အသက် ၅၀ ကျော်သူတိုင်းစားပေးသင့်တဲ့ အစားအစာတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

အသက်အရွယ်ရလာရင် ကျန်းမာရေးကလည်း အားနည်းလာတတ်ပါတယ်။ ဒါကလူတိုင်းကြုံတွေ့ရမယ့် အနေအထားတစ်ရပ်ဆိုပေမယ့် အသက် ကို ဉာဏ်စောင့်တယ်ဆိုတဲ့ စကားအတိုင်း ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးတာက အသက်ကြီးတဲ့အထိ ကျန်းမာနေစေမှာပါ။ ဒီတော့ ကျန်းမာပျော်ရွှင်စွာ အသက် ကြီးစေဖို့ ဘာတွေစားရမလဲ…ဒီဆောင်းပါးထဲမှာ ဖတ်ကြည့်လိုက်ပါ။

ကျန်းမာပျော်ရွှင်စွာ အသက် ကြီးစေဖို့ ဘာတွေစားကြမလဲ………

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးချင်ရင်တော့ အသက်အရွယ်ရလာတဲ့အခါ နေ့စဉ်စားသုံးတဲ့အထဲမှာ ဒါလေးတွေပါအောင်စားသုံးပေးပါ။

ထောပတ်သီး 

ထောပတ်သီးက စားရတာအရသာရှိသလို ဗီတာမင် နဲ့ သတ္တုဓာတ် ၂၀ နီးပါး ပါဝင်နေတဲ့ အသီးတစ်မျိုးပါ။ ထောပတ်သီးမှာ အသက်အရွယ်ရလာသူတွေအတွက်  လိုအပ်တဲ့ ပိုတက်ဆီယမ်၊ ကော့ပါး၊ ဗီတာမင် B၊ ဗီတာမင် C၊ ဗီတာမင် E နဲ့ ဗီတာမင် Kတို့လိုမျိုး အာဟာရဓာတ်တွေပါဝင်နေပါတယ်။  နှလုံးကျန်းမာစေပြီး သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးမှာပါ။

အနက်ရောင်ချောကလက်

တစ်နေ့ကို အနက်ရောင်ချောကလက် ၃၀ ဂရမ် ကနေ ၆၀ ဂရမ်လောက်အထိစားပေးတာက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။ နောက်တစ်ချက်က အနက်ရောင် ချောကလက်က အသားအရေကို နေရောင်ကြောင့်ထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ အချိုပါဝင်မှုနည်းတဲ့ ချောကလက်က ကျန်းမာရေးနဲ့ညီညွတ်သလို  စိတ်ခံစားမှုကိုကောင်းစေနိုင်ပါတယ်။

မုန်လာဥနီ

မုန်လာဥနီက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။ မုန်လာဥနီက ခန္ဓာကိုယ်အစိတ်အပိုင်းတော်တော်များများကို ကျန်းမာစေနိုင်ပါတယ်။ မျက်လုံး၊ ပါးစပ်၊ အရေပြားနဲ့ နှလုံးကျန်းမာရးကို စောင့်ရှောက်မှုပေးနိုင်သလို သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်ပြီး ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်သလို အစာခြေစနစ်ကို ကျန်းမာစေနိုင်ပြီး ကင်ဆာနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။

မုန်လာဥနီမှာ ခန္ဓာကိုယ်ကျန်းမာဖို့ လိုအပ်တဲ့ အမျှင်ဓာတ်၊ ဗီတာမင် A၊ ဗီတာမင် B8၊ ဗီတာမင် C၊ ဗီတာမင် E၊ ဗီတာမင် K  နဲ့ သံဓာတ်၊ ပိုတက်ဆီယမ်၊ ကော့ပါး၊ မဂ္ဂနိ့ နဲ့ ဘီတာကယ်ရိုတင်းလိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ပါဝင်နေပါတယ်။

ဒိန်ချဉ်

ဦးနှောက်ကိုရော ကိုယ်တွင်းအင်္ဂါတွေကိုပါကျန်းမာစေနိုင်သလို ကြွက်သား​တွေကိုလည်း သန်မာစေနိုင်ပါတယ်။ အသက်အရွယ်ကြောင့် ကြွက်သားဆုံးရှုံးတာမျိုး မဖြစ်အောင်လည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ အသက်အရွယ်ရလာလေ ပရိုတင်းပြည့်ဝဖို့က လိုလာပေါ။ ဒီလိုအပ်ချက်ကို ဖြည့်ဖို့ဆိုရင်တော့ ပရိုတင်းကြွယ်ဝသလို အစာခြေစနစ်ကျန်းမာစေဖို့ အထောက်အကူပြုပေးတဲ့ အကျိုးပြုဘက်တီးရီးယားတွေပါဝင်နေတဲ့ ဒိန်ချဉ်က အဆင်အပြေဆုံးပါ။ ပရိုတင်းကိုတင်မဟုတ်ဘဲ အရိုးတွေကြံ့ခိုင်စေဖို့လိုအပ်တဲ့ ကယ်လ်ဆီယမ်ကိုလည်း ပြည့်ဝစေနိုင်မှာပါ။

ဘယ်ရီသီးတွေ

ဘယ်ရီသီးတွေက ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ စားစရာတစ်ခုပါ။ နောက်တစ်ချက်က ဘယ်ရီသီးတွေမှာ phytochemicals ပါဝင်နေတာကြောင့် ရောင်ရမ်းမှုကို လျော့ကျစေနိုင်ပြီး ဦးနျောက်ဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေနိုင်ပါတယ်။

အသက်အရွယ်​ကြောင့်ဖြစ်တဲ့ မှတ်ဉာဏ်ကျဆင်းမှုကိုလည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဘယ်ရီသီးမှာ အမျှင်ဓာတ်ကြွယ်ဝသလို ဗီတာမင် နဲ့သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။

အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေက နှလုံးကျန်းမာစေနိုင်သလို ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ သိမြင်မှုစွမ်းရည် ကောင်းစေနိုင်ပြီး အသက်အရွယ်ကြောင့်ဖြစ်တဲ့ သတိမေ့တာကိုလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့အထိ မှတ်ဉာဏ်ကောင်းစေဖို့ဆိုရင် ဟင်းနုနွယ်၊ ကိုက်လန်တို့လိုမျိုး အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေများများစားပေးပါ။

အခွံမာသီးတွေ

အခွံမာသီးတွေကို နေ့စဉ်စားသုံးပေးတာက ရုတ်တရက် နှလုံးရပ်နိုင်ခြေ နဲ့ လေဖြတ်နိုင်ခြေကို ၂၈ ရာခိုင်နှုန်းအထိလျော့ကျစေနိုင်ပါတယ်။ ဒါကြောင့်နေ့စဉ်မှာ မြေပဲပါအဝင် အခွံမာသီးကို လက်တစ်ဆုပ်စာလောက်ပုံမှန်စားပေးပါ။

ပန်းသီး

ပန်းသီးက ကျန်းမာရေးကို အကောင်းဆုံးစောင့်ရှောက်ပေးနိုင်တယ်ဆိုတာ ဟိုးအရင်ကတည်က လက်ခံခဲ့တဲ့ အယူအဆတစ်ရပ်ပါ။ ပန်းသိးက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ဆီးချိုရောဂါဖြစ်နိုင်ခြေကို ကျဆင်းစေနိုင်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝမှုက သွေးတွင်းကိုလက်စထရောက်ို ကျဆင်းစေနိုင်ပါတယ်။ ပန်းသီးမှာပါတဲ့  quercetin ကသွေးပေါင်ချိန်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။ ပန်းသီးမှာ ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်တဲ့ ဗီတာမင် C နဲ့ ပိုတက်ဆီယမ်တို့ကြွယ်ဝစွာပါဝင်နေပါသေးတယ်။

ပဲအမျိုးမျိုး

သက်လတ်ပိုင်းရောက်လာတဲ့အခါ အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်နိုင်ခြေ နဲ့ သွေးတွင်းကိုလက်စထရော မြင့်တက်နိုင်ခြေဟာ သာမန်အချိန်တွေထက်ပိုများလာပါတယ်။ ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်တာက သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပြီး သွေးထဲက အကျိုးမပြုကိုလက်စထရောတွေကို ကျဆင်းစေနိုင်တဲ့ အမျှင်ဓာတ်ကြွယ်ဝသလို ပရိုတင်းပါဝင်မှုမြင့်တဲ့ ပဲအမျိုးမျိုးကို စားသုံးတာပါ။

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးလိုသူတိုင်း နေ့စဉ်စားသုံးမှုမှာ ဒီအစားအစာတွေပါဝင်အောင် စားသုံးပေးဖို့လိုပါမယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကျန်းမာလှပ အသက်ရှည်ဖို့ ညဘက်ကို စောစောအိပ်ရာဝင်ကြစို့

ကျန်းမာရေး အလှအပ အိပ်စက်ခြင်း ညအိပ်ချိန် လူငယ် စိတ်ဖိစီးမှု အသားအရေ အိုမင်းရင့်ရော်ခြင်း နေလောင်ဒဏ် နှလုံး အိပ်ရေးမဝ ဦးနှောက်အာရုံကြော ကိုယ်တွင်းအင်္ဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

လေလည်တယ်ဆိုတာ ကျန်းမာခြင်းရဲ့ လက္ခဏာပြယုဂ်တစ်ခုပါ

လေလည် ကျန်းမာရေး အစာအိမ် အူလမ်းကြောင်း အစာခြေစနစ် လည်ချောင်း လေပွ ဗိုက်အောင့်ဗိုက်နာ ပျို့အန် ရင်ပြည့် လေချဉ်တက် နွားနို့ နို့ထွက်ပစ္စည်း စအို

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

လူတွေ ဘာကြောင့် အိပ်စက်အနားယူဖို့ လိုအပ်တာလဲ

အိပ်စက်အနားယူ အိပ်ချိန် ရုပ်ရှင်ကြည့် အားအင် အသက်အရွယ် လူငယ် ဦးနှောက် ဉာဏ်ရည် ကိုယ်အလေးချိန် ကယ်လိုရီ စိတ်ဖိစီးမှု ကိုယ်ခံအား ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

ဆီးချို သမားတွေ အသီးစားလို့ရလား

ဆီးချို အသီး ဗီတာမင် သတ္တုဓာတ် အမျှင်ဓာတ် သစ်သီးခြောက် သစ်သီးဖျော်ရည် သစ်သီးယို Glycemic index glycemic load နောက်ဆက်တွဲရောဂါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

စိုးရိမ်ပူပန်ခြင်းနောက်ကွယ်က ကပ်ပါလာတဲ့ ဒေါသသံစဉ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 4, 2020 . 2 mins read
ပင်ပန်းတဲ့ မနက်ခင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

ပင်ပန်းတဲ့ မနက်ခင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 4, 2020 . 2 mins read

ရယ်မောခြင်းဖြင့် စိတ်နဲ့ ခန္ဓာကျန်းမာရေးကို မြှင့်တင်စို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read

အိပ်ပျော်နေစဉ် လေလည်ခြင်း (Sleep Farting)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 31, 2020 . 2 mins read