အမြင်အာရုံဆုံးရှုံးနေတဲ့ လူတစ်ယောက်ရဲ့ ဘဝဟာ အရာရာ ခက်ခဲလှပါတယ်။ သာမန်လူတွေအကြားမှာ ဘဝကို လမ်းကြောင်းမှန်ပေါ်ကနေ မချော်ထွက်သွားအောင် ရပ်တည်ရှင်သန်နေထိုင်နေကြတဲ့ မျက်စိနှစ်ကွင်း အလင်းမရသူတွေဟာ အထင်ကြီးလေးစားဖွယ် ပုဂ္ဂိုလ်တွေဖြစ်ကြပါတယ်။
ထွက်မှာ သေချာပြီလား။
အမြင်အာရုံဆုံးရှုံးနေတဲ့ လူတစ်ယောက်ရဲ့ ဘဝဟာ အရာရာ ခက်ခဲလှပါတယ်။ သာမန်လူတွေအကြားမှာ ဘဝကို လမ်းကြောင်းမှန်ပေါ်ကနေ မချော်ထွက်သွားအောင် ရပ်တည်ရှင်သန်နေထိုင်နေကြတဲ့ မျက်စိနှစ်ကွင်း အလင်းမရသူတွေဟာ အထင်ကြီးလေးစားဖွယ် ပုဂ္ဂိုလ်တွေဖြစ်ကြပါတယ်။
မျက်စိနှစ်ကွင်း အလင်းမရတဲ့ လူတစ်ယောက်ရဲ့ အတွေးတွေထဲမှာ ဘာတွေရှိနေမလဲ? ဒီလိုအတွေးမျိုး သင်တွေးမိဖူးရဲ့လား? သူတို့ ဘယ်လိုခံစားနေကြရသလဲ? သူတို့က လုံးဝ အမြင်အာရုံ ကွယ်ပျောက်သွားတာလား? တချို့တလေသော အရာတွေကို မြင်တွေ့ရနိုင်သလား? သူတို့ရဲ့ ဘဝကို တွေးဝင်ခံစားကြည့်ကြရအောင်။
ဒီကိစ္စက ယေဘုယျဆန်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ သာမန် အမြင်အာရုံပြည့်စုံနေသူတစ်ယောက်အနေနဲ့ အမြင်အာရုံချို့တဲ့နေသူတစ်ဦးရဲ့ ရှုမြင်ပုံ၊ ခံစားပုံ၊ သိရှိနိုင်ပုံတွေကို နားလည်နိုင်ဖို့ ခက်ခဲမှာဖြစ်ပါတယ်။ အမြင်အာရုံချို့တဲ့နေသူအများစုဟာ ရောဂါအခြေအနေ အနုအရင့်နဲ့ နက်ရှိုင်းမှုအပေါ်မူတည်ပြီး အာရုံခံနိုင်စွမ်း သိရှိနိုင်စွမ်းလည်း ကွာခြားလေ့ရှိပါတယ်။ ဒါပေမယ့် သာမန်လူတွေနဲ့ တူညီတဲ့အချက်ကတော့ ဦးနှောက်ဟာ အချက်အလက်တွေကို သိနိုင်စွမ်းတဲ့အချက်ပဲဖြစ်ပြီး သာမန်လူတွေ အမြင်အာရုံအခြေခံ မှတ်သားထားတာလိုမျိုး သူတို့ရဲ့ ဦးနှောက်ကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ မှတ်သားပေးထားနိုင်ပါတယ်။
ဒီနေရာမှာ ရောဂါအမျိုးအစားအပေါ် မူတည်ပြီး ကွဲပြားမှုတစ်ချို့ရှိနေတာကို သိထားဖို့ လိုအပ်ပါတယ်။
မွေးရာပါ အမြင်အာရုံချို့ယွင်းနေသူတွေဟာ အိပ်မက်မက်လေ့ရှိပါတယ်။ ဒါပေမယ့် သူတို့တွေဟာ ပုံရိပ်တွေကို မြင်တွေ့ရခြင်းတော့ မရှိပါဘူး။ သူတို့ရဲ့ အိပ်မက်တွေထဲမှာ အသံတွေ၊ ထိတွေ့ခံစားသိစိတ်တွေ၊ အနံ့၊ အရသာနဲ့ စိတ်ခံစားချက်တွေသာ ပါဝင်နေတတ်ပါတယ်။ အသက်အရွယ် ကြီးမြင့်မှ အမြင်အာရုံချို့ယွင်းသူတွေရဲ့ အိပ်မက်တွေထဲမှာတော့ ပုံရိပ်တွေ ပါဝင်လေ့ရှိပါတယ်။ လေ့လာချက်တွေအရဆိုရင်တော့ တချို့သော အမြင်အာရုံချို့ယွင်းသူတွေဟာ အိပ်မက်မက်နေစဉ်မှာ အလင်းရောင်ကို မြင်နိုင်တယ်လို့ ဆိုထားပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။