Probiotics ဘယ်ကစ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 2, 2020 . 2 mins read
Share now

ကြားဖူးကြလား အကျိုးပြုဘက်တီးရီးယား ( Probiotics ဆိုတဲ့ စကားလုံးလေးကို။ ကြားဖူးတယ်ဆိုရင် ထပ်မေးကြည့်ချင်တာက ဒီစကားလုံးလေး ဘယ်လိုစဖြစ်ပေါ်လာတာလဲဆိုတာကိုရော သိပြီးပြီလား။ မသိသေးရင်တော့ ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်လိုက်နော်။

Probiotics ဘယ်ကစ

ဒီစကားလုံးက ဂရိစကားလုံးပါ။ Pro ဆိုတာက promoting (မြှင့်တင်ခြင်း) လို့ အဓိပ္ပါယ်ရပြီး biotic ဆိုတာကတော့ (ရှင်သန်ခြင်း) လို့အဓိပ္ပါယ်ရပါတယ်။ ၂၀ ရာစုနှစ်အစောပိုင်းက ပေါ်ပေါက်လာခဲ့တဲ့ စကားလုံးလေးတစ်ခုပေါ့။ ဒီစကားလုံးလေးကိုမွေးထုတ်ပေးခဲ့သူကတော့ father of probiotics လို့သိကြတဲ့ ဘူဂေးရီးယားနိုင်ငံသား Elie Metchnikoff ပါ။ ဒီအကျိုးပြုဘက်တီးရီးယားလေးတွေကို ဒိန်ချဉ်လိုမျိုးအချဉ်ဖောက်ထားတဲ့အရာတွေမှာ တွေ့ရှိရပြီး ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူပြုပေးနိုင်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

Probiotics ဆိုတာ ဘာလဲ………

ခန္ဓာကိုယ်ရဲ့ အစာခြေစနစ် ကနေစလို့ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ စိတ်ကျန်းမာရေးအတွက်ပါအကောင်းဆုံးထောက်ပံ့ပေးတဲ့ သက်ရှိဘက်တီးရီးယားလေးတွေပါ။ ကျန်းမာပျော်ရွှင်နေစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့်လည်း အကျိုးပြုဘက်တီးရီးယားလို့ခေါ်တာပေါ့။

Probiotics အမျိုးအစား

Probiotics အမျိုးအစားက တစ်မျိုးမကရှိပါတယ်။ အမျိုးအစားမတူသလို အကျိုးပြုပုံချင်းလည်း မတူပါဘူး။ Probiotics အမျိုးအစားတွေက –

Lactobacillusဒါကတွေ့ရအများဆုံး Probiotic ပါ။ ဒီ Probiotic အမျိုးအစားကို ဒိန်ချဉ်မှာတွေ့ရများပါတယ်။ Probioticsတွေက ဝမ်းလျှောတာကို သက်သာစေနိုင်ပြီးlactose ကို အစာကြေခဲတဲ့သူတွေအတွက်လည်း အစာခြေစနစ်ကို အထောက်အပံ့ပေးပါတယ်။

Bifidobacterium – ဒီProbiotic အမျိုးအစားကိုတော့ နို့ထွက်ပစ္စည်းတွေမှာတွေ့ရတာများပါတယ်။irritable bowel syndrome (IBS) (နာတာရှည် အူလမ်းကြောင်းဆိုင်ရာ ပြဿနာစု) လက္ခဏာတွေနဲ့ အခြားအစာအိမ်အူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။

Saccharomyces boulardii– ဒါကတော့probiotics ထဲမှာတွေ့ရတဲ့ တစေးတစ်မျိုးပါ။ ဝမ်းလျှောတာနဲ့ အခြားအစာခြေစနစ်ဆိုင်ရာပြဿနာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။

Probiotics ကဘာတွေလုပ်ပေးလဲ…..

အကျိုးပြုဘက်တီးရီးယားလေးတွေဖြစ်ကြတဲ့ Probiotics တွေက ကျန်းမာရေးအတွက်တော်တော်လေး ထောက်ပံ့ပေးနိုင်ပါတယ်။ အကျိုး​ပြုဘက်တီးရီးယားလေးတွေရဲ့ အရေးအကြီးဆုံးတာဝန်တစ်ခုက အူမကြီးထဲက အကျိုးပြုဘက်တီးရီးယားအရေအတွက်ကို ထိန်းညှိပေးတာပါ။ ဒါတွေအပြင် probiotics တွေက

  • အူထဲက အကျိုးမပြုတဲ့ဘက်တီးရီးယားတွေကို လျော့ကျစေပြီး အစာခြေစနစ်ရောင်ရမ်းတာ၊ အစာခြေစနစ်ပိုးဝင်တာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။
  • အကျိုးမပြုဘက်တီးရီးယားတွေပေါက်ဖွားမှုကို ဟန့်တားပေးပါတယ်
  • ဆုံးရှုံးသွားတဲ့ အကျိုးပြုဘက်တီးရီးယားတွေကို အစားဖြည့်ပေးတယ်
  • ခန္ဓာကိုယ်က လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်စေဖို့ ကိုယ်တွင်းကဘက်တီးရီးယားအရေအတွက်ကို ထိန်းညှိပေးတယ်၊ စတဲ့ တာဝန်တွေကိုထမ်းဆောင်ပေးပါတယ်။

Probiotics က အရေးပါတယ်လို့ ပြောရတဲ့အကြောင်းအရင်းက ဘာများဖြစ်မလဲ…….

အကျိုးပြုဘက်တီးရီးယား (Probiotics) က ခန္ဓာကိုယ်ကျန်းမာဖို့အတွက် တော်တော်လေးအရေးပါပါတယ်။ ဒီလိုပြောရတာက အကျိုးပြုဘက်တီးရီးယားလေးတွေက

ဝိတ်ကျစေနိုင်တယ်

ကိုယ်အလေးချိန်များလို့ လျှော့ချနေတဲ့သူတွေ၊ ကိုယ်အလေးချိန်ထိန်းချင်တဲ့သူတွေအတွက် တော်တော်လေးအဆင်ပြေစေနိုင်ပါတယ်။ အဝလွန်တာမျိုးမဖြစ်အောင်လည်း အထိရောက်ဆုံး ကာကွယ်နိုင်ပါတယ်။ အဝလွန်တာကို သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ရပါတယ်။ Lactobacillus အမျိုးအစား အကျိုးပြုဘက်တီးရီးယားက ကိုယ်အလေးချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ သွေးကြောတွေထဲမှာ အဆီတွေပိတ်ဆို့တာမျိုးမဖြစ်အောင်လည်း အကောင်းဆုံး ကာကွယ်ပေးနိုင်ပါသေးတယ်။ ကျန်းမာတဲ့ BMI ကိုထိန်းသိမ်းဖို့ အကောင်းဆုံး ပံ့ပိုးပေးနိုင်တဲ့ အရာတစ်မျိုးပေါ့။ လေ့လာမှုတွေအရတော့ အကျိုးပြုဘက်တီးရီးယားတွေက ကိုယ်တွင်းက အဆီတွေကိုလျှော့ချပေးပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးတာပါ။

အစာခြေစနစ် ကျန်းမာစေနိုင်တယ်

ခန္ဓာကိုယ်ကျန်းမာဖို့အတွက် အရေးပါတဲ့ အစာခြေစနစ် ကျန်းမာစေဖို့လည်း အကျိုးပြုဘက်တီးရီးယားတွေက အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ အူနံရံတွေကို ကျန်းမာစေနိုင်ပြီး အာဟာရတွေစုပ်ယူနိုင်စေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်သလို အူတွေရောင်ရမ်းတာမျိုးမဖြစ်အောင်လည်း အကောင်းဆုံး ကာကွယ်ပေးပါတယ်။ အစာခြေစနစ်တလျှောက်မှာ အကျိုးပြုဘက်တီးရီးယားအရေအတွက်ကို အကောင်းဆုံးထိန်းညှိပေးရင်း အစာခြေစနစ်ကို ကျန်းမာစေပြီး နာတာရှည် အစာခြေစနစ်ပြဿနာတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

ဝမ်းမှန်စေနိုင်တယ်

အကျိုးပြုဘက်တီးရီးယားလေးတွေက အစာခြေစနစ်ကို အကောင်းဆုံးလုပ်ဆောင်နိုင်စေပြီး ဝမ်းချုပ်တဲ့ပြဿနာကနေ ကင်းဝေးစေမှာပါ။ လေပွတာ၊ အစာအိမ်နာတာတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ရပါတယ်။

စိတ်ကျန်းမာရေး ကောင်းစေတယ်

အစာခြေစနစ် နဲ့ ဦးနှောက်က ဆက်စပ်နေတာပါ။ အစာခြေစနစ် ကျန်းမာမှ အာရုံကြောစနစ်ကျန်းမာစေနိုင်မှာပါ။ ဒါကြောင့် စိတ်ခံစားမှုကောင်းစေဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ဆိုရင်လည်း အကျိုးပြုဘက်တီးရီးယားလေးတွေကို အားကိုးလို့ရပါတယ်။ မှတ်မိနိုင်စွမ်း တိုးစေပြီး အာရုံစူးစိုက်မှုကောင်းစေနိုင်သလို စိတ်ဖိစီးတာနဲ့ စိတ်ဓာတ်ကျတာကို သက်သာစေနိုင်မှာပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ညအိပ်မပျော်သူတိုင်း ပြင်ဆင်သင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် (၁၀) ချက်

ညအိပ်ချိန် လူငယ် ဖုန်း အင်တာနက် ကျန်းမာရေး အလုပ် တရားထိုင် တေးဂီတ ကဖင်းဓာတ် လေ့ကျင့်ခန်း အစာအာဟာရ ဦးနှောက် ကြွက်သား အိပ်ခန်း အရက် အစာအိမ် စိတ်ဖိစီးမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ဘယ်လိုပြေးမှာလဲ၊ ဘာလို့ ပြေးမှာလဲ

လေ့ကျင့်ခန်း၊ Work-out၊ Gym၊ ကိုယ်အလေးချိန်၊ အပြေးလေ့ကျင့်ခန်း၊ အိပ်ပျော်၊ စိတ်ခံစားချက်၊ နှလုံး၊ အသက်ရှည်၊ လမ်းလျှောက်၊ ကယ်လိုရီ၊ သီချင်းနားထောင်၊ ရေဓာတ်၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

ညနေ ၆ နာရီနောက်ပိုင်း ဘာမှမစားရင် ဝိတ်ကျမှာလား

ကိုယ်အလေးချိန်၊ အစားအသောက်၊ အစာလျှော့စား၊ သစ်သီးတွေ၊ ပရိုတိန်းဓာတ်၊ ဟင်းသီးဟင်းရွက် နေ့လယ်စာ၊ အေးခဲစာ၊ အသင့်စားဆီကြော်မုန့်၊ Junk Food၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သက်သတ်လွတ်စားရင်း ကြွက်သားလည်း ဖွံ့ဖြိုးစေမယ့် နည်းလမ်းများ

သက်သက်လွတ်၊ Vegan Diet၊ ကိုယ်အလေးချိန်၊ လေ့ကျင့်ခန်း၊ ကြွက်သား၊ Body Builder၊ အဆီပို၊ ကယ်လိုရီ၊ Work-out၊ ပရိုတိန်း၊ ဗီတာမင်၊ ဟင်းသီးဟင်းရွက်၊ ပဲနို့၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

အိပ်ပျော်နေစဉ် လေလည်ခြင်း (Sleep Farting)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read

လေလည်တယ်ဆိုတာ ကျန်းမာခြင်းရဲ့ လက္ခဏာပြယုဂ်တစ်ခုပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read

ညသန်းခေါင်မှအိပ်တဲ့ ဉာဉ့်ငှက်လေးတွေ အသက်မြန်မြန်တိုမယ်နော်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 3 mins read

လူတွေ ဘာကြောင့် အိပ်စက်အနားယူဖို့ လိုအပ်တာလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 3 mins read