ဒီဒြပ်ပေါင်းက ဦးနှောက်နဲ့ အာရုံကြောထိခိုက်မှုဖြစ်စေတယ်၊ အော်တစ်စင်ဖြစ်စေတယ်ဆိုတဲ့ အကြောင်းကို လေ့လာကြည့်လိုက်တဲ့အခါမှာ ဒီနှစ်ခုက သက်ဆိုင်မှု မရှိတာကို တွေ့ရပါတယ်။ ခုဆိုရင် ဒီထက်ကောင်းတဲ့ ပစ္စည်းတွေ ပေါ်လာတာကြောင့် ၂၀၀၁တည်းက ကာကွယ်ဆေးတော်တော်များများမှာ ဒီဓာတ် မပါဝင်တော့ပါဘူး။
-
ကာကွယ်ဆေးတွေ အများကြီးထိုးရင် ခုခံအားကျလာမယ်။
ကလေးအသက်ပေါ်လိုက်ပြီး တစ်ခါတည်းနဲ့ ကာကွယ်ဆေး နှစ်ချောင်း၊ သုံးချောင်း ထိုးရတာတွေ ရှိပါတယ်။ တချို့ကာကွယ်ဆေးတွေဆို တစ်ခါတည်း ၅မျိုးစပ်၊ ၆မျိုးစပ်ဆိုပြီး လာပါတယ်။ ဒီလို ကာကွယ်ဆေးတွေကို တစ်ခါတည်း အများကြီးထိုးရင် ကလေးက ခုခံအားကျတတ်တယ်လို့ ပြောကြပါတယ်။
တကယ့်လက်တွေ့မှာတော့ ကလေးရဲ့ ကိုယ်ခံအားက ဝင်လာတဲ့ ပိုးတွေကို ပြန်ပြီး တုံ့ပြန်နိုင်ဖို့ စီစဉ်ထားပြီးသားပါ။ ဒါသူ့ရဲ့ မွေးရာပါဗီဇပါပဲ။ ဒါ့ပြင် ကာကွယ်ဆေးဆိုတာ ပိုးအခွံတွေ၊ အားမရှိတော့တဲ့ ပိုးတွေကို ထည့်ထားတာပါ။ ကလေးရဲ့ ခုခံအားက ပိုးကောင်ကို မှတ်မိပြီး ပြန်တိုက်နိုင်ရုံ ထည့်ထားတာပါ။ ဒါကြောင့် ကလေးရဲ့ ခုခံအားကို ဥပါဒ်မဖြစ်စေပါဘူး။ ဥပါဒ်မဖြစ်တဲ့အပြင် ခုခံအားကို လေ့ကျင့်ပြီးသား ဖြစ်ပါတယ်။
ဒါကြောင့် ပြင်းပြင်းထန်ထန် ခုခံအား ကျနေတဲ့ ကလေးတွေက လွဲရင် ကာကွယ်ဆေး ထိုးလို့ရပါတယ်။ ပြင်းပြင်းထန်ထန် ခုခံအားကျနေရင်တောင် ခုခံအား ပြန်တက်လာတဲ့အခါ ထိုးလို့ရပါတယ်။ ခုခံအားကျတတ်တဲ့ ကလေးတွေဟာ သူများထက် ရောဂါပိုးဝင်လွယ်တာကြောင့် သူတို့က ပိုတောင်ကာကွယ်ဖို့ လိုအပ်ပါတယ်။
ဒါကတော့ ရှေ့တစ်ခေါက်မှာ ထိုးတုန်းက ကလေးက ဖျားလို့၊ ထိုးတဲ့ နေရာက နီပြီး ရောင်နေလို့ မိဘတွေ အနေနဲ့ ကာကွယ်ဆေးနဲ့ မတည့်ဘူးလို့ ယူဆပြီး မထိုးပေးတော့တာပါ။ တကယ်က မတည့်တာ မဟုတ်ပါဘူး။ ခုခံအားက ပြန်တုံ့ပြန်တာပါ။ နောက်ပြီး ကာကွယ်ဆေးတွေက အကြိမ်ရေ ပြည့်အောင် ထိုးမှ၊ ထပ်ဆောင်းကာကွယ်ဆေးတွေကို စုံအောင် ထိုးမှ အပြည့်အဝ ခုခံနိုင်မှာပါ။ တစ်ခါတည်းထိုးပြီး ဆက်မထိုးရင် လုံလောက်တဲ့ ခုခံအား ရမှာ မဟုတ်ပါဘူး။
ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကလေးတွေက ဆေးထိုးသောနေရာတွင် နာခြင်း၊ ရောင်ခြင်း၊ ဖျားခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ မူးဝေခြင်း၊ အဆစ်ကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စတာတွေ ခံစားရတတ်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာပါပဲ။ ဒါပေမယ့် ဒါက အပရိကတွေပဲ ဖြစ်ပြီး ကလေးအသက်အန္တရာယ်ထိခိုက်လောက်အောင် စိုးရိမ်စရာ မဟုတ်ပါဘူး။ ရောဂါပိုးဝင်လာမှာထက်စာရင် ဒါတွေက တော်သေးတယ်လို့ ပြောရမှာပါ။
ကာကွယ်ဆေးထိုးဖို့ နှောင့်ယှက်နေတဲ့ အရာတွေကို ဘယ်လိုကျော်လွှားကြမလဲ။
ဒီအကြောင်းရင်း နှစ်ချက်ကိုသာ ဖြေရှင်းနိုင်ရင် မိဘတွေအနေနဲ့ နောက်တစ်ခါ ကာကွယ်ဆေး ထိုးသင့်၊ မထိုးသင့်ဆိုတာကို ကိုယ့်ဟာကိုယ် စဉ်းစားဆင်ခြင်နိုင်မှာပါ။
ကောလာဟလဆိုတဲ့ အတိုင်း အမှန်နည်းနည်း၊ အမှားများများပါ။ ဟုတ်မဟုတ် သေချာသိရအောင် တတ်ကျွမ်းနားလည်သူဆီမှာ သေချာ မေးမြန်းပါ။ ဘဝတူ မေမေတွေနဲ့လည်း တိုင်ပင်ပါ။ သတင်းတွေ မှန်မမှန် စစ်ဆေးပါ။ သတင်းမှား တစ်ခုကြောင့် ကာကွယ်ဆေးလွတ်သွားရင် ပိုးဝင်ကူးစက်ပြီး ကလေးပဲ နစ်နာပါတယ်။
ပထမတစ်ခေါက် ဆေးထိုးပြီး ဖျားဖူးတယ်ဆို နောက်အခါတွေမှာလည်း ဖျားကောင်း ဖျားနိုင်ပါတယ်။ ဖျားမှာ နာမှာကို မစိုးရိမ်ပါနဲ့။ ဒါတွေက ဖြေရှင်းလို့ ရပါတယ်။ တစ်ခါမှ မထိုးဖူးဘူး။ ခုထိုးမှ ကလေးဖျားရင် ဘယ်လိုလုပ်မလဲဆိုပြီး တွေးကြောက်မနေပါနဲ့ မေမေတို့။ ဖြေရှင်းလို့ ရတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးပါ့မယ်။
-ဖျားရင် အရည်များများတိုက်ပါ။ အေးတဲ့ အဝတ်အစားလေး ဝတ်ပေးပါ။ ရေပတ်တိုက်ပေးပါ။ လိုအပ်ရင် ပါရာစီတမော တိုက်ပါ။
-ဆေးထိုးတဲ့နေရာမှာ နာရင်၊ ရောင်ရင် သန့်ရှင်းသော ရေအေးပတ်ဖြင့်အုပ်ပါ။ လိုအပ်ရင် ပါရာစီတမော တိုက်ပါ။
-တခြားလက္ခဏာတွေကတော့ ၁ရက် ၂ရက်အတွင်း အလိုလို ပျောက်ကင်းလေ့ရှိပါတယ်။
-လက္ခဏာပြင်းထန်ရင် ဒါမှမဟုတ် အချိန်ကြာတဲ့အထိမပျောက်ရင် ဆရာဝန်နဲ့ ပြသပါ။
ကာကွယ်ဆေးတွေရဲ့ အာနိသင်က ခံစားရတဲ့ ဖျားတာ၊ နာတာနဲ့ ယှဉ်ရင် ဘာမှမဟုတ်ပါဘူး။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးကို ကာကွယ်ဆေး အကြိမ်ရေ ပြည့်အောင် ထိုးပေးဖို့၊ ထပ်ဆောင်းကာကွယ်ဆေးတွေကိုပါ ပြည့်ပြည့်စုံစုံထိုးပေးဖို့ အကြံပေးလိုပါတယ်။
ကောလာဟလတွေကို ယုံနေတာထက် မေမေတို့ စိတ်ထဲမှာ သိချင်တာ၊ မကျေလည်တာ ရှိရင် ဆရာဝန်ကို ပွင့်ပွင့်လင်းလင်း မေးမြန်းတာက ကလေးအတွက် လိုအပ်တဲ့ ကာကွယ်ဆေးတွေ လွတ်မသွားဖို့ အများကြီး အထောက်အကူဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။