ခန္ဓာကိုယ်မှာ ရေနဲ့ ဓာတ်ဆားဓာတ် ပြည့်ဝနေသူတစ်ဦးရဲ့ လက္ခဏာများ
စားတာ အိပ်တာလိုမျိုး ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့နောက်တစ်ခုက ရေသောက်တာပါ။ လူတွေက အစာဖြတ်ပြီးသာ နေနိုင်ပေမယ့် ရေဖြတ်ပြီးတော့ မနေနိုင်ပါဘူး။ နေလို့လည်း မရပါဘူး။ ခန္ဓာကိုယ်မှာ ရေနဲ့ ဓာတ်ဆားနည်းလာတာနဲ့ လက္ခဏာတွေ အမျိူးမျိုးပြပြီး နေလို့မကောင်းတာတွေ ဖြစ်လာတာကြောင့် ရေနဲ့ ဓာတ်ဆားပြည့်ဝအောင် ဂရုစိုက်ရပါတယ်။ ဒါဆို ရေနဲ့ ဓာတ်ဆားဓာတ် ပြည့်ဝနေသူတစ်ဦးရဲ့ လက္ခဏာများ က ဘာတွေများ ဖြစ်မလဲ။ ခန္ဓာကိုယ်မှာ ရေနဲ့ ဓာတ်ဆားကို ဘာကြောင့်လိုအပ်တာလဲ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်တော်တော်များများက ရေဓာတ်မရှိလို့မရပါဘူး။ အာဟာရဓာတ်တွေကို ဆဲလ်တွေဆီ သယ်သွားဖို့ ရေဓာတ်လိုသလို အညစ်အကြေးတွေ စွန့်ထုတ်မယ်ဆိုရင်လည်း ရေဓာတ်လိုပါတယ်။ အဆစ်တွေ တောင့်မတင်းဘဲ ချောချောမွေ့မွေ့ လှုပ်ရှားနိုင်တာ၊ မျက်လုံးမခြောက်ဘဲ ကြည့်လို့ကောင်းတာ။ အူလမ်းကြောင်းတလျှောက် ချောမွေ့ပြီး ဝမ်းသွားရလွယ်တာ ဒါတွေကလည်း ရေဓာတ်ကြောင့်ပါပဲ။ ပူတဲ့အခါ ခန္ဓာကိုယ်အေးအောင် ရေသောက်ဖို့ လိုသလို ချွေးထွက်ပြီး […]