backup og meta

ဗီတာမင် B က ခန္ဓာကိုယ်အတွက် ဘာတွေများ လုပ်ပေးလဲ။


Aye Thi Mon မှ ရေးသားသည်။ · 12/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗီတာမင် B က ခန္ဓာကိုယ်အတွက် ဘာတွေများ လုပ်ပေးလဲ။

    ဗီတာမင် B က ကျန်းမာဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင် တစ်မျိုးဖြစ်သလို ရေမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်လည်း ဖြစ်ပါတယ်။ ဗီတာမင် B ကို ခန္ဓာကိုယ်က မထုတ်လုပ်နိုင်ပါဘူး။ ဒါကြောင့် အစားအစာတွေ အပေါ်မှာ မှီခိုရပါတယ်။ ဗီတာမင် B က ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်မှုတွေကို ဘယ်လိုများ ထောက်ပံ့ပေးလဲဆိုတာ အတူတူကြည့်လိုက်ရအောင်လား။

    ဗီတာမင် B အုပ်စုတွေက ဘာတွေဖြစ်မလဲ။

    ဗီတာမင် B က ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေ ကောင်းမွန်စွာ လုပ်ဆောင်နိုင်စေဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ လုပ်ဆောင်ပေးပါတယ်။ ဗီတာမင် B အုပ်စုက စားလိုက်တဲ့ အစားအစာတွေကို အင်အားအဖြစ် ပြောင်းလဲပေးပါတယ်။ ဒါ့အပြင် ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေတယ်။ သွေးဆဲလ် အသစ်တွေ ဖြစ်ပေါ်စေတယ်။ အရေပြားဆဲလ် နဲ့ ဦးနှောက်ဆဲလ်တွေကို ကျန်းမာစေတယ်။ ခန္ဓာကိုယ်က တစ်ရှူးတွေကို ကျန်းမာစေတယ်။ ဗီတာမင် B အမျိုးအစားက ၈ ခု ရှိပါတယ်။

  • ဗီတာမင် B-1 (thiamin)
  • ဗီတာမင် B-2 (riboflavin)
  • ဗီတာမင် B-3  (niacin)
  • ဗီတာမင် B-5 (pantothenic acid)
  • ဗီတာမင် B-6 (pyridoxine)
  • ဗီတာမင် B-7 (biotin)
  • ဗီတာမင် B-9 (folate)
  • ဗီတာမင် B-12
  • ဒီ ဗီတာမင် အားလုံးကို စုပြီး ဗီတာမင် B complex လို့ ခေါ်ပါတယ်။ ဒီ ဗီတာမင် B အုပ်စုတွေကို အစားအစာ​ တော်တော်များများမှာ အမျိုးအစား စုံစုံလင်လင်တွေ့ရတတ်ပါတယ်။

    ဗီတာမင် B တစ်မျိုးချင်းစီရဲ့ လုပ်ငန်းတာဝန်

    ဗီတာမင် B အုပ်စုက ဗီတာမင် အမျိုးအစား တစ်မျိုးချင်းစီရဲ့ လုပ်ငန်းတာဝန်တွေက မတူကြပါဘူး။

    ဗီတာမင် B-1 (thiamin)

    နှလုံးအသည်း နဲ့ ဦးနှောက်တို့မှာ thiamin ပမာဏ တော်တော်လေး ပါဝင်နေရတာပါ။ ဒါမှလည်း ကျန်းမာမှာကိုး။ thiamin က ခန္ဓာကိုယ် အတွက်

    • အစားအစာတွေထဲက သကြားဓာတ်ကို ဖြိုခွဲပေးတယ်
    • ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေ ကောင်းမွန်စေတယ်
    • fatty acids ဖြစ်ပေါ်စေတယ်
    • ဟော်မုန်းတွေကို ထုတ်လွှတ်ပေးတယ်။

    ဗီတာမင် B-2 (riboflavin)

    Riboflavin က

    • စွမ်းအင်တွေ ဖြစ်ပေါ်စေတယ်
    • ခန္ဓာကိုယ်က အဆီတွေ၊ ဆေးဝါးတွေ နဲ့ စတီးရွိုက် ဟော်မုန်းတွေကို ဖြိုခွဲရာမှာ ကူညီပေးတယ်။

    ဗီတာမင် B-3  (niacin)

    ဗီတာမင် B3 က ခန္ဓာကိုယ်မှာ

    • စားသုံးလိုက်တဲ့ ကာဗိုဟိုက်ဒရိတ်၊ အဆီ နဲ့ ပရိုတင်းတွေကို ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေအဖြစ် ပြောင်းလဲပေးတယ်
    • ဆဲလ်တွေရဲ့ လုပ်ဆောင်မှုတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေတယ်
    • ဆဲလ်တွေကို တစ်ခုနဲ့တစ်ခု  ဆက်သွယ်ဆောင်ရွက်နိုင်စေတယ်
    • ဆဲလ်တွေထဲ DNA မျိုးဗီဇဆဲလ်တွေကို သိရှိနိုင်အောင် လုပ်ဆောင်ပေးတယ်။

    ဗီတာမင် B-5 (pantothenic acid)

    Pantothenic acid က

    ခန္ဓာကိုယ်အတွက် coenzymes၊ ပရိုတင်း နဲ့ အဆီတွေကို ဖြစ်ပေးစေတယ်။ သွေးဆဲလ်တွေကနေတဆင့် pantothenic acid ကို သယ်ဆောင် သွားစေပြီး စွမ်းအင် ဖြစ်ပေါ်စေဖို့နဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ဖြစ်ပေါ်စေဖို့ လိုအပ်တဲ့ အာဟာရအဖြစ် ဆောင်ရွက်ပေးပါတယ်။

    ဗီတာမင် B-6 (pyridoxine)

    Vitamin B-6 ( pyridoxine) က

    • အမိုင်နိုအက်ဆစ် ပြောင်းလဲဖြစ်ပေါ်မှုကို လုပ်ဆောင်ပေးတယ်
    • ကာဗိုဟိုက်ဒရိတ်ကို အဆီအဖြစ် ဖြိုခွဲပေးတယ်
    • ဦးနှောက် ဖွံ့ဖြိုးစေတယ်
    • ကိုယ်ခံအား ကောင်းစေတယ်။

    ဗီတာမင် B-7 (biotin)

    ဗီတာမင် B-7 (biotin) က

    • အဆီ၊ ကာဗိုဟိုက်ဒရိတ် နဲ့ ပရိုတင်း တို့ကို ဖြိုခွဲပေးတယ်
    • ခန္ဓာကိုယ်က ဆဲလ်တွေကို ချိတ်ဆက် ဆောင်ရွက်နိုင်စေတယ်
    • DNA ကို ထိန်းညှိပေးတယ်။

    ဗီတာမင် B-9 (folate)

    ဗီတာမင် B-9 (folate) က

    • DNA ကွဲပွားမှုကို လုပ်ဆောင်ပေးတယ်
    • ဗီတာမင်တွေကို ဖြိုခွဲပေးတယ်
    • အမိုင်နိုအက်ဆစ်ကို ဖြိုခွဲပေးတယ်
    • ဆဲလ်ကွဲပွားမှုတွေကို ဖြစ်ပေါ်စေတယ်။

    ဗီတာမင် B-12

    vitamin B-12 က

    • သွေးဆဲလ် အသစ်တွေကို ဖြစ်ပေါ်စေတယ်
    • DNA ပေါင်းစပ်မှုကို ဖြစ်ပေါ်စေတယ်
    • ဦးနှောက် နဲ့ အာရုံကြော လုပ်ဆောင်မှု ကောင်းစေတယ်
    • အဆီ နဲ့ ပရိုတင်းတွေကို ဖြိုခွဲပေးတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement