ဖိုးဖိုးဖွားဖွားတို့မှာ အဖြစ်များတဲ့ ရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 13, 2020 . 2 mins read
Share now

ဇရာက ရှောင်လွှဲလို့ မရပါဘူး။ ကိုယ်တွေ အသက်ကြီးလာတာနဲ့အမျှ ကိုယ်တွေကို ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့တဲ့ ဖေဖေမေမေဖိုးဖိုးဖွားဖွားတွေလည်း အသက်အရွယ် ကြီးရင့်လာခဲ့ပါပြီ။

အသက်ကြီးလာတဲ့အခါ ကိုယ်ခံအား နည်းလာသလို သန်မာမှု အားနည်းလာပြီး ရောဂါတွေကို ခံစားရနိုင်ခြေကလည်း များလာပါတယ်။ ဒီတော့ ချစ်ရတဲ့ မေမေဖေဖေ၊ ဖိုးဖိုးဖွားဖွားတို့ ကျန်းမာနေစေဖို့ အသက်အရွယ်ရတဲ့အခါ ဘယ်လိုရောဂါတွေ ဖြစ်တတ်လဲဆိုတာကို ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်လိုက်ပါ။

အသက်ကြီးရင့်လာတဲ့သူတွေမှာ ဒါတွေ ခံစားရနိုင်ပါတယ်။

အသက်ကြီးတဲ့ ဖြစ်စဉ်က ဆံဖြူရုံ သွားကျိုးရုံ၊ အသားအရေတွေ တွန့်ရုံနဲ့ ပြီးမသွားပါဘူး။ ဒီလို ဝေဒနာတွေပါ ခံစားရနိုင်ပါသေးတယ်။

အာဟာရ ချို့တဲ့မယ်

အာဟာရချို့တဲ့တာက သက်ကြီးပိုင်းတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပေါ့။ သွားတွေက အရင်ကလောက် မသန်မာတဲ့အခါ အစားသိပ်မစားဖြစ်တော့တာမျိုး ရှိနိုင်ပါတယ်။ ဒီတော့ လုံလောက်တဲ့ အာဟာရကို မရရှိရာကနေ အာဟာရချို့တဲ့လာပါတော့တယ်။

အာဟာရချို့တဲ့တဲ့အခါ ကိုယ်ခံအား နည်းတာ။ ကြွက်သားတွေ အားနည်းတာမျိုး ဖြစ်လာပါတော့တယ်။ နောက်ထပ် ဖြစ်နိုင်သေးတာက စိတ်ဓာတ်ကျတာ၊ အရက်စွဲနေတာ၊ အစားရွေးတာ၊ အထီးကျန်တာ နဲ့ ဝင်ငွေ ကန့်သတ်ချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ချစ်ရတဲ့ သက်​ကြီးရွယ်အိုတွေ ကျန်းမာစေဖို့ အစားအသောက်ကို သေချာ ပြင်ဆင်ပေးစေချင်ပါတယ်။

သိမြင်မှုဆိုင်ရာ ကျန်းမာရေး ပြဿနာ

သိမြင်မှုဆိုတဲ့ နေရာမှာ တွေးတောနိုင်စွမ်း၊ သင်ယူနိုင်စွမ်း၊ မှတ်မိနိုင်စွမ်းတွေပါ ပါဝင်နေတာပါ။ လူကြီးတွေ အဖြစ်များတာကတော့ အသက်အရွယ်ရလာတာ​ကြောင့် သတိမေ့လျော့တဲ့ dementia ရောဂါပါ။

dementia ရောဂါက လူ​ကြီးတွေမှာ ခံစားရနိုင်တဲ့ အခြား နာတာရှည်ရောဂါတွေဖြစ်ကြတဲ့ ဆေးဝါးအလွဲသုံးတာ၊ ဆီးချို၊ သွေးတိုး၊ စိတ်ဓာတ်ကျတာတွေ နည်းတူ အဖြစ်များလာတဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ပေါ့။

စိတ်ကျန်းမာရေး

စိတ်ကျန်းမာရေးကတော့ အရွယ်မျိုးစုံ ခံစားရနိုင်ပေမယ့် အသက်အရွယ်ကြီးရင့်လာတာကြောင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့ လူကြီးတွေမှာ ပိုအဖြစ်များပါတယ်။ အရင်ကလောက် ငွေမရှာနိုင်လို့ အရင်ကလို မကျန်းမာလို့ဆိုတဲ့ အကြောင်းပြချက် အမျိုးမျိုးနဲ့ စိတ်ဓာတ်ကျတာကို ခံစားရနိုင်ပါတယ်။

လူကြီးတွေ တော်တော်များများက စိတ်ကျန်းမာရေး ခံစားနေရပေမယ့် သတိမပြုမိတာ။ မကုသဘဲထားတာတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာမျိုးတွေအထိ ဖြစ်ရပါတယ်။ ဒါကြောင့် ချစ်ရတဲ့သူတွေကို သေချာလေး စောင့်ကြည့်လို့ အထီးမကျန်စေဖို့လည်း အဖော်ပြုပေးပါ။

ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှု

အသက်ကြီးလာတဲ့အခါ ကြွက်သားတွေ အရိုးတွေက အရင်လောက် မသန်စွမ်းတာကြောင့် ချော်လဲတာ အပါအဝင် မတော်တဆ ထိခိုက်နိုင်ခြေက တော်တော်လေး များလာပါတယ်။ အရိုးပွနေတာကြောင့် အရိုးကျိုးလွယ်တာမျိုးလည်း ခံစားရနိုင်ပါသေးတယ်

ဒါကြောင့် အိမ်မှာ လူကြီးတွေ ရှိမယ်ဆိုရင်ထိခိုက်မိနိုင်ခြေ နည်းစေဖို့ သေချာလေး ဂရုစိုက်ပေးပါ။

အာရုံခံနိုင်စွမ်း ကျလာတယ်

အသက်ကြီးလာတဲ့ အခါ မျက်စိမှုန်လာတယ်၊ နားလေးလာတယ်ဆိုတာက အာရုံခံနိုင်စွမ်း ကျလာတာပါ။ ဒါကြောင့် ပုံမှန် အမြင်အာရုံ စစ်ဆေးတာ၊ အကြားအာရုံ စစ်ဆေးတာတွေ လုပ်ပေးပါ။ လိုအပ်ရင် မျက်မှန်လုပ်ပေးတာ၊ နားကြားကိရိယာ တပ်တာမျိုးတွေ လုပ်ပေးပါ။

ခံတွင်းကျန်းမာရေး

အသက် ၆၅ နှစ်ထက်ကျော်ပြီး သဘာဝ သွားတွေကို ပိုင်ဆိုင်ဖို့ မဖြစ်နိုင်ပါဘူး။ အသက်ရလာတာနဲ့အမျှ သွားတွေက ပျက်စီးလာတတ်ပါတယ်။ သွားပျက်စီးတာက နောက်ဆက်တွဲ အနေနဲ့ အာဟာရ ချို့တဲ့တာကို ဖြစ်စေနိုင်တာကြောင့် ပုံမှန် သွားနဲ့ခံတွင်း စစ်ဆေးမှု လုပ်ပေးပါ။

ဆီးမထိန်းနိုင်ခြင်း၊ ဝမ်းချုပ်ခြင်း

အသက်အရွယ်ရလာတဲ့အခါ အာဟာရမျှတအောင် မစားမိတာ ရေသောက်နည်းတာတွေကြောင့် ဝမ်းချုပ်တာကို ခံစားရနိုင်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို မထိန်းသိမ်းမိတာ၊ ကျန်းမာတဲ့ စားသောက်မှု ပုံစံကို မကျင့်သုံးတာ၊ လေ့ကျင့်ခန်း မလုပ်တာတွေကြောင့် ဆီးအိမ်ကြွက်သားလျော့ပြီး ဆီးမထိန်းနိုင်တာနဲ့ ဝမ်းချုပ်တာတွေကို ခံစားရနိုင်ပါတယ်။

ဒီလို ကျန်းမာရေး ပြဿနာတွေ ရှိမယ်ဆိုရင် လိုအပ်တဲ့ ကုသမှုကို ချက်ချင်း ခံယူဖို့ ပြောပါရစေ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

အသံ တွေ ခဏခဏ ပြန်ကြားနေရတာ၊ သူများမကြားဘဲ ကိုယ်ပဲ ကြားနေရတာက စိတ်ရောဂါမဟုတ်ပါဘူး။ ရက်ပိုင်းလောက်နေရင် သက်သာသွားပါလိမ့်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကယ်လိုရီလောင်ကျွမ်း ခြင်းနဲ့ လေ့ကျင့်ခန်းအမျိုးအစားကွဲများ

ဘယ်လေ့ကျင့်ခန်း အမျိုးအစားက ဘယ်လောက် ကယ်လိုရီလောင်ကျွမ်း စေသလဲ ဆိုတာကို သိထားဖို့လိုပါတယ်။ ဒါမှ ကိုယ့်လိုအပ်ချက်ပေါ်မူတည်ပြီး ကစားနိုင်မှာဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

Psywar တွေက ကြောက်ဖို့ ကောင်းတာ မှန်ပေမယ့် လက်ခံတဲ့သူပေါ် မူတည်ပါတယ်။ လက်ခံတဲ့သူက ပါးနပ်ရင် ပါးနပ်သလောက် Psywarတွေကို ကျော်ဖြတ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
home-remedies-for-eye-allergies မျက်လုံး ဓာတ်မတည့်မှု

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read
အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read