backup og meta

လိပ်ခေါင်းရှိနေရင် ဘယ်လို အစားအသောက်တွေ ရှောင်သင့်လဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 16/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိပ်ခေါင်းရှိနေရင် ဘယ်လို အစားအသောက်တွေ ရှောင်သင့်လဲ ။ ။

    လိပ်ခေါင်းထွက်တယ်ဆိုတဲ့ ပြဿနာဟာ တစ်ကယ်ကို နေရထိုင်ရ ခက်ပြီး သက်တောင့်သက်တာ မရှိစေတဲ့ ရောဂါတစ်ခုပါ။ လိပ်ခေါင်းထွက်ရတဲ့ အကြောင်းအရင်းကတော့ အားလုံးသိကြတဲ့အတိုင်း ဝမ်းချုပ်တာကြောင့် အများအားဖြင့် ဖြစ်ရတာပါ။ ဒီတော့ ဝမ်းချုပ်စေတဲ့ အကြောင်းအရာ အာလုံးဟာ လိပ်ခေါင်းထွက်စေတဲ့ အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဒီအထဲမှာ အစားအသောက်က အရေးကြီးဆုံးပါ။

    ဝမ်းမှန်စေတဲ့ စားသောက်မှုပုံစံမျိုး ကိုယ့်မှာ မရှိတာကြောင့် ဝမ်းချုပ်သွားခဲ့ရင် လိပ်ခေါင်းအပြင် နောက်ဆက်တွဲဖြစ်နိုင်တဲ့ ရောဂါတွေက အများကြီးပါ။ ကိုယ့်ရဲ့ နေထိုင် စားသောက်မှု ပုံစံက လိပ်ခေါင်းမဖြစ်အောင် ကာကွယ်တဲ့နေရာမှာ အရေးကြီးသလို လိပ်ခေါင်းဖြစ်နေတဲ့သူတွေမှာလည်း ဖြစ်နေတဲ့ လိပ်ခေါင်းပိုဆိုး မသွားအောင် ရှောင်သင့်တဲ့ အစားအသောက်တွေ ရှိပါတယ်။ လိပ်ခေါင်းရှိနေရင် ဘယ်လို အစားအသောက်တွေ ရှောင်သင့်လဲ ဆိုတာလေးကို ပြောပြပေးချင်ပါတယ်။

    လိပ်ခေါင်းရှိနေရင် ဘယ်လို အစားအသောက်တွေ ရှောင်သင့်လဲ ။ ။

    ကဖင်းပါတဲ့ အစားအသောက်တွေ ကော်ဖီတို့ လက်ဖက်ရည်တို့၊ အားဖြည့်အချိုရည်တို့မှာပါတဲ့ ကဖင်းဓာတ်ဟာ ဝမ်းချုပ်စေပြီး ဝမ်းကိုခြောက်စေတဲ့ အာနိသင်ရှိတာကြောင့် လိပ်ခေါင်းရောဂါကို ပိုဆိုးသွားစေတတ်ပါတယ်။

    တာရှည်ခံအောင် လုပ်ထားတဲ့ အစားအသောက်တွေ – တာရှည်ခံအောင် လုပ်ထားတဲ့ အသားတွေ၊ ငါးတွေ၊ အသင့်စား အစားအစာတွေမှာပါတဲ့ ဓာတုပစ္စည်းတွေက သင့်အစာခြေစနစ်ပို ပိုဆိုးသွားအောင်လုပ်တဲ့ အရာတွေ ဖြစ်လို့ ဒီလို အစားအသောက်တွေကို လိပ်ခေါင်းဖြစ်နေတဲ့ သူတိုင်းရှောင်သင့်ပါတယ်။

    ဖုတ်ထားတဲ့ မုန့်တွေ – ကိတ်မုန့် ပေါင်မုန့်တို့လိုမျိုး သကြားတွေ ၊ ဂျုံမှုန့်တွေနဲ့ ဖုတ်ထားတဲ့ မုန့်တွေမှာ အမျှင်ဓါတ်ပါဝင်မှုက သုညဖြစ်လို့ ဝမ်းပိုချုပ်စေပြီး လိပ်ခေါင်းကိုပိုးဆိုးစေမှာပါ။

    နို့နဲ့နို့ထွက်ပစ္စည်းတွေ– နို့နဲ့နို့ထွက်ပစ္စည်းတွေက လိပ်ခေါင်းရောဂါကို ပိုဆိုးသွားစေတာတော့မဟုတ်ပေမယ့် အဆီမထုတ်ထားတဲ့ နို့တွေကတော့ ဝမ်းချုပ်ခြင်းကို ပိုဆိုးစေမှာပါ။

    ဆီကြော်မုန့်တွေ – ဆီကြော်မုန့်တွေကို အစာအိမ်က ချေဖျက်ရခက်တဲ့အတွက် အစာမကြေခြင်းကို ဖြစ်စေနိုင်သလို အမျှင်ဓာတ်ပါဝင်မှုလည်း နည်းတဲ့အတွက် ဝမ်းချုပ်စေပြီး လိပ်ခေါင်းရောဂါကို ပိုဆိုးစေပါတယ်။

    အစပ်များတဲ့ အစားအသောက်တွေ– ပူစပ်လွန်းတဲ့ အစားအစာတွေ စားပြီးနောက်သွားတဲ့ ဝမ်းဟာလည်း ပူနေတတ်တာကြောင့် နဂိုတည်းကမှ သူ့ဟာသူနေရင်တောင် နာနေတဲ့ လိပ်ခေါင်း ပိုနာသွားတတ်ပါတယ်။

    သံဓာတ်ဖြည့်အားဆေး – သံဓာတ်ဖြည့်အားဆေးတွေဟာ ဝမ်းချုပ်စေတတ်တာကြောင့် လိပ်ခေါင်းရှိနေတဲ့သူတွေ သံဓာတ်ဖြည့်အားဆေး သောက်မယ်ဆို ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။

    ဒါတွေကို ရှောင်သင့်တယ်ဆိုတော့ ဘယ်လို အစားအသောက်တွေ စားပေးရမှာလဲ ။

  • အရေးကြီးဆုံးကတော့ အမျှင်ဓာတ်ပါတဲ့ အစားအသောက်တွေ များများစားပါ။ ဝမ်းချုပ်ခြင်းကို နိုင်တာ အမျှင်ဓာတ်ပဲ ဖြစ်တာကြောင့် အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ ဖြစ်တဲ့ အသီးအနှံတွေ ၊ ဟင်းသီးဟင်းရွက်တွေ များများစားပါ။
  • အမျှင်ဓာတ်ကြွယ်ဝတဲ့ ပဲအမျိုးမျိုးလည်း စားပေးလို့ရပါတယ်။
  • ရေများများသောက်ပါ။ အရည်များများသောက်ရမယ်ဆိုပြီး ကော်ဖီတို့ အချိုရည်တို့သောက်ရမယ်လို့ ပြောတာမဟုတ်ပါဘူး။ အဓိက လိုချင်တာက ဝမ်းသွားချင်အောင် အူမကြီးကို လှုံ့ဆော်ပေးဖို့နဲ့ ဝမ်းပျော့သွားအောင် လုပ်ချင်တာကြောင့် ရေလိုအပ်တာကြောင့် တတ်နိုင်သမျှ ရိုးရိုးရေပဲ သောက်ပေးပါ။
  • အစားအသောက်တွေနဲ့တင် မပြီးသေးပါဘူး။ လိပ်ခေါင်းရှိသူတွေ လိုက်နာရမယ့် အချို့အချက်တွေ ကျန်ပါသေးတယ်။

    အလေးအပင်မ ရင် သတိထားပါ။အလေးအပင်မ ရင် အသက်ရှူမအောင့်ထားပါနဲ့။ ပုံမှန်အသက်ရှူထုတ်ပါ။

    အောင့်မထားပါနဲ့။ အန္တရာယ်မလွယ်ထားသင့်ပါဘူး။ ဆီးဖြစ်စေ၊ ဝမ်းဖြစ်စေအောင့်ထားရင်ကောင်းကျိုးမရှိပါဘူး။ ဝမ်းသွားချင်နေတဲ့အချိန်အောင့်ထားလိုက်ရင် ဝမ်းချုပ်ခြင်းကို အားပေးသလိုဖြစ်ပြီး လိပ်ခေါင်းရှိပြီးသားလူတစ်ယောက်ဆိုရင် ပိုဆိုးစေနိုင်ပါတယ်။ အိမ်သာသွားချင်လာပြီဆိုတာနဲ့ ချက်ချင်းသွားပါ၊ အလုပ်အားမှ ထသွားမယ်ဆိုတာမျိုး ခဏတောင်အောင့်မထားပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 16/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement