Yo-yo dieting က အမျိုးအစား (၂) ဆီးချိုရောဂါကို ဖြစ်စေနိုင်တယ်၊ လို့ လေ့လာမှု အထောက်အထားတွေအရ သိရပါတယ်။ ဝိတ်တက်လိုက် ကျလိုက် တလှည့်စီ ဖြစ်နေတာက ဗိုက်၊ လက်မောင်း၊ ခြေထောက် နဲ့ တင်ပါးတို့မှာ အဆီစုတာတွေကို ဖြစ်စေပြီး ကိုယ်တွင်းအဆီကို များစေသလို
အင်ဆူလင်ပမာဏကို မြင့်တက်စေပြီး ဆီးချို အစောပိုင်း လက္ခဏာတွေကို ခံစားရစေနိုင်ပါတယ်။
ဒီဝိတ်ချတဲ့ အစီအစဉ်ကို ရေရှည် စွဲလုပ်မယ်ဆိုရင် အမျိုးအစား (၂) ဆီးချိုရောဂါ ခံစားလာရနိုင်ပါတယ်။
ကိုယ်အလေးချိန် တက်လိုက် ကျလိုက်ဖြစ်နေတာက နှလုံးသွေးကြောတွေကို ကျဉ်းစေပြီး နှလုံးရောဂါ ခံစားရနိုင်ခြေ တိုးလာစေသလို နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ခြေကိုလည်း တိုးစေနိုင်ပါတယ်။ ကိုယ်အလေးချိန် အတက်အကျ ကွာဟချက် များလေလေ နှလုံးရောဂါ ခံစားရနိုင်ခြေက များလာလေလေပါ။
ကိုယ်အလေးချိန် တက်လာလိုက် ပြန်ချလိုက်နဲ့ သံသရာလည်နေတဲ့ yo-yo diet လုပ်တာက သွေးပေါင်ချိန်ကို မြင့်တက်စေပြီး သွေးတိုးရောဂါ ခံစားရစေနိုင်ပါတယ်။ ဝိတ်တက်လာတာနဲ့အတူ သွေးတိုးရောဂါ ဖြစ်နိုင်ခြေ တိုးလာနိုင်ပေမယ့် ဝိတ်ကျသွားတဲ့ အခါမှာတော့ သွေးတိုးရောဂါ ခံစားရနိုင်ခြေက ကျမသွားပါဘူး။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။