စတော်ဘယ်ရီ နဲ့ အလှအပရေးရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 23, 2020 . 2 mins read
Share now

အရောင်အသွေး၊ အနံ့အရသာပြည့်စုံတဲ့ စတော်ဘယ်ရီ သီးလေးတွေက စားလို့တင်အရသာရှိတာမဟုတ်ပါဘူး။ လေဒီလေးတွေရဲ့ အလှအပရေးရာအတွက်လည်း အသုံးဝင်ပါသေးတယ်။ ဘယ်လိုများ အသုံးဝင်လဲ တူတူကြည့်ရအောင်လား……

စတော်ဘယ်ရီ ကပေးတဲ့ အလှအပတရား

အရောင်နီနီရဲရဲ အနံ့မွှေးမွှေးလေးရှိပြီး စားလိုက်ရင် ချိုချိုချဉ်ချဉ်နဲ့အရသာရှိတဲ့ စတော်ဘယ်ရီ သီးလေးက ပေးတဲ့ကျန်းမာရေး အာနိသင်က တော်တော်လေးတော့များပါ။ ဒါတွထဲကမှ အလှအပအတွက် ဘယ်လိုတွေထောက်ပံ့ပေးလဲဆိုတာကို ပြောပြပေးပါရစေလား။

ဝိတ်ကျစေနိုင်တယ်

သွယ်လျလှပပြီး အဆီပိုကင်းတဲ့ ခန္ဓာကိုယ်အချိုးအစားက ပျိုမေလေးတွေကို အလှတိုးစေတဲ့ အချက်တွေထဲကတစ်ခုပေါ့။ စတော်ဘယ်ရီ မှာပါတဲ့ ellagic acid နဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်တွေက ကိုယ်အလေးချိန်ကို အကောင်းဆုံးထိန်းညှိပေး နိုင်ပါတယ်။

နာတာရှည်ရောင်ရမ်းမှုတွေကြောင့် ဝိတ်တက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်သလို ကိုယ်တွင်းက ဟော်မုန်းတွေ ကိုလည်း အကောင်းဆုံးထိန်းညှိပေးပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဝိတ်ကျစေဖို့ အားပေးတဲ့ ဟော်မုန်းတွေထွက်ရှိလာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။

နောက်တစ်ချက်က anthocyanin လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိနေတာကြောင့် အစားစားချင်စိကို ထိန်းညှိ ပေးနိုင်တဲ့ adiponectin ခေါ်တဲ့ ဟော်မုန်းထွက်ရှိအောင်လှုံ့ဆော်ပေးပါတယ်။ ဒီဟော်မုန်းက အဆီတွေကို အကောင်းဆုံး ချေဖျက်ပေးနိုင်ပါတယ်။

အသားအရေ ကျန်းမာစေနိုင်တယ်

စတော်ဘယ်ရီ အပါအဝင် ဘယ်ရီသီးတော်တော်များများမှာ အရေပြားပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံးဖယ်ရှား ပေးပြီး အရေပြားဆဲလ်တွေအသစ်ဖြစ်ပေါ်မှုကို အကောင်းဆုံးအားဖြည့်ပေးနိုင်တဲ့ alpha-hydroxy အက်ဆစ်ကြွယ်ဝစွာ ပါဝင်နေပါတယ်။

စတော်ဘယ်ရီမှာပါတဲ့ salicylic အက်ဆစ် နဲ့ ellagic အက်ဆစ်တွေက အသားအရောင်မညီတာ၊ အရေပြားမှာ အစက်အပြောက်တွေမဖြစ်အောင် ကာကွယ်ပေးသလို အရေပြားပေါ်က အမဲစက်တွေ၊ ဝက်ခြံအမာရွတ်တွေကို သက်သာစေနိုင်ပါတယ်။ ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားပေးပြီး ချွေးပေါက်တွေကို ထိန်းညှိပေးပြီး အသာအးရေကို တင်းရင်းလှပစေနိုင်ပါတယ်။ ဝက်ခြံတွေမဖြစ်အောင်လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။

ဗီတာမင် C ကြွယ်ဝမှုကလည်း အသာအးရေကို ကြည်လင်ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ အသားအရေ ကောင်းခြင်းကို ဖြစ်စေပြီး ဓာတ်မတည့်မှုဖြစ်တာကို သက်သာစေနိုင်ပါတယ်။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန် ရောင်ခြည်ဒဏ်ကနေလည်း အသားကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေကိုလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

အပြုံးလှစေဖို့ အရေးပါတဲ့ သွားတွေကို ကျန်းမာစေတယ်

လှပတဲ့ အပြုံးကလည်း လေဒီလေးတွေကို အလှအပတိုးစေတဲ့ အချက်တွေထဲကတစ်ခုပါ။ သွားတွေက အရောင်ပြောင်း နေမယ်။ သွားပိုးစားနေမယ်ဆိုရင် ပြုံးရင်လှဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ ဒီတော့ ဖြူဖွေးကြံ့ခိုင်ပြီး လှပတဲ့ သွားနဲ့ ခံတွင်းနံ့ဆိုး ကင်းတဲ့ ခံတွင်းကို ပိုင်ဆိုင်ဖို့ဆိုရင် စတော်ဘယ်ရီ စားပေးလို့ရပါတယ်။

အရွယ်တင် နုပျိုစေနိုင်တယ်

ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုက ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု၊ အရွယ်မတိုင်ခင် အိုမင်းမှု ဖြစ်စေတာတွေကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်မျိုး ဖြစ်တဲ့ lycopene ပါဝင်နေမှုက အရွယ်တင်စေဖို့ အကောင်းဆုံး လုပ်ဆောင်ပေးနိုင်ပါတယ်။

ဆံပင်မကျွတ်အောင် ကာကွယ်ပေးတယ်

ဆံပင်က ဒုတိယမျက်နှာပါ။ ပိတုန်းရောင်ဆံသားထူထူထဲထဲလေးက လေဒီတွေကို အလှတိုးစေတဲ့အရာတစ်ခုပါ။ ဒါကြောင့် ဆံသားကျန်းမာရေးကို ဂရိုစိုက်ဖို့ကလည်း လေဒီလေးတိုင်း မေ့ထားလို့ မဖြစ်တဲ့ အချက်တစ်ခုပါ။  စတော်ဘယ်ရီ မှာ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေမှုက ဆံသားကျန်းမာရေးကို အကောင်းဆုံးအားဖြည့်ပေးနိုင်တဲ့ သံဓာတ်စုပ်ယူမှုကို ကောင်းစေနိုင်ပါ တယ်။ ဆံပင်ကျွတ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းက သံဓာတ်နည်းလို့ပါ။ ဒါကြောင့် ဆံပင်ကျွတ်တာ၊ ဆံပင်ပါးတာ ကင်းစေချင်ရင် စတော်ဘယ်ရီ စားပြီး ဆံသားကျန်းမာရေးကို အကောင်းဆုံးစောင့်ရှောက်လိုက်ပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ညသန်းခေါင်မှအိပ်တဲ့ ဉာဉ့်ငှက်လေးတွေ အသက်မြန်မြန်တိုမယ်နော်

အိပ်ချိန် ကျန်းမာရေး စမတ်ဖုန်း အိပ်ရေးပျက် ကိုယ်ခံအား ရုပ်ရှင်ကြည့် အစာမကြေ အဝလွန် မျက်စိ ဦးနှောက် အိုမင်းရင့်ရော် အသားအရေ စိတ်ဖိစီးမှု အရေးအကြောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

သက်သတ်လွတ်စားရင်း ကြွက်သားလည်း ဖွံ့ဖြိုးစေမယ့် နည်းလမ်းများ

သက်သက်လွတ်၊ Vegan Diet၊ ကိုယ်အလေးချိန်၊ လေ့ကျင့်ခန်း၊ ကြွက်သား၊ Body Builder၊ အဆီပို၊ ကယ်လိုရီ၊ Work-out၊ ပရိုတိန်း၊ ဗီတာမင်၊ ဟင်းသီးဟင်းရွက်၊ ပဲနို့၊

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

အားအင် ကုန်ခမ်းစေမယ့် အစားအစာတွေ စားနေမိသလား။

အားဖြည့်အချိုရည်တွေ အချိုရည် အစားအသောက် ကော်ဖီ ကယ်လ်လိုရီ အစားအစာ ပေါင်မုန့်အဖြူ သံဓာတ် ဆီကြော်စာ အားအင်ကုန်ခမ်းစေ ခန္ဓာကိုယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အမြဲ တက်ကြွလန်းဆန်းနေစေဖို့

အလုပ်ခွင် တက်ကြွ လန်းဆန်း လန်းဆန်းတက်ကြွနေစေမယ့် နည်းလမ်းများ ဆေးဝါး သဘာဝအတိုင်း လှုပ်လှုပ်ရှားရှားခန္ဓာကိုယ် သွေးစီးဆင်းမှု သကြားလုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

Safflower ကပေးတဲ့ အသားအရေ ကျန်းမာမှု

Safflower oil ကပေးတဲ့ အသားအရေ ကျန်းမာမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 4, 2020 . 2 mins read

မျက်နှာမသစ်ဘဲ Face Mask ကပ်လို့ ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 3, 2020 . 2 mins read

စိတ်အေးချမ်းသာ ပျော်ရွှင်အောင် အပင်လေးတွေစိုက်ကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read

ကျန်းမာလှပ အသက်ရှည်ဖို့ ညဘက်ကို စောစောအိပ်ရာဝင်ကြစို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read