နှာတွေချေ၊ နှာရည်တွေကျပြီး ကိုယ်တွေပူနေတဲ့ကလေးအတွက်ဖေဖေမေမေတို့ ပျာယာခတ် စိတ်ပူရတာ သဘာဝပါပဲ။ တုပ်ကွေးဒဏ်ကို ပိုခံစားရလေ့ရှိတဲ့သူတွေထဲ အသက် ၅ နှစ်အောက် ကလေးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ပန်းနာရင်ကျပ်ရှိသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေပါဝင်ပါတယ်။
နှာတွေချေ၊ နှာရည်တွေကျပြီး ကိုယ်တွေပူနေတဲ့ကလေးအတွက်ဖေဖေမေမေတို့ ပျာယာခတ် စိတ်ပူရတာ သဘာဝပါပဲ။ တုပ်ကွေးဒဏ်ကို ပိုခံစားရလေ့ရှိတဲ့သူတွေထဲ အသက် ၅ နှစ်အောက် ကလေးတွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ပန်းနာရင်ကျပ်ရှိသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေပါဝင်ပါတယ်။
တုပ်ကွေးမိရင် ဘယ်လိုလက္ခဏာတွေပြမလဲ။
တုပ်ကွေးမိတဲ့အခါမှာ ကလေးငယ်က
ကလေးက အသက်နည်းနည်းရလာပြီဆိုရင်တော့ သူခံစားနေရတာတွေကို ပြောပြနိုင်လိမ့်မယ်။ အရမ်းငယ်တဲ့ကလေးဆိုရင်တော့ အဖေအမေတွေက သတိထားပြီး စောင့်ကြည့်မှသိနိုင်လိမ့်မယ်။ အလွယ်ဆုံးနည်းလမ်းကတော့ အဖျားတိုင်းကြည့်ဖို့ပါ။ ကလေးတွေအတွက်က ဒစ်ဂျစ်တယ်သာမိုမီတာဆိုရင် ပိုအဆင်ပြေနိုင်ပါတယ်။
စိုးရိမ်စရာကောင်းတဲ့လက္ခဏာတွေမရှိရင် တုပ်ကွေးကို အိမ်မှာပြုစုပေးလို့ရပါတယ်။
၁။ အဖျားပျောက်ဆေးတိုက်ပါ။
တုပ်ကွေးကြောင့်ဖြစ်တဲ့ ကိုယ်ပူတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားတွေနာကျင်ကိုက်ခဲတာတွေအတွက် acetaminophen ပါတဲ့ဆေးဝါးတွေကို တိုက်ကျွေးနိုင်ပါတယ်။ ကလေးက ငယ်ရွယ်ပြီး ဆေးအတောင့်ကို မသောက်နိုင်ဘူးဆိုရင် အရည်ကိုတိုက်ရပါမယ်။ တုပ်ကွေးရဲ့ အခြေအနေမသိရသေးချိန်မှာ သွေးယိုစိမ့်မှုအန္တရာယ်ရှိနိုင်လို့ တခြားအကိုက်အခဲပျောက်ဆေးတွေ သုံးလို့မရဘူး။ ဈေးကွက်ထဲမှာ ကလေးအဖျားပျောက်ဆေးတွေအများအပြားရှိပေမယ့် မြန်မြန်ဆန်ဆန်သက်သာပျောက်ကင်းစေတဲ့ဆေးဆိုရင်တော့ Tylenol (တိုင်လီနော)ကို ညွှန်းဆိုချင်တယ်။ အဖျားနဲ့ ကိုယ်လက်နာကျင်တာတွေကို ပျောက်ကင်းစေနိုင်တာအပြင် သူ့ရဲ့ အဓိကအားသာချက်က သောက်သင့်တဲ့ပမာဏထက်ပိုများသွားတာ၊ နည်းသွားတာတွေမဖြစ်အောင် ကောင်းကောင်းကြီး ချိန်ဆနိုင်လို့ ကလေးတွေရဲ့ နုနယ်တဲ့ အစာအိမ်နဲ့ အသည်းကို ထိခိုက်မှုအတော်နည်းတဲ့တစ်ချက်ပါ။
၂။ သက်တောင့်သက်သာထားပါ။ အရမ်းကြီး ပူအိုက်မနေပါစေနဲ့။
ကလေးကို ဖျားနေလို့ဆိုပြီး အနွေးထည်၊စောင်တွေ အထပ်ထပ်နဲ့ မထားသင့်ပါဘူး။လှောင်အိုက်နေရင် မကောင်းပါဘူး။လေဝင်လေထွက်ကောင်းတဲ့ ချည်သားအဝတ်အထည်တွေပဲ ဝတ်ပေးတာမျိုး၊ ကလေးကို သက်တောင့်သက်သာအနေအထားမှာပဲ ထားဖို့ သတိရပါ။
၃။ ရေဝတ်တင်ပေးပါ။
ကလေးရဲ့နဖူးမှာရေစိုဝတ်လေး တင်ပေး၊ လဲပေးတာက ကိုယ်ပူကျစေပါတယ်။
၄။ ရေချိုးချပါ။
ရေကကြက်သီးနွေးရေဖြစ်ဖို့လိုပါတယ်။ သိပ်အေးနေတဲ့ရေမဖြစ်ပါစေနဲ့။ ရေချိုးတာ မကြာပါစေနဲ့။ ကိုယ်ပူကျအောင်ဆိုပြီးကလေးကိုရေအေးအေးတွေနဲ့ မချိုးပေးလိုက်ပါနဲ့။
၅။ နှိပ်နယ်ပေးပါ။
ကလေးရဲ့ခန္ဓါကိုယ်မှာ ခံစားနေရတဲ့ နာကျင်ကိုက်ခဲမှုတွေကို ဦးခေါင်းနဲ့ကျောဘက်မှာ အသာအယာပွတ်ပေးရုံနဲ့ သက်သာစေနိုင်ပါတယ်။
၆။ ပူပူနွေးနွေးသောက်စရာတွေ ဖန်တီးပေးပါ။
အရမ်းငယ်သေးတဲ့အရွယ်ကလွဲလို့ ကလေးတွေကိုရေနွေးကြမ်း၊ စွပ်ပြုတ်ရည်၊ အိုဗာတင်း၊မိုင်လို စတဲ့အာဟာရဖြစ်မယ့်သောက်စရာတွေ တိုက်ပေးရင် လည်ချောင်းနာနဲ့ ချွဲကြပ် သက်သာစေနိုင်ပါတယ်။
၇။ အရည်များများဝင်အောင် တိုက်ပါ။
တုပ်ကွေးဖြစ်ပြီဆိုရင် အဖြစ်များတာကရေဓါတ်ဆုံးရှုံးခြင်းဖြစ်ပါတယ်။ရေ သို့မဟုတ် အရည်များများဝင်အောင် ချော့ပြီးတိုက်ပါ။ နို့တိုက်အရွယ်ဆိုရင် နို့ရည် ၊ ကျန်တဲ့အရွယ်ကလေးတွေကိုရေနဲ့ အသီးဖော်ျရည် (အချိုရည်ဘူးမဟုတ်) တိုက်လို့ရပါတယ်။
ဒါတွေရှိနေပြီဆိုရင်တော့ နမိုးနီးယား (အဆုတ်ရောင်)ရောဂါလို၊ သွေးလွန်တုပ်ကွေးလို ပြင်းထန်တဲ့ရောဂါတစ်ခုခုကြောင့်ဖြစ်နေနိုင်တာကြောင့် အမြန်ဆုံး ဆေးကုသမှုခံယူဖို့လိုအပ်ပါလိမ့်မယ်။ တကယ်လို့ အထက်မှာဖော်ပြထားတဲ့ရောဂါလက္ခဏာတွေမရှိခဲ့ဘူးဆိုရင်တောင် ကလေးက တစ်ခုခုထူးထူးခြားခြား ပြဿနာရှိနေပြီလို့ မိဘတွေအနေနဲ့ ခံစားမိတယ်ဆိုရင် ဆေးရုံဆေးခန်း အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။