backup og meta

ဘောလုံးပွဲကြည့်တာက ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 01/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘောလုံးပွဲကြည့်တာက ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ

    ဘောလုံးပွဲကြည့်တာက ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ ဆိုတာကို သိချင်တယ်ဆိုရင်တော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

    နိုင်ငံတကာမှာ အားကစားပွဲစဉ်တွေ အများအပြား ကျင်းပနေကြပြီး အရင်ကနဲ့မတူဘဲ ကမ္ဘာအရပ်ရပ်မှာ ယှဉ်ပြိုင်ကစားနေတဲ့ အားကစားပွဲစဉ်တွေကို တီဗွီတွေ၊စမတ်ခ်ဖုန်းတွေ၊ ကွန်ပျူတာနဲ့ တက်ဘလက်ခ်တွေ ကနေတဆင့်လည်း ဖမ်းယူကြည့်နိုင်နေပြီ ဖြစ်ပါတယ်။

    အားကစားပွဲတွေကို ကြည့်ရှုအားပေးတာက ကျွန်တော်တို့ကို နေ့စဉ်တွေ့ကြုံနေရတဲ့ ဘဝအခြေအနေတွေထဲကနေ လွတ်မြောက်ခွင့် ရစေနိုင်တဲ့ အခွင့်အလမ်းတစ်ရပ်ပါ။

    ဘောလုံးပွဲကြည့်တာက ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ

    ဘောလုံးပွဲကြည့်တာကက နေရရှိနိုင်တဲ့ အကျိုးကျေးဇူးများ ကတော့

    • ဘောလုံးပွဲ ကြည့်ရှုတာက တက်ကြွစေတယ်။

    အားကစားသမားတွေက ရယ်ရင်းမောရင်း ပြေးရင်းလွှားရင်း ယှဉ်ပြိုင်စားနေတာကို ကြည့်ပြီး သူတို့လုပ်နိုင်သလို ငါလည်းလုပ်နိုင်ရမယ်ဆိုတဲ့ အတွေးမျိုး ရရှိသွားတဲ့အခါ စိတ်အားတက်ကြွမှုကို ရရှိခံစားရမှာ ဖြစ်ပါတယ်။

    • အားကစားပွဲတွေအားပေးတာကလေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်စေတယ်။

    လေ့လာမှု တစ်ရပ်အရ အားကစားပွဲတွေကို အားစားကွင်းထဲမှာပဲဖြစ်ဖြစ် တီဗွီဖန်သားပြင် ကနေပဲဖြစ်ဖြစ် အားပေးတဲ့အခါ တစေထိုင်နေတာမျိုး မဟုတ်ဘဲ ထရပ်လိုက်၊ ခုန်ပေါက်လိုက်၊ အော်ဟစ်အားပေးလိုက်၊ လက်တွေဝှေ့ရမ်းပြီး အားပေးလိုက်လုပ်နေတာကြောင့် ခန္ဓာကိုယ်ရဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေနိုင်ပါတယ်။

    • အသက် ပိုရှည်စေတယ်။

    ဘောလုံးပွဲကို ကွင်းထဲ သွားကြည့်ရတာ မကြိုက်ဘဲ ဖန်သားပြင်ကနေပဲ ကြည့်ချင်တဲ့ သူမျိုးဆိုရင်တော့ သူငယ်ချင်းတွေနဲ့အတူ ချိန်းပြီးကြည့် တာက ခိုင်မာတဲ့ဆက်ဆံရေး တစ်ရပ်ကို ထိန်းသိမ်းနိုင်မှာ ဖြစ်သလို မိမိမိတ်ဆွေ သူငယ်ချင်းတွေရော မိမိကိုယ်တိုင်ပါ အသက်ရှည်နိုင်မယ့် အခွင့်အရေး ၅၀ ရာခိုင်နှုန်းလောက်အထိ တိုးလာမှာ ဖြစ်ပါတယ်။ ကင်ဆာရောဂါ၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေကို တိုက်ထုတ်နိုင်စွမ်းကိုလည်း ၂ ဆတိုးစေတဲ့အပြင် တုပ်ကွေး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ Brigham Young တက္ကသိုလ်ရဲ့ လေ့လာမှု တစ်ရပ်မှာ ပါရှိပါတယ်။

    • စုံတွဲတွေကြားက ဆက်ဆံရေးကို ကောင်းမွန်စေတယ်။

    သင့်ရဲ့ ချစ်သူက အားကစားဝါသနာပါသူ တစ်ဦးဆိုရင် ကိုယ်က အားကစား ဝါသနာ မပါရင်တောင် သူကြိုက်တဲ့အသင်းကို သူနဲ့အတူ ကြည့်ရှု အားပေးပါ။ အချိန်ကြာလာနဲ့အမျှ သင့်အနေနဲ့ အားကစားပွဲတွေအကြောင်း နားလည်လာပြီး သူနဲ့ထပ်တူ အားကစားပွဲကို စိတ်ဝင်စားလာပါလိမ့်မယ်။ မိမိနှစ်သက်တဲ့ အသင်းအနိုင်ရတဲ့အခါ စိတ်ခံစားချက်ကောင်းမွန်တဲ့ ဟော်မုန်း ထုတ်လုပ်မှုတွေ ဖြစ်ပေါ်လာပြီး စုံတွဲနှစ်ဦးကြားက ဆက်ဆံရေးကို ကောင်းမွန်စေပါတယ်။ ဝါသနာတူတာက စုံတွဲတွေကို လိုက်ဖက်ညီစေပြီး နှလုံးကျန်းမာရေး ကောင်းစေဖို့ အပြန်အလှန် အထောက်အကူပြုစေနိုင်သလို အသက်လည်း ပိုရှည်စေပါတယ်။

    • ဦးနှောက်အတွက် အကျိုးပြုတယ်။

    အားကစားပွဲတွေ ကြည့်ရှုတာက လူမှုဆက်ဆံမှုစွမ်းရည်ကို တိုးတက်စေနိုင်သလို စနစ်တကျ နေထိုင်တတ်အောင်လည်း အထောက်အကူပြုပါတယ်။ အားကစားပွဲတွေ ကြည့်ရှု့တာက ဦးနှောက်အတွက် လေ့ကျင့်ခန်းတစ်ရပ် ဖြစ်ပါတယ်၊ လို့ ၂၀၀၈ ခုနှစ်က ချီကာဂို တက္ကသိုလ်က သုတေသီတွေ ပြုလုပ်တဲ့လေ့လာမှုတစ်ရပ်အရ သိရပါတယ်။

    ဘောလုံးပွဲကြည့်တာကြောင့် ဘာဆိုးကျိုးတွေဖြစ်နိုင်မလဲ

    ကောင်းကျိုးများတယ် ဆိုပေမယ့် ဘောလုံးပွဲ ကြည့်တာက ဘယ်လိုဆိုးကျိုး ရှိစေနိုင်လဲ ဆိုတော့

    • အချိန်ကြာမြင့်စွာထိုင်မိနိုင်တယ်။

    ဘောလုံးပွဲ ကြည့်တဲ့အခါ အချိန်ကြာမြင့်စွာ အလှုပ်အရှား မရှိထိုင်ပြီး အားပေးမိမယ်ဆိုရင်တော့ မတ်တတ်ထရပ်လိုက်တဲ့အခါ မိုက်ခနဲ ဖြစ်သွားတာမျိုးနဲ့နောက်ကျောနာတာမျိုးတွေ ခံစားရနိုင်ပါတယ်။

    • စိတ်ဖိစီးတယ်။

    မိမိအားပေးတဲ့ အသင်း အနိုင်ရစေလိုတဲ့စိတ်ကြောင့် စိတ်ဖိစီးတဲ့ဒဏ်ကို ခံစားရပြီး အဆိုပါစိတ်ဖိစီးမှုကြောင့် သွေးတိုးတာ၊ ရုတ်တရက် နှလုံးရပ်သွားတာ၊လေဖြတ်တာနဲ့ အခြားကျန်းမာရေးပြဿနာတွေကို တွေ့ကြုံခံစားရနိုင်ပါတယ်။

    • စိတ်ဓာတ်ကျတယ်။

    မိမိအားပေးတဲ့ အသင်းက ဆုဖလားတွေမရဘဲ ရှုံးနိမ့်သွားတာ၊ ကိုယ်အကြိုက်ဆုံး ကစားသမား ထိခိုက်ဒဏ်ရာရတာ၊ အသင်းပြောင်း ရောင်းချခံလိုက်ရတာ၊အသင်းပြောင်းသွားတာမျိုးတွေ တွေ့ကြုံရတဲ့အခါ စိတ်ဓာတ်ကျတာကို ခံစားရနိုင်ပါတယ်။

    • အမှားအယွင်းတွေနဲ့ မတော်တဆဖြစ်ရပ်တွေဖြစ်ပေါ်စေနိုင်တယ်။

    မိမိအားပေးတဲ့အသင်းက ဆုဖလားတွေမရဘဲ ရှုံးနိမ့်သွားတာ၊ ကိုယ်အကြိုက်ဆုံး ကစားသမား ထိခိုက်ဒဏ်ရာရတာ၊ အသင်းပြောင်း ရောင်းချခံလိုက်ရတာ၊အသင်းပြောင်းသွားတာမျိုးတွေကြောင့် စိတ်ဓာတ်ကျတဲ့အခါ ကားမောင်းနေစဉ် အခြားကားတွေကို မရှောင်မိတာ၊ ကားတွေကို မကြည့်ဘဲ သတိလက်လွတ် လမ်းဖြတ်ကူးမိတာ၊ ဆေးသောက်ဖို့ မေ့သွားတာ၊ ကလေးကျောင်းကြိုဖို့ မေ့သွားတာလိုမျိုး အရေးကြီးတဲ့ အရာတွေကို မေ့လျော့သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

  • ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေ စားသုံးမိနိုင်တယ်။
  • ဘောလုံးပွဲ ကြည့်ရင်း ဆားတွေ၊ သကြားတွေ၊ ကယ်လိုရီတွေ၊ တာရှည်ခံဆေးတွေနဲ့ အရောင်ဆိုးဆေးတွေ အများအပြား ပါဝင်နေတဲ့ အာလူးကြော်တွေ၊ဆီကြော်မုန့်တွေနဲ့ ဘီယာတွေကို သတိမထားမိဘဲ အများကြီး သောက်သုံးမိတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဘောလုံးပွဲထဲ အာရုံရောက်နေတာကြောင့် အစားအစာတွေ ဘယ်လောက်တောင် စားမိလဲဆိုတာကို သတိမထားမိဘဲ ဖြစ်နိုင်ပါတယ်။

    ဘောလုံးပွဲကြည့်တာကြောင့်ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ

    ဆိုးကျိုးတွေ မဖြစ်လာအောင် ဒီလို ကာကွယ်ပါ။

    • ဘေးပတ်ဝန်းကျင်ကို အရေးစိုက်ပါ။

    ဘောလုံးပွဲ ကြည့်တဲ့အခါ ဘောလုံးပွဲက ကစားပွဲတစ်ခုသာဖြစ်ပြီး မိမိဘဝအပေါ် အကျိုးသက်ရောက်မှု အနည်းအကျဉ်းပဲ ရှိတယ်ဆိုတာကို သတိပြုပါ။ မိမိရဲ့လက်တွေ့ဘဝမှာ ပါဝင်နေတဲ့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူတွေ၊ အရာတွေကို အရေးစိုက်ပေးပါ။

    • ဘောလုံးပွဲကို တစ်ယောက်တည်း မကြည့်ပါနဲ့။

    ဘောလုံးပွဲ ကြည့်တဲ့အခါ တစ်ယောက်တည်း ကြည့်တာက စိတ်ဖိစီးမှု ပိုများစေနိုင်တာကြောင့် မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ နဲ့အတူ ကြည့်ပါ။ သူတို့ရဲ့ပြောဆိုအားပေးမှုမှာ ကိုယ်ပါစီးမျောရင်း စိတ်ဖိစီးမှု လျော့နည်းသွားပါတယ်။

    • ဘောလုံးပွဲမကြည့်ခင် ကျန်းမာအောင် လေ့ကျင့်ခန်း လုပ်ပါ၊ ကျန်းမာရေးနဲ့ညီညွတ်အောင် စားသုံးပါ။

    ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ထိန်းသိမ်းတာက ဘောလုံးပွဲကြည့်နေတုန်းမှာ အစားတွေ အများကြီး မစားမိအောင် ကာကွယ်ပေးပါလိမ့်မယ်။

    • အနားပေးပါ။

    ဘောလုံးပွဲကြည့်ရင်း မတ်တတ်ထရပ်ပါ။ လမ်းထလျှောက်ပါ၊ အပေါ့အပါး ထသွားပေးပါ။

    • ကိုယ့်ကိုယ်ကိုယ်စောင့်ရှောက်ပါ။

    ဘောလုံးပွဲကြည့်နေတာအခါ အေးပြီးစိုစွတ်တဲ့အနေအထားမျိုးဆိုရင် အပေါ်ထပ် အနွေးထည်လေး ဝတ်တာမျိုး၊ နွေးထွေးအောင် နေတာမျိုးတွေကို ဂရုစိုက်လုပ်ဆောင်ပေးပါ။

    • အနီးဝန်းကျင်မှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေပဲရှိပါစေ။

    ဘောလုံးပွဲကြည့်ရင်း အစားအသောက်တွေ စားတတ်တယ်ဆိုရင် သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ အရည်ဓာတ် များများပါတဲ့အရာတွေကိုပဲ မိမိအနီးဝန်းကျင်မှာ ထားရှိပေးပါ။

    အထက်မှာ ဖော်ပြထားတဲ့ အကြောင်းအရာလေးတွေကို ဖတ်ရှုပြီး အားကစားဝါသနာရှင်ပရိသတ်တွေအနေနဲ့ မိမိနှစ်သက်တဲ့ အသင်းကို ကျန်းမာရေးနဲ့ညီညွတ်စွာ အားပေးနိုင်ပါစေကြောင်း။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 01/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement