သုံးသင့်ပါတယ်။ အကယ်၍ ပလက်စတစ်အိတ်နှင့် သိမ်းခဲ့ပါက လေဝင်လေထွက်ပေါက်ဖောက်ပေးဖို့ လိုပါတယ်။

နေရောင်နှင့် ဝေးတဲ့နေရာမှာထားပါ။

အာလူးတွေကို မြန်မြန်မမှည့်ချင်ဘူးဆိုရင်တော့ အလင်းရောင်မရှိတဲ့နေရာမှာ သိမ်းပါ။ အစိုဓာတ်ရှိတဲ့နေရာဆိုရင်တော့ ချွဲပျစ်ပျစ်ကြီး ဖြစ်သွားနိုင်ပါတယ်။

တချို့အသီးအနှံတွေကို သပ်သပ်သိမ်းဖို့လိုပါတယ်။

ငှက်ပျောသီးကနေထွက်တဲ့ အီသလင်းဓာတ်ငွေ့က အသီးအနှံတွေ ရင့်မှည့်စေဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ အကယ်၍ သစ်သီးတွေ အလျင်အမြန် မှည့်လိုလျှင် ငှက်ပျော်သီးနဲ့ ရောသာထားလိုက်ပါ။

ခရမ်းချဉ်သီးကို ရေခဲသေတ္တာထဲထည့်ထားလျှင် အလွယ်တကူအနံ့ပြယ်နိုင်ပြီး မြန်မြန်အသုံးပြုနိုင်ပါတယ်။

သင့်တော်တဲ့ အရသာဖြစ်ဖို့

ဆားက ဟင်းလျာတော်တော်များများရဲ့ အရသာကို ပိုပြီးကောင်းစေတာမှန်ပေမယ့် ဟင်းသီးဟင်းရွက်တွေ အတွက်တော့ မဟုတ်ပါဘူး။ လှီးဖြတ်ပြီးသား အသီးအရွက်တွေကို ဆားရည်နဲ့ ဆေးလိုက်တာက အထဲမှာရှိတဲ့ တန်ဖိုးရှိတဲ့ အဟာရဓာတ်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။

မီးပြင်းချက်ခြင်း

စွပ်ပြုတ်လုပ်တာကလွဲလို့ ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်ဖို့ မီးပြင်းပြင်းမလိုအပ်ပါဘူး။ အပူချိန်မြင့်ရင် အသီးအရွက်မှာ ပါတဲ့ သတ္တုဓာတ်နဲ့ ဗီတာမင်တွေကို ဆုံးရှုံးစေပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

1. Reference: How to avoid ruining the vegetables. http://hellodoktor.com/healthy-living/fitness-nutrition/avoid-ruining-vegetables/. Accessed on March 24,2017
2. 10 important tips for keeping veggies fresh in the refrigerator. https://www.berrybreeze.com/10-tips-to-keep-vegetables-fresh-in-your-refrigerator/. Accessed on March 24,2017
3. How to keep your veggies vitamin-packed. http://www.webmd.com/food-recipes/features/how-to-keep-your-veggies-vitamin-packed#2. Accessed on March 24,2017

ယခုပုံစံ

07/10/2020

Dr. Phio Thiha မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နုပျိုစေတဲ့ အကောင်းဆုံး အစားအစာများ

နံနက်စာအတွက် အကောင်းဆုံးအစားအစာ



Dr. Phio Thiha မှ ရေးသားသည်။ · 07/10/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement