ဖိုးဖိုးဖွားဖွားတို့ သန်မာစေမယ့် အလွယ်ကူဆုံး လေ့ကျင့်ခန်းအချို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 18, 2020 . 2 mins read
Share now

လေ့ကျင့်ခန်း လုပ်တာက အသက်အရွယ်တိုင်းကို သန်မာစေနိုင်ပါတယ်။ ကလေးကစလို့ လူကြီးတွေအထိ လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ် ကြံ့ခိုင်သလို စိတ်ရော လန်းဆန်း ကျန်းမာစေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတို့ကို ပျော်ရွှင်ကျန်းမာနေစေဖို့ ဘယ်လို လေ့ကျင့်ခန်းလေးတွေ လုပ်ပေးလို့ ရမလဲဆိုတာ ပြောပြပေးသွားမယ်နော်။

ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတို့ကို သန်မာစေမယ့် လေ့ကျင့်ခန်း

အသက်အရွယ်ကြောင့် လျော့ကျလာတဲ့ ကြံ့ခိုင်သန်စွမ်းမှုကို အားဖြည့်ဖို့ လေ့ကျင့်ခန်းလုပ်တော့မယ်ဆိုရင် မမေ့မလျော့ လုပ်သင့်တာတစ်ခုက အကြောလျှော့ဖို့ပါ။ အကြောလျှော့တာက ကြွက်သားတွေကို ပြေလျော့စေသလို ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုလည်း ကောင်းစေပါတယ်။

လမ်းလျှောက်ပါ

ဒီလေ့ကျင့်ခန်းက အပန်းမကြီးသလို စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။ တစ်နေ့ကို ၁၅ မိနစ် ကနေ နာရီဝက်လောက် ပုံမှန် လမ်းလျှောက်ပေးတာက ကောင်းကောင်း အိပ်ပျော်စေပြီး စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းစေနိုင်ပါတယ်။

လမ်းလျှောက်တဲ့အခါ သက်သောင့်သက်သာ ဖြစ်တဲ့ ဖိနပ်ကို စီးဖို့နဲ့ ချော်လဲနိုင်တဲ့ နေရာတွေကို ရှောင်ဖို့တော့ သတိထားစေချင်ပါတယ်။

Chair Squat

ဒါကလည်း လူ​ကြီးတွေကို သန်မာစေတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ အပန်းမကြီးပါဘူး။ ထိုင်ခုံတစ်လုံး ရှိရုံနဲ့ လုပ်ဆောင်လို့ရမယ့် လေ့ကျင့်ခန်းပါ။

  • လက်တန်းမပါတဲ့ ထိုင်ခုံတစ်လုံးကို ရွေးပါ။
  • ထိုင်ခုံရှေ့မှာ မတ်မတ်ရပ်လို့ ခြေထောက်ကို ပခုံးအကျယ်အတိုင်း ချဲထားပါ။
  • ဟန်ချက်ထိန်းဖို့အတွက် လက်မောင်းတွေကို ရှေ့တည့်တည့်ကို ဆန့်ထုတ်ပါ။ ဒူးကွေးလို့ ခါးမတ်မတ်ထားပြီး ခုံပေါ်ကို ထိုင်ချလိုက်ပါ။
  • ပြီးရင် ပြန်ထပါ။ ၁၂ ခေါက်လောက် ပုံမှန် လုပ်ပေးပါ။

Tricep Extension

ဒီလေ့ကျင့်ခန်းကို လုပ်ဖို့ ကျောမှီပါတဲ့ ထိုင်ခုံတစ်လုံးနဲ့ သားရေ ဘောလုံးတစ်လုံး လိုပါမယ်။

  • ထိုင်ခုံပေါ်မှာ ခါးမတ်မတ်ထိုင်ပါ။
  • လက်ထဲမှာ ဘောလုံးကို ကိုင်ရင်းလက်တွေကို ပခုံးနဲ့ တပြေးညီ အပေါ်ဘက်ကို ဆန့်ထုတ်ပေးပါ။
  • ပြီးရင် တံတောင်ဆစ်တွေကိုကွေးလို့ ဦးခေါင်းနောက်ဘက်ကို ဘောလုံးကို ပို့ပါ။ (၉၀ ဒီဂရီ ဖြစ်ပါစေ)
  • ပြီးရင် လက်ကို ပြန်ဆန့်ပါ။ ပြီးရင် ပြန်ကွေးပါ။
  • ၁၂ ကြိမ်လောက် ပုံမှန်လုပ်ပေးပါ။
  • ဘောလုံးက အလေးချိန် အနေနဲ့ အမျိုးသမီးတွေအတွက်ဆိုရင် ၄ ပေါင် ကနေ ၁၀ ပေါင်အတွင်း ရှိရမှာဖြစ်ပြီး အမျိုးသားတွေအတွက်ဆိုရင် ၈ ပေါင်ကနေ ၁၅ ပေါင်အထိ ရှိရမှာ ဖြစ်ပါတယ်။

Wall Push-Ups

ဒါကတော့ နံရံကို အသုံးပြုပြီး လုပ်ရမယ့် လေ့ကျင့်ခန်းပါ။

  • နံရံရှေ့မှာ မတ်မတ်ရပ်ပါ။
  • လက်နှစ်ဖက်ကို ရှေ့ကို ဆန့်လို့ နံရံကို ထောက်လိုက်ပါ။
  • ပြီးရင် လက်ကိုကွေးလို့ ခန္ဓာကိုယ်ကို နံရံဆီကို ကိုင်းပါ။
  • ပြီးရင် ပြန်မတ်ပါ။
  • ၁၂ ကြိမ်လောက် ပုံမှန် လုပ်ပေးပါ။

ဦးခေါင်းလှည့် လေ့ကျင့်ခန်း

ဒီ လေ့ကျင့်ခန်းက ဦးခေါင်းနဲ့ ဇက်ကြောက ကြွက်သားတွေကို ပြေလျော့စေပါတယ်။ အရင်ဆုံး

  • ပခုံးကြွက်သားတွေကို ဖြေလျော့ထားပါ။
  • ထိုင်ရင်ဖြစ်ဖြစ်၊ မတ်တတ်ရပ်ရင်းဖြစ်ဖြစ် ခါးကို မတ်ထားပါ။
  • ခေါင်းကို ဘယ်ဘက်ကို ဖြည်းဖြည်းချင်း လှည့်ပါ။ အကြောတွေ ပြေလျော့တယ်လို့ ခံစားရတဲ့ အနေအထားမျိုးထိ လှည့်ပါ။
  • ပြီးရင် ခေါင်းကို တည့်တည့်ပြန်နေပါ။
  • ​နောက်တကျော့ကတော့ ခေါင်းကို ညာဘက်ကို ဖြည်းဖြည်းချင်း လှည့်ပါ။ ခုနကလိုပဲ ပြေလျော့တယ်လို့ ခံစားရတဲ့ အနေအထားမျိုးထိ လှည့်ပါ။
  • ပြီးရင် ပုံမှန်အတိုင်းပြန်ထားပါ။
  •  ပြီးရင် အပေါ်ကို မော့ပါ။ ခဏနေပါ။
  • ဦးခေါင်းကို ပုံမှန် အတိုင်းထားလို့ ခေါင်းကို အောက်ဘက်ကို ဖြည်းဖြည်းချင်း ငုံ့ပါ။
  • ၅ ကြိမ်လောက် ပုံမှန် လုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy
    ရင်းမြစ်များ

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    အယ်ကာလီဓာတ်များတဲ့ရေနဲ့ ကျန်းမာရေး

    ရေဆိုတာ သက်ရှိအားလုံးအတွက်မရှိမဖြစ်တဲ့သက်စောင့်ဓာတ်တစ်မျိုးပါ။ဆဲလ်တိုင်း၊ကြွက်သားတိုင်းပုံမှန် အလုပ်လုပ်နိုင်ဖို့ရေဓာတ်ကိုရယူသုံးစွဲရပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Thiha Phyo Myint

    အမျိုးသမီးများနှင့် အဖြူဆင်းခြင်း

    အဖြူဆင်းတယ်ဆိုတာ အမျိုးသမီးတိုင်းလိုလို မကြာခဏ ဖြစ်တတ်ကြတဲ့ အရာပါ။ အဖြူ ဘာကြောင့်ဆင်းရတာလဲ၊ အဖြူဆင်းတာဟာ ကျန်းမာရေးအတွက် မကောင်းဘူးလား။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Thiha Phyo Myint

    ခါးနာခြင်း

    လမ်းလျှောက်နိုင်စေဖို့ မတ်မတ်ရပ်နိုင်စေဖို့  စသည်ဖြင့် ခါးရဲ့အထောက်အပံ့တွေက များလှပါတယ်။ ဒီလိုပဲ ခါးနာသွားစေနိုင်တဲ့ အပြုအမူတွေကလည်း မနည်းလှပါဘူး။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    ကိုယ်ဝန်ဆောင်ချိန် ကိုက်ခဲတာကို သက်သာစေဖို့

    ကိုက်ခဲတာက မိခင်တိုင်းလိုလို ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ ပြဿနာတစ်ခုပါ။ ကိုယ်ဝန်ဆောင် မေမေတို့ နာကျင်ကိုက်ခဲတဲ့အခါ သက်သာစေဖို့ ဘယ်လို လုပ်ဆာင်ရမလဲ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    သင့်အတွက် ရွေးချယ်ထားသည်

    မိုးရာသီနှင့် အောက်ခံဘောင်းဘီများ

    မိုးရာသီနှင့် အောက်ခံဘောင်းဘီများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
    ဝှေးစေ့မှာသွေးတိုးရင် ဘာဖြစ်တတ်သလဲ

    ဝှေးစေ့မှာသွေးတိုးရင် ဘာဖြစ်တတ်သလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
    သုက်မထွက်အောင် ထိန်းတာ

    သုက်မထွက်အောင်ထိန်းတာ အန္တရာယ်ရှိသလား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
    ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ

    ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read