လိပ်ခေါင်းခွဲစိတ်ကုသခြင်းအကြောင်း
လိပ်ခေါင်းဆိုတာဟာ စအိုမှာရှိတဲ့ သွေးပြန်ကြောတွေ ဖောင်းကားလာရာကနေ ဖြစ်ပေါ်ပါတယ်။ သွေးပြန်ကြောများရဲ့ တည်နေရာကို မူတည်ပြီး အပြင်လိပ်ခေါင်းနဲ့ အတွင်းလိပ်ခေါင်းဆိုပြီး ရှိပါတယ်။ ဝမ်းချုပ်ရင် ဖြစ်နိုင်ခြေများပြီး အမျှင်ဓာတ်များသော အစားအစာများ စားသောက်ခြင်း၊ တရက်လျှင် ရေဖန်ခွက် ၈ခွက်ခန့် သောက်သုံးခြင်း စတာတွေနဲ့ ကာကွယ်နိုင်ပါတယ်။ ဝမ်းချုပ်ရင် လိပ်ခေါင်းအခြေအနေ ပိုဆိုးနိုင်တာမို့ ဝမ်းပျော့ဆေး၊ ဝမ်းချူဆေးများလည်း သုံးနိုင်ပါတယ်။ နောက်ဆက်တွဲပြဿနာများ အပြင်လိပ်ခေါင်းကြောင့် နာကျင်ပြီး သွေးခဲများ ဖြစ်ပေါ်နိုင်ပါတယ်။ အတွင်းလိပ်ခေါင်းဖြစ်ရင် စအိုဝကနေ အပြင်ကို စူထွက်လာပြီး နာကျင်မှု ခံစားရပါတယ်။ ရောဂါပိုးဝင်နိုင်ခြေလည်း ရှိပါတယ်။ ပုံမှန်နည်းလမ်းများနဲ့ မသက်သာရင် ခွဲစိတ်ကုသရတတ်ပါတယ်။ လက္ခဏာများ များသောအားဖြင့် အတွင်းလိပ်ခေါင်းကြောင့် နာကျင်ခြင်း မဖြစ်နိုင်ပါဘူး။ မနာပေမယ့် အိမ်သာသွားစဉ် သွေးယိုခြင်းဖြစ်နိုင်ပါတယ်။ တခါတရံမှာ အပြင်ကို စူထွက်လာနိုင်ပါတယ်။ အပြင်လိပ်ခေါင်းကြောင့်လည်း ဝမ်းသွားစဉ် သွေးပါတတ်ပါတယ်။ အပြင်ဘက်မှာရှိတာကြောင့် နာကျင်ခြင်း၊ […]