တစ်ခုခု စားရင်း သောက်ရင်းနဲ့ပဲဖြစ်ဖြစ်၊ အာရုံကြောမကောင်းလို့ ကောင်းကောင်းမမျိုချနိုင်လို့ဘဲ ဖြစ်ဖြစ် အစာသီးတတ်ပါတယ်။ သာမန်လောက်ပဲ ဆိုရင်တော့ ချောင်းဆိုးပြီး ဟပ်ထုတ်လိုက်ရင် ရပါတယ်။ အသက်ရှူလို့မရအောင် သီးပြီး တစ်နေရင်တော့ နောက်ကျောကို ထုပေးရပါတယ်။ လူကြီးတွေဆိုရင်တော့ Heimlich maneuverနဲ့ နောက်ကျောကနေသိုင်းပြီး အရှိုက်ကို ဖိပေးလို့ရပါတယ်။ ဒါနဲ့မှ မသက်သာရင်တော့ ဆေးရုံကို အမြန်သွားရပါမယ်။

အစာစာတိုင်းမှာ အောက်ကို ကောင်းကောင်းမဆင်းဘဲ တစ်နေရာမှာ တစ်ဆို့ဆို့ဖြစ်နေတာ၊ ကပ်တပ်တပ်ခံစားနေရတာ၊ နင်နေတာဆိုရင် ဒီအချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ အစာရေမျိုပြွန်မှာ ရောဂါတစ်ခုခုဖြစ်နေတာ၊ အကျိတ်ရှိနေတာ၊ စားချဉ့်ရည်ပြန်ဆန်တဲ့ ရောဂါ၊ အာရုံကြောထိခိုက်ပြီး မမျိုချနိုင်တာ၊ လည်ပင်းပိုင်းနဲ့ ရင်ဘတ်ပိုင်းကို ရောင်ခြည်ပြပြီး ကုသမှုခံယူထားတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ စားတိုင်း စားတိုင်း နင်နေပြီး ရက်အတော်ကြာတောင် မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
သူက အစာနင်တာနဲ့ မတူပါဘူး။ နင်တာက မျိုချလို့ကို မရတာပါ။ ဒါက နာလို့ မမျိုချနိုင်တာပါ။ မနာဘူးဆို အကောင်းအတိုင်း မျိုချနိုင်ပါတယ်။ အကြောင်းရင်းတွေကတော့ ပိုးဝင်ပြီး လည်ပင်း နာတာ၊ အနာရှိနေတာ၊ အာသီးရောင်တာ၊ စားချဉ့်ပြန်ရောဂါရှိတာ၊ လည်ချောင်း မှာ မှက္ခရုဖြစ်တာ၊ အစာရေမျိုပြွန်ကင်ဆာ၊ ပူလွန်း၊ အေးလွန်းတာတွေကို မကြာခဏ စားသောက်တာ စတာတွေပဲ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။