ကီတို Diet ဆိုတာ ကိုယ်အလေးချိန် အမြန်ကျစေဖို့ ကစီဓာတ် (ကာဗိုဟိုက်ဒြိတ်) ကို လျှော့စားပြီး ကျန်းမာရေး အကျိုးပြု အဆီနဲ့ အသားဓာတ်တွေကိုသာ ပိုစားပေးတဲ့ Diet အမျိုးအစားပါ။ ယောက်ျားလေးတွေထက် မိန်းကလေးတွေ ဒီ Diet အမျိုးအစားကို ပိုလိုက်နာ စားသုံးလာကြပါတယ်။ ခုဆောင်းပါးမှာတော့ ကီတို Diet နဲ့ ပတ်သက်ပြီး မကြာခဏ ဆိုသလို လာမေးနေကြတဲ့ အမေးတွေအတွက် ပြန်လည် ဖြေပေးချင်ပါတယ်။ တစ်ခါမှ ကီတို Diet မစဖူးတဲ့သူတွေအတွက်လည်း ကိုယ့်အတွက် သင့်တော်မလား၊ မသင့်တော်ဘူးလားဆိုတာ သေချာ ဆုံးဖြတ်လို့ ရတာပေါ့။