backup og meta

လူတော်တော်များများသတိမထားမိတဲ့ နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူတော်တော်များများသတိမထားမိတဲ့ နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ

    နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါကမြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာတော်တော်လေးအဖြစ်များနေကြပါတယ်။ လူတော်တော်များများက သူတို့ဆီမှာ ဒီရောဂါခံစားနေရတာကို အချိန်တော်တော်ကြာတဲ့အထိမသိဘဲဖြစ်နေတာမျိုးလည်းရှိတတ်ပါတယ်။ တကယ်တော့ ဒီရောဂါကအဖြစ်များပါတယ်။ လူတော်တော်များများက သတိမထားမိဘဲဖြစ်နေတတ်ကြတာပါ။ ပုံမှန်အားဖြင့်ကတော့ သတိပြုမိဖို့ ခက်ခဲတတ်ပါတယ်။ ဒီရောဂါက စနစ်တကျကုသဖို့လိုပြီး မကုသဘဲထားမယ်ဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်နိုင်တာကို သတိလက်လွတ်ဖြစ်နေတတ်ကြပါတယ်။ ဒီတော့ ကိုယ်တိုင်မှာဖြစ်ဖြစ် မိသားစုဝင်တွေနဲ့ ချစ်ခင်ရသူတစ်ဦးဦးမှာဖြစ်ဖြစ်ရောဂါခံစားနေရလားဆိုတာကို သိရှိအောင်လုပ်ဆောင်နိုင်မယ့် အကြောင်းလေးကို ဒီဆောင်းပါးလေးကနေတဆင့်ပြောပြပေးမယ်နော်။

    နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI) ဆိုတာ

    ခြေထောက်မှာရှိတဲ့သွေးပြန်ကြောရဲ့ အဆို့ရှင်ကကောင်းကောင်းအလုပ်မလုပ်နိုင်တာကြောင့် နှလုံးဆီသွေးပြန်ပို့တဲ့အခါသွေးတွေဘက်ပြန်စီးဆင်းမှုဖြစ်ပြီးသွေးပြန်ကြောထဲမှာသွေးတွေစုသွားတဲ့အခြေအနေမျိုးပါ။ အပေါ်ယံအရေပြားအောက်ဘက်မှာသွေးတွေစုနေတာမျိုးသွေးကြောတွေထုံးနေတာမျိုးတွေ့ရနိုင်ပါတယ်။ခြေထောက်အောက်ဘက်ပိုင်းမှာတွေ့ရများပေမယ့် ဒီဝေဒနာက ခန္ဓါကိုယ်မှာရှိတဲ့သွေးပြန်ကြောတွေတိုင်းမှာခံစားရနိုင်ပါတယ်။

    ဒီဝေဒနာခံစားရတဲ့အခါမြန်နိုင်သမျှမြန်မြန်ကုသမှုခံယူဖို့လိုအပ်မှာပါ။ ကုသမှုမြန်မြန်ခံယူနိုင်မှာ ကုထုံးကထိရောက်မှုရှိပြီး သက်သာပျောက်ကင်းဖို့ အခွင့်အလမ်းများတာကြောင့်ရောဂါလက္ခဏာတွေကိုမြန်မြန်သိရှိဖို့လိုအပ်ပါမယ်။ ဒီတော့ နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ CVIရောဂါခံစားရရင်ဘယ်လိုလက္ခဏာတွေဖြစ်နိုင်လဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။

    ဒီလိုလက္ခဏာတွေခံစားရနိုင်ပါတယ်

    • ခြေထောက်တွေထဲက နာကျင်နေခြင်း
    • ခြေထောက်လေးလံခြင်း (အထူးသဖြင့် တစ်နေကုန် အလုပ်လုပ်ပြီးနောက်)
    • ခြေထောက်ဖောရောင်ခြင်း
    • ခြေထောက်အပ်စူးသလို ခံစားရခြင်း (သို့မဟုတ်) ထုံကျဉ်ခြင်း
    • ကြွက်တက်ခြင်း (အထူးသဖြင့် ညပိုင်းတွင်)
    • ခြေထောက်ယားယံခြင်း၊နေရခက်ခြင်း

    ဒီအချက်တွေကြောင့်ရောဂါခံစားရနိုင်ပါတယ်

    ဘယ်သူတစ်ဦးတစ်ယောက်မဆို နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI) ကိုခံစားရနိုင်ပါတယ်။ ဒါပေမယ့် ဒီလူတွေကခံစားရနိုင်ခြေ ပိုများနေပါတယ်။

  • အဝလွန်တဲ့သူတွေ
  • ကိုယ်ဝန်ဆောင်မိခင်တွေ
  • အထိုင်များတဲ့သူတွေ
  • ဆေးလိပ်ေသာက်တတ်တဲ့သူတွေ
  • သွေးပြန်ကြောမှာသွေးခဲတတ်တဲ့သူတွေ
  • မျိုးရိုးရှိသူတွေ
  • အချိန်ပြည့်မတ်တတ်ရပ်နေရသူတွေ
  • အသက် ၅၀ကျော်သူတွေ
  • အမျိုးသမီးတွေ မှာ CVIရောဂါခံစားရနိုင်ခြေက ပုံမှန်ထက်ပိုများနေတတ်ပါတယ်။
  • စောစီးစွာမကုသလျှင် ဖြစ်လာနိုင်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေက

    (၁) ခြေထောက်လေးလံခြင်း၊ နာခြင်း၊ ကြွက်တက်ခြင်း

    ()ပင့်ကူမျှင်သွေးကြောထုံး

    ()ကောက်ကွေးကြီးမားသောသွေးကြောထုံ

    ()ဖောရောင်ခြင်း

    ()ခြေထောက်အညိုအမဲစွဲခြင်း

    ()အနာကျက်သောခြေထောက်အနာ

    ()အနာမကျက်သော ဆိုးရွားသည့်သွေးပြန်ကြောအနာ

    ရောဂါခံစားနေရတာကို ဒီလိုနည်းနဲ့ စစ်ဆေးသိရှိနိုင်ပါတယ်

    ဆရာဝန်ကိုသွားရောက်ပြသတဲ့အခါ ဆရာဝန်က ဘာရောဂါတွေခံစားခဲ့ရဖူးလဲဆိုတာကို စစ်ဆေးပါမယ်။ ဒီလိုစစ်ဆေးတာကနာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ CVIရောဂါလက္ခဏာတွေကို ခံစားနေခဲ့ရတဲ့ ကာလအတိုင်းအတာကို သိရှိနိုင်စေဖို့ဖြစ်ပါတယ်။နောက်တစ်ဆင့်အနေနဲ့ကတော့ခြေထောက်ရောင်ရမ်းနေလား၊ အရေပြားအရောင်ပြောင်းနေလား၊သွေးကြောထဲမှာသွေးခဲတာမျိုးရှိလား ။ ခြေထောက်မှာ အနာတစ်ခုခုရှိလားဆိုတာတွေကို စစ်ဆေးပါလိမ့်မယ်။

    Duplex ultrasound (အသံလှိုင်းသုံးရှာဖွေခြင်း)

    သွေးပြန်ကြောတွင်းရှိသွေးများရဲ့ စီးဆင်းနှုန်း နဲ့ ဦးတည်ချက် ကို စမ်းသပ်ခြင်းဖြစ်ပါတယ်။သွေးတွေက ဘက်မှားစီးဆင်းနေလားဆိုတာကို ဆန်းစစ်နိုင်စေဖို့အတွက် ဒီနည်းကို အသုံးပြုတာပါ။ ဒီစစ်ဆေးမှုက အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ အဆုတ်ထဲမှာသွေးခဲနေတာလိုမျိုးပြင်းထန်တဲ့ရောဂါအခြေအနေတွေကို စမ်းသပ်ဖော်ထုတ်ရာမှာ အသုံးပြုနိုင်ပါတယ်။

    စစ်ဆေးမှုပြုလုပ်စဉ်အတွင်းမှာ ကျွမ်းကျင်ပညာရှင်က သင့်အရေပြား ပေါ်တွင် gel တစ်မျိုးသုတ်လိမ်းပါမယ်။ ပြီးရင်တော့သေးငယ်သော ကိရိယာလေးကို အရေပြားပေါ်ထောက်ပြီး စစ်ဆေးမှာဖြစ်ပါတယ်။ ဒီကိရိယာက အသံလှိုင်းတွေကိုအသုံးပြုပြီး သွေးစီးဆင်းမှု ပုံရိပ်တွေကို ကွန်ပျူတာပေါ်မှာ မြင်တွေ့စေမှာဖြစ်ပါတယ်။ စစ်ဆေးမှုလုပ်ဖို့ မိနစ် ၃၀ ကနေ တစ်နာရီလောက်အထိကြာမြင့်နိုင်ပါတယ်။ပြီးရင်တော့ ပုံမှန်အတိုင်းလှုပ်ရှားမှုတွေလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

    အခြားစစ်ဆေးသိရှိနိုင်တဲ့နည်းလမ်းများ

    ဘယ်လိုသက်သာအောင်လုပ်မလဲ

    CVI ကိုကုသရာမှာ လူနာတစ်ယောက်နဲ့တစ်ယောက် ကုသမှုပုံစံချင်းကွဲပြားနိုင်ပါတယ်။ ကုထုံးတော်တော်များများကတော့ရောင်ရမ်းမှုကိုလျော့သွားစေဖို့နဲ့သွေးစီးဆင်းမှုပုံမှန်ဖြစ်လာစေဖို့ ရည်ရွယ်တာပါ။

    နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (CVI) ခံစားနေရသူတွေအနေနဲ့နေ့စဉ်ဘဝနေထိုင်မှုပုံစံကို အနည်းငယ်ပြောင်းလဲပေးဖို့လိုပါမယ်။ခြေထောက်ကို ခပ်မြင့်မြင့်လေးထားပေးတာကဝေဒနာခံစားရသူတော်တော်များများမှာရောင်ရမ်းမှုကိုလျော့ပါးသက်သာစေပြီးခြေထောက်ရဲ့သွေးလည်ပတ်မှုကိုကောင်းမွန်စေနိုင်ပါတယ်။ မကြာခဏဆိုသလို ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ပေးတာကလည်းသွေးလည်ပတ်မှုကောင်းစေဖို့ အထောက်အကူဖြစ်ပါတယ်။

    ဒီဝေဒနာကမြန်မြန်ကုသနိုင်လေလေ ထိခိုက်မှုနည်းပြီး ထိရောက်မှုရှိလေလေပါ။ ဒါကြောင့်မြင်သာတဲ့လက္ခဏာတွေတွေ့မြင်ရပြီဆိုတာနဲ့ တတ်သိနားလည်တဲ့သူတွေနဲ့ပြသပြီး ထိရောက်တဲ့ ကုသမှုခံယူဖို့ပြောပါရစေ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement