ဆီကြော်နဲ့ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ထမင်းစားတဲ့အခါ အကြော်လေးတစ်ခွက်၊ ဆီပြန်လေးတစ်ခွက်၊ အရည်ဟင်းလေး၊ ငပိရည်၊တို့စရာလေးနဲ့မှ ခံတွင်းမြိန်တယ်ဟုတ်။ တစ်ခါတလေ ဘာစားရမှန်းမသလို့ ငါးလေးပဲကြွပ်ကြွပ်ကြော်စားလိုက်တယ်၊ ကြက်သားလေးပဲကြော်စားလိုက်တယ်ဆိုတာမျိုးတွေရှိတယ်ဟုတ်။ မုန့်ဟင်းခါးစားစား၊ အသုပ်စားစား အကြော်လေးထည့်စားရမှာ ခံတွင်းတွေ့တဲ့သူတွေရှိနေတယ်မှတ်လား။ ဒါဆိုရင်တော့ ဆီကြော်တွေအကြောင်းနည်းနည်းလောက်ပြောကြရအောင်နော်။

လူတော်တော်များများကကြော်ထားတဲ့အရာတွေကို စားသုံးရတာ ခံတွင်းတွေ့ကြပါတယ်။ အာလူးချောင်းကြော်၊ ကြက်ကြော်၊ ငါးကြော်၊ အသားကြော်တွေ အပြင် အမျိုးမျိုးသော အကြော်တွေကို ခံတွင်းတွေ့စွာနဲ့ စားသုံးကြပါတယ်။ကြော်ထားတာတွေက တာရှည်ခံသလို စားသုံးရတာလည်း အဆင်ပြေ အရသာတွေ့တာကြောင့် ဆီကြော်တွေစားသုံးမှုက တစ်နေ့တခြားစားသုံးမှုများလာခဲ့ပါတယ်။ တကယ်တော့ ဆီနဲ့ကြော်ထားတဲ့ အစားအစာတွေက ကယ်လ်လိုရီပါဝင်မှုများသလို အသွင်ပြောင်းအဆီတွေပါဝင်မှုလည်းတော်တော်လေးများပါတယ်။ ဒါကြောင့်ဆီကြော်အစားအစာတွေကို စားမယ်ဆိုရင် ကျန်းမာရေးအပေါ်မှာ ထိခိုက်နိုင်တဲ့ အတိုင်းအတာကတော်တော်လေးများပါတယ်။

မနက်စာကနေစလို့ ညအိပ်ရာမဝင်ခင်အထိ စားသုံးလိုက်တဲ့ အစားအစာတွေထဲမှာ ဆီနဲ့ကြော်ထားတဲ့အစားအစာတွေက မပါမဖြစ်ပါဘဲ။ ဒီအစားအစာတွေက အစာခြေစနစ်အပါအဝင် ခန္ဓါကိုယ်တစ်ခုလုံးကို ထိခိုက်စေနေတာပါ။ ဆီကြော်ဆိုလို့ မနက်စာစားလေ့ရှိတဲ့ စမူဆာ၊ ပလာတာ၊ အီကြာကွေးတွေတင်မဟုတ်ပါဘူးနော်။ မုန့်ဟင်းခါးတွေ၊အသုပ်တွေထဲမှာ ထည့်စားလေ့ရှိတဲ့ အကြော်တွေ၊ အကြော်စုံ၊နေ့ခင်စားအဖြစ်စားတတ်တဲ့ ကြက်ကြော်၊ငါးကြော်တွေနဲ့ ဆီနဲ့ကြွပ်ကြွပ်ကြော်ထားတဲ့ အစားအစာတွေ၊ အသင့်စားအာလူးကြော်တွေ၊ ငါးမုန့်ကြော်တွေမှာလည်းပြည့်ဝဆီတွေပါဝင်နေတာကြောင့် ခန္ဓါကိုယ်အတွက် မကောင်းတာကတော့ အမှန်ပါပဲ။ ဒါကြောင့် အကောင်းဆုံးသောနည်းလမ်းကနေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ဆီကြော်တွေစားသုံးမှုကိုလျှော့စားဖို့ပြောပါရစေ။

ဆီကြော်တွေစားသုံးတဲ့အခါဖြစ်လာနိုင်တဲ့အကျိုးဆက်များ

လေ့လာမှုတွေအရ ဆီကြော်တွေစားသုံးမှုက နာတာရှည်ရောဂါတွေဖြစ်လာစေနိုင်ခြေပုံမှန်ထက်ပိုများနေတယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ ဆီကြော်တွေစားသုံးမှုကြောင့် ဒီရောဂါတွေခံစားရနိုင်ပါတယ်။

နှလုံးရောဂါ

ဆီကြော်စာတွေ စားသုံးမှုကသွေးပေါင်ချိန်ကို တက်စေနိုင်ပြီးသွေးတွင်းက အကျိုးပြုကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပါတယ်။ ဒီအခြေအနေက နှလုံးရောဂါဖြစ်စေဖို့အတွက် အကောင်းဆုံးတွန်းအားပေးနေတာပါ။ တစ်ပတ်မှာ ဆီကြော်ကို တစ်ကြိမ်ထက်ပိုစားသူတွေက နှလုံးရောဂါဖြစ်နိုင်ခြေက ပုံမျန်ထက် ၄၈ ရာခိုင်နှုန်းပိုများနေပါတယ်။ ဒါကြောင့် အကောင်းဆုံးက ဆီကြော်ကို တစ်လမှာ ၁ ကြိမ်ကနေ ၃ ကြိမ်ပဲစားပေးပါ။ ဒါကြောင့် ဆီကြော်တွေအစား ကင်စားတာဖြစ်ဖြစ်၊ပြုတ်စားတာဖြစ်ဖြစ်ပြင်ဆင်စားသုံးပေးပါ။ ဆီကြော်မုန့်တွေက ရုတ်တရက် နှလုံးရပ်နိုင်ခြေကိုလည်း ပိုများစေနိုင်ပါတယ်။

အမျိုးအစား (၂) ဆီးချို

လေ့လာမှုတွေအရ ဆီကြော်စားသုံးမှုတွေက အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်နိုင်ခြေကို တိုးစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ တစ်ပတ်ကို ၂ ကြိမ်ထက်ပိုပြီး ဆီကြော်စားသုံးမှုက အင်ဆူလင်မတိုးခြင်းကိုပိုမိုခံစားရနိုင်ပါတယ်။ တစ်ပတ်ကို ဆီကြော်တွေ ၄ ကြိမ် ကနေ ၆ ကြိမ်အထိစားသုံးတဲ့သူတွေက ပုံမှန်ထက် အမျိုးအစား (၂) ဆီးချိုရောဂါခံစားရနိုင်ခြေပိုများပါတယ်။

အဝလွန်

ကြော်ထားတဲ့ အစားအစာတွေက အခြားအစားအစာတွေထက် ကယ်လ်လိုရီပါဝင်မှုပိုများပါတယ်။ ဒါကြောင့်ဆီကြော်တွေ အများကြီးစားမယ်ဆိုရင် ကယ်လ်လိုရီတွေပိုတိုးလာမယ်ဆိုတာပြောနေစရာတောင်မလိုအောင်ပါပဲ။ ကယ်လ်လိုရီပါဝင်မှုများတဲ့ အစားအစာတွေစားသုံးတာ၊ အသွင်ပြောင်းအဆီတွေစားသုံးတာက ဗိုက်အဆီတက်စေနိုင်သလို ကိုယ်အလေးချိန်လည်းတက်လာစေနိုင်ပါတယ်။နေ့စဉ်စားသုံးမှုမှာ ဆီကြော်တွေပါဝင်နေမယ်ဆိုရင်တော့ ပုံမှန်ကိုယ်အလေးချိန်ထက်တိုးလို့ အဝလွန်လာမယ်ဆိုတာပြောနေစရာတောင်မလိုအောင်ပါပဲနော်။

ဒါကြောင့် အခုချိန်ကစလို့ ဆီကြော်တွေစားသုံးမှုကို တတ်နိုင်သမျှလျှော့ချပြီး ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ပြောပါရစေနော်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေးရဲ့ ဝမ်းချုပ်ပြဿနာ အတွက် မေမေတို့ ရဲ့ သောက

ဝမ်းချုပ်ပြဿနာ ဝမ်းပုံမှန်မသွားလို့ ဝမ်းချုပ်ဝေဒနာ ဗိုက်အောင့် အစာခြေစနစ် အူလမ်းကြောင်း အကျိုးပြုဘက်တီးရီးယား Probiotic လေထိုးလေအောင့် အမျှင်ဓာတ် ကိုယ်ခံအား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

အရက်မသောက်ပဲအသည်းအဆီဖုံးတာကို ဘယ်လိုတိုက်ထုတ်မလဲ

အသည်းအဆီဖုံး၊ အရက်၊ အသည်းဆဲလ်၊ အဝလွန်၊ အမျိုးအစား-၂ ဆီးချို၊ သွေးတွင်းအဆီဓါတ်များ၊ သိုင်းရွိုက်ဟော်မုန်း၊ Sleep Apnea၊ အင်ဆူလင် Metabolic syndrome

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

သက်သတ်လွတ်စားခြင်းနှင့် ပတ်သက်သော အယူအဆအလွဲအချို့

သက်သတ်လွတ်စား ကိုယ်အလေးချိန် သံဓာတ် Omega 3 ကယ်လ်လိုရီ ဗီတာမင် B12 ကျန်းမာရေး ဒိန်ခဲ ဟင်းသီးဟင်းရွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

ရာသီအကြို ဝမ်းချုပ်တဲ့ပြဿနာကို ဘယ်လို ဖြေရှင်းမလဲ။

လေဒီလေးတွေ ရာသီမလာခင် ဝမ်းချုပ် ဟော်မုန်း ပြောင်းလဲမှု estrogen progesterone သားဥကြွေတာ အစာခြေစနစ် ရာသီသွေး အမျှင်ဓာတ် ဝမ်းမှန်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

လေ့ကျင့်ခန်းလိုက်စားခြင်းဖြင့် လူ့ဘဝသက်တမ်းကို မြှင့်တင်ကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 10, 2020 . 2 mins read

သုက်ပိုးနဲ့ ပတ်သက်တဲ့ အလွဲလေးတချို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 10, 2020 . 2 mins read
နှစ်တစ်ရာသီး နဲ့ ကျန်းမာရေး

နှစ်တစ်ရာသီး နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 10, 2020 . 1 min read
ဗာဒံရွက်က ဆေးဖက်ဝင်လား။

ဗာဒံရွက်က ဆေးဖက်ဝင်လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 10, 2020 . 1 min read