ဒီလိုမျိုး အိပ်စက်နေရမယ့်အချိန်မှာ လူတွေက မျက်လုံးပွင့်နေတော့ ဗိုက်ကဆာတဲ့ အသိကဝင်တယ်။ ဗိုက်မဆာရင်တောင် ရုပ်ရှင်ကြည့်နေရတာ၊ ဖုန်းသုံးနေရတာဆိုတော့ တစ်ခုခုတော့ စားလိုက်ရမှဆိုတော့ အသိစိတ်က ဝင်လာပါတယ်။
အဲဒီလို ညအချိန်မှာ အစာတွေပိုစားလေ၊ အစာအိမ်က ကောင်းကောင်းမချေဖျက်နိုင်တော့ဘဲ အစာမကြေတာ၊ ရင်ပြည့်တာ၊ လေပွတာ၊ ဗိုက်အောင့်ဗိုက်နာ ဖြစ်တာအပြင် အစာအိမ်ရောဂါ ရတဲ့အထိ ဆိုးရွားသွားနိုင်ပါတယ်။
တခြားပြဿနာအနေနဲ့ ကယ်လိုရီတွေကို ခန္ဓာကိုယ်က သေချာမလောင်ကျွမ်းနိုင်တဲ့အခါ အဆီပိုတွေ ထွက်လာပြီး လူက အဝလွန်လာမယ်။ နောက်ဆက်တွဲ သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါတွေပါ ရလာနိုင်ပါတယ်။
၂။ မျက်စိနဲ့ ဦးနှောက်အာရုံကြောကို ထိခိုက်စေမယ်။
ညဘက်မအိပ်တဲ့ သူတိုင်းဟာ ရုပ်ရှင်ကြည့်ရင်ကြည့်၊ မကြည့်ရင် ဖုန်းစကရင်ကို တောက်လျှောက် ကြည့်နေကြတာပါပဲ။ အလုပ်လုပ်တဲ့သူတွေကလည်း မီးအရောင်မှိန်မှိန်လေးမှာ မျက်လုံးကို အားစိုက်ပြီး ကွန်ပျူတာ သုံးနေရတာ၊ စာရင်းအင်းတွေ တွက်ချက်တာမျိုး တွေ့ရပါတယ်။
ညမှောင်တဲ့အချိန်မှာ ဒီလို အလင်းတွေကို အားစိုက်ကြည့်နေခြင်းက မျက်လုံးရဲ့ မျက်ကြည်လွှာကို ပါးသွားစေသလို မျက်စိမှုန်တာ၊ မျက်စိတိမ်ဖုံးတာ၊ မျက်စိစွံတာ၊ မျက်စိ စူးအောင့်တာ၊ မျက်သားခြောက်တာအပြင် မျက်စိကွယ်တာအထိ ဖြစ်နိုင်ပါတယ်။
ဦးနှောက်အာရုံကြောစနစ်သည်လည်း အနားယူရမယ့်အချိန်မှာ အလုပ်လုပ်နေရတာဖြစ်တဲ့အတွက် ခန္ဓာကိုယ်အတွက် မကောင်းတဲ့ ဟော်မုန်းတွေကို ဆက်တိုက်ထုတ်လွှတ်ပေးနေမယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။