ကင်ဆာဝေဒနာခံစားနေရသူတွေအနေနဲ့လည်း ကင်ဆာဆဲလ်တွေကို တိုက်ထုတ်ဖို့နဲ့ ထပ်ပွားမလာစေဖို့အတွက် ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ တည်သိးကို စားပေးလို့ရပါတယ်။ ကင်ဆာကာကွယ်ဖို့လည်း စားပေးလို့ရပါတယ်။
အမြင်အာရုံကောင်းစေတယ်
ဗီတာမင် A ကြွယ်ဝစွာပါဝင်နေတဲ့ တည်သီးက အမြင်အာရုံကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။
သွေးအားကောင်းစေတယ်
ကော့ပါးပါဝင်နေတာကြောင့် သံဓာတ်စုပ်ယူမှုအားကောင်းစေပြီး သွေးနီဥဆဲလ်တွေကိုဖြစ်ပေါ်စေပါတယ်။ သွေးအားနည်းရောဂါမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးပါတယ်။
ကြို့ထိုးတာကို သက်သာစေနိုင်ပါတယ်
ကြို့ထိုးသက်သာချင်သူတွေအနေနဲ့လည်း တည်သီး စားပေးလို့ရပါတယ်။
အသည်းကျန်းမာစေနိုင်တယ်
ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝနေတာကြောင့် ကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးပြီး ဆဲလ်တွေထိခိုက်ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အသည်းကို ထိခိုက်စေတဲ့ အဆိပ်အတောက်တွေကိုလည်း အကောင်းဆုံး ဖယ်ရှားပေးနိုင်ပါတယ်။
ကိုယ်တွင်းက ပိုလျှံနေတဲ့ ရေတွေကို ဖယ်ရှားပေးနိုင်တယ်
တည်သီးက ဆီးရွှင်စေနိုင်ပြီး ကျောက်ကပ်မှာပိုနေတဲ့ အရည်တွေ နဲ့ အရေပြားအောက်မှာခိုအောင်းနေတဲ့ ရေပိုတွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ ပိုလျှံနေတဲ့ရေတွေကိုသာ ဆီးကနေတဆင့်ဖယ်ရှားပေးတာဖြစ်ပါတယ်။
အင်အားပြည့်စေတယ်
ပိုတက်ဆီယမ် နဲ့ သကြားဓာတ်ပါဝင်နေမှုက ခန္ဓာကိုယ်ကိုအကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ခြေကုန်လက်ပမ်းကျတာ၊ ပင်ပန်းနွမ်းနယ်တာမျိုး မဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။
ဘာတွေ သတိထားရမလဲ!
တည်သီးက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံ စားသုံးတာမျိုး မလုပ်ဆောင်သင့်ပါဘူး။ ရောဂါအခံ ရှိမယ်။ ကိုယ်ဝန်ဆောင်ဖြစ်မယ်။ နို့တိုက်မိခင် ဖြစ်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။