လိပ်ခေါင်းရောဂါ တိုက်ဖျက်ဖို့ ဒါတွေစားကြစို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

လူအတော်များများ တစ်ကြိမ်တစ်ခါတော့ လိပ်ခေါင်းရောဂါ ရဖူးကြပါတယ်။ လိပ်ခေါင်း ရောဂါဆိုတာ အူမကြီးလမ်းကြောင်းအဆုံး၊ စအိုဝနားက သွေးကြောတွေရောင်ရမ်းပြီး ဖြစ်လာတဲ့ ရောဂါတစ်ခုပါ။ လိပ်ခေါင်း အမျိုးအစားအမျိုးမျိုးရှိပြီး အတွင်းလိပ်၊ အပြင်လိပ်စသည်ဖြင့် ခွဲခြားနိုင်ပါတယ်။ အခုဆောင်းပါးမှာတော့ လိပ်ခေါင်းရောဂါမဖြစ်အောင် စားသုံးပေးရမယ့် အစားအစာတွေကို ပြောပြပေးပါ့မယ်။

စအိုဝနားက သွေးကြောတွေအပေါ် ဖိအားသက်ရောက်မှု သာမန်ထက်များလာတဲ့အခါ လိပ်ခေါင်းရောဂါ ဖြစ်လာပါတယ်။ အိမ်သာအကြာကြီးတက်တာ၊ အဝလွန်တာ၊ ကိုယ်ဝန်ဆောင်ထားရတာ၊ အထိုင် များတာ စတာတွေအားလုံးက စအိုဝသွေးကြောတွေကို ဖိအားပိုသက်ရောက်စေပါတယ်။ ဝမ်းသွားချင်တာကို မသွားဘဲ အောင့်အီးချုပ်တည်းထားတာနဲ့ ဝမ်းမာမာတွေသွားတာလည်း လိပ်ခေါင်းထွက်အောင် အားပေးပါတယ်။ ဒါ့ကြောင့် ဝမ်းသွားချင်ရင် လုံးဝမချုပ်တည်းထားဖို့ လိုပါတယ်။ ဝမ်းပျော့ပျော့သွားဖို့အတွက် အမျှင်ဓာတ်နဲ့ ရေဓာတ်လုံလုံလောက်လောက်ရအောင် စားသောက်ရပါမယ်။ အမျှင်ဓာတ်ရဖို့အတွက် အောက်ပါအစားအသောက်တွေ များများစားပေးပါ။

ပဲမျိုးစုံ – အစားအစာတွေကနေ soluble နဲ့ insoluble အမျှင်ဓာတ် ၂ မျိုးရပါတယ်။ အစာခြေလမ်းကြောင်းထဲ မှာ ချေဖျက်ပြီးပျော်ဝင်သွားနိုင်တဲ့ soluble အမျှင်ဓာတ်ရယ်၊ အူလမ်းကြောင်းထဲမှာ မစင်တုံး ဖြစ်လာအောင်ကူညီလုပ်ဆောင်ပေးတဲ့ insoluble အမျှင်ဓာတ် ၂ မျိုးစလုံးရမှ အူလမ်းကြောင်းကျန်းမာရေး ကောင်းမွန်မှာဖြစ်ပါတယ်။ ပဲအမျိုးအစား မျိုးစုံမှာ အမျှင်ဓာတ် ၂ မျိုးစလုံးကြွယ်ဝစွာပါဝင်နေတဲ့အတွက် လိပ်ခေါင်းရောဂါအတွက် စားကိုစားပေးသင့်ပါတယ်။ ဝမ်းပျော့အောင်လုပ်ဆောင်ပေးတဲ့အတွက် ဝမ်းသွားချိန်မှာ ညှစ်စရာမလိုဘဲ ရှောရှောရှူရှူ သွားနိုင်အောင်လုပ်ဆောင်ပေးပါတယ်။

ဂျုံကြမ်း၊ အစေ့အဆန်များ – ဖြူဖွေးနေတဲ့ပေါင်မုန့်၊ ပါစတာနဲ့ ခရက်ကာမုန့်တွေကို ခဏမေ့ထားလိုက်ပါ။ ဒီမုန့်တွေအစား ပေါင်မုန့်ကြမ်း၊ ကွေကာအုပ်တွေကို ရွေးချယ်လိုက်ပါ။ ကွေကာအုပ်နဲ့ဘာလီထဲမှာ ချေဖျက်နိုင် တဲ့အမျှင်ဓာတ်တွေအများကြီးပါတာမို့ ဝမ်းပျော့အောင်ကူညီပေးနိုင်ပါတယ်။

အသီးအနှံမျိုးစုံ – သစ်သီးတွေထဲမှာပါတဲ့ flavonoid ဓာတ်က လိပ်ခေါင်းသွေးယိုခြင်းကို သက်သာအောင် လုပ်ပေးနိုင်ပါတယ်။ ဘယ်ရီသီး၊ စပျစ်သီး၊ သစ်တော်သီး၊ ပန်းသီး၊ ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ အစိမ်းရင့်ရောင်ရှိတဲ့ဟင်းသီးဟင်းရွက်အများစုမှာ ဒီဓာတ်ပါဝင်ပြီး လက်လက်ဆတ်ဆတ်စားလေ ပိုကောင်းလေပါပဲ။ ကျန်းမာရေးအတွက် တစ်နေ့ကို အသီးအရွက်တွေကနေ အမျှင်ဓာတ် ၃-၄ ဂရမ်လောက်ရအောင်စားသုံးပေးသင့်ပါတယ်။ တကယ်လို့ အမျှင်ဓာတ်ကော ရေဓာတ်ပါ ကြွယ်ဝတဲ့ သခွားသီး၊ ဖရဲသီးလို အသီးတွေပါစားသုံးပေးရင် ပိုကောင်းပါတယ်။ တစ်ကြိမ်တည်းနဲ့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အဓိကဓာတ် ၂ မျိုးစလုံးရသွားမှာဖြစ်လို့ပါပဲ။

ရေဓာတ်အမျှင်ဓာတ်လုံလုံလောက်လောက်ရဖို့လိုသလို အူလမ်းကြောင်းထဲမှာအမျှင်ဓာတ်ကို ချေဖျက်ဖို့ရေ ဓာတ်လည်းလိုပါတယ်။ တစ်နေ့ကို ရေဘယ်လောက်သောက်သင့်တယ်ဆိုတာတော့ တစ်ဦးချင်းစီရဲ့ အသက် အရွယ်၊ ကျား/မ၊ အလုပ်အကိုင် စတာတွေအပေါ်မူတည်ပြီး ကွဲပြားပါလိမ့်မယ်။ အနည်းဆုံးတော့ တစ်ရက်ကို ရေ ၈ ခွက်လောက်သောက်သုံးဖို့ တိုက်တွန်းချင်ပါတယ်။ မြန်မာနိုင်ငံလို ရာသီဥတုပူပြင်းတဲ့ဒေသမှာနေထိုင်သူ  ဆိုရင်တော့ ဒီပမာဏထက်ပိုလိုအပ်မယ်လို့ယူဆပါတယ်။

ကဲ….စားရမှာတွေပြောပြီးပြီဆိုတော့ ရှောင်ရမှာလေးတွေပါ တစ်ဆက်တည်း ပြောပြမယ်နော်။ အမျှင်ဓာတ် နည်းနည်းပဲပါပြီး ဝမ်းချုပ်စေမယ့် အစားအစာတွေကို ရှောင်ရပါမယ်။ နို့နဲ့ နို့ထွက်အစားအစာတွေ (ချိစ်၊ ဒိန်ခဲ၊ ဒိန်ချဉ်)၊ ဖြူဖွေးပြီး စားချင်စဖွယ်ဖြစ်ပေမဲ့ အမျှင်ဓာတ်နည်းနည်းပဲပါတဲ့ ပေါင်မုန့်ဖြူ၊ ပါစတာ၊ ပေါင်မုန့်လုံးတွေ၊ အူထဲမှာချေဖျက်ဖို့ အချိန်ကြာကြာပေးရတဲ့ အနီရောင်အသားတွေ၊ အမျှင်ဓာတ်နည်းပြီး ဆားပါဝင်မှုများတဲ့ အတွက်စားသုံးလိုက်ရင် ဝမ်းချုပ်စေတတ်တဲ့ စည်သွပ်ဗူးတွေ၊ အစာချေဖို့ခက်တဲ့ ဆီကြော်မုန့်တွေ၊ လေပွစေပြီး လိပ်ခေါင်းထွက်အောင် ပိုအားပေးသလိုဖြစ်စေတဲ့အငန်စာတွေကို လုံးဝရှောင်သင့်ပါတယ်။

နောက်ပြီး လိပ်ခေါင်းရောဂါသက်သာအောင် စပ်တဲ့အစားအသောက်တွေ၊ ကဖင်းဓာတ်ပါတဲ့ သောက်စရာတွေ နဲ့ အရက်ကိုလည်း ရှောင်သင့်ပါတယ်။ ပူစပ်တဲ့အစားအသောက်တွေ စားလိုက်ရင် လိပ်ခေါင်းမှာမသက်မသာ ဖြစ်စေပြီးနာကျင်မှုကို ပိုဆိုးစေလို့ပါ။ ကော်ဖီလို ကဖင်းပါတဲ့သောက်စရာတွေကတော့ ဝမ်းကိုပိုမာကျောသွားစေပြီး အိမ်သာတက်ရင်ပိုခက်ခဲစေပါတယ်။ အားသုံးပြီးညှစ်ရလေ လိပ်ခေါင်းပိုထွက်လာလေဖြစ်လို့ လိပ်ခေါင်းရောဂါခံစားနေရချိန်မှာ ကော်ဖီ၊လက်ဖက်ရည်မသောက်ဖို့ အကြံပေးချင်ပါတယ်။

အစားအသောက်ကို နည်းစနစ်ကျကျရွေးချယ်စားသုံးပြီး လိပ်ခေါင်းဝေဒနာ အမြန်ဆုံးသက်သာနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ရေးသားသူ – Dr.Htoo Tint

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါ ရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော (malt) လို့ ပြောလိုက်ရင် အရင်ဆုံး ပြေးမြင်တာ ဘာလဲ။ malted milk လား။ မုယော အားဖြည့်အချိုရည်တွေလား .......................................

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

မျှော်လင့်ချက်ထား ခြင်းက ကျန်းမာပျော်ရွှင်စေပါတယ် စိတ်ဓာတ်မကျပါနဲ့

မျှော်လင့်ချက်ထား တာဟာ လူတိုင်း လုပ်လို့ရတဲ့ စိတ်ပိုင်းဆိုင်ရာ တွေးခေါ်ပုံတစ်မျိုးပါ။ မျှော်လင့်ချက်မထားရင် ရည်မှန်းချက်ပျောက်ဆုံးနေတာမျိုး ဖြစ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

သက်လုံ လို့ဆိုလိုက်ရင် အားကစားသမားတွေနဲ့ပဲ ဆိုင်တယ်လို့ ပြေးမြင်ကြပါတယ်။ သက်လုံကောင်းမှ နေ့စဉ်ဘဝမှာ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်နိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိတ်ပူပင်လို့ ရင်တုန်လာတာလား… နှလုံးရောဂါလား….

စိတ်ပူပင်လို့ ရင်တုန်လာတာလား ......... နှလုံးရောဂွ ခံစားနေရလို့များ ရင်တုန်နေတာလား ဆိုပြီး စိတ်ပူနေတဲ့ စာဖတ်သူတွေ ရှိကြလား....

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 11, 2021 . 2 mins read
ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 10, 2021 . 2 mins read
ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read