ဓာတ်တိုးဆန့်ကျင် အာနိသင်ဖြစ်တဲ့ ဗီတာမင် C ပါဝင်တာကြောင့် မျက်လုံးခြောက်တာနဲ့ အမြင်အာရုံ ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ လိမ္မော်သီး၊ သံပရိုသီး၊ ဂရိတ်ဖရုတို့စားပေးလို့ရပါတယ်။
- အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ
မျက်လုံးအတွက် အာဟာရဖြစ်တဲ့ ဗီတာမင် A ပါဝင်တာကြောင့် မျက်လုံး ကျန်းမာဖို့ စားပေးသင့်ပါတယ်။ ဒါကြောင့်နေ့စဉ် ဟင်းနုနွယ်၊ ကိုက်လန် နဲ့ တရုတ်နံနံတို့ကို စားပေးပါ။
မုန်လာဥနီမှာ ဗီတာမင် A နဲ့ ဘီတာကယ်ရိုတင်းတို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဗီတာမင်က အမြင်အာရုံအတွက် အာဟာရ တစ်ခု ဖြစ်သလို မုန်လာဥနီမှာပါတဲ့ rhodopsin လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးက အမြင်လွှာက အလင်းကို စုပ်ယူနိုင်စေဖို့ အထောက်အပံ့ပေးပါတယ်။
ဘီတာကယ်ရိုတင်းနဲ့ ဗီတာမင် E ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အမြင်အာရုံ ကောင်းစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။
ဇင့်ဓာတ်ပါဝင်မှုကြောင့် အမြင်အာရုံကို အကောင်းဆုံး အထောက်အပံ့ ပေးနိုင်ပါတယ်။ မျက်လုံးတွင်းက သွေးကြောလေးတွေကို ကျန်းမာစေနိုင်ပြီး အမြင်အာရုံကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးမှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။