ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ခန္ဓာကိုယ် ဖွဲ့စည်းပုံက မတူသလို အာဟာရ လိုအပ်ချက်ကလည်း ကွာခြားနိုင်ပါတယ်။ အာဟာရ လိုအပ်ချက်ကို ကိုက်ညီအောင် ဖြည့်ပေးနိုင်မှ ကျန်းမာပျော်ရွှင်မှာပါ။ ဒါ​ကြောင့် အာဟာရလိုအပ်ချက်ကို အကောင်းဆုံး ဖြည့်ဆည်းနိုင်ဖို့ ဒီကဏ္ဍလေးမှာ လေ့လာလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ကြက်သွန်နီကို အစိမ်းစား ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

ကြက်သွန်နီကို ပုံစံ အမျိုးမျိုးနဲ့ ဟင်းလျာ အမျိုးမျိုးထဲမှာ ထည့်စားတတ်ကြပါတယ်။ ကြက်သွန်နီကို အစိမ်းစားတာမျိုး ရှိသလို ကြော်စားတာ၊ ဟင်းအနှစ်အဖြစ် ချက်စားတာ စသဖြင့် အမျိုးမျိုး စားကြပါတယ်။ ဒီလို စားတဲ့အထဲမှာ ကြက်သွန်နီက အနံ့ပြင်းတာကြောင့် အစိမ်းစားဖို့ တော်တော်များများက သဘောမတွေ့ကြပါဘူး။ တကယ်ကတော့ ကြက်သွန်နီကို အစိမ်းစား ပေးသင့်တဲ့ အကြောင်းအရင်း ရှိပါတယ်။ ဘာကြောင့် ဒီလို ပြောရသလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  https://hellosayarwon.com/health/general-health-knowledge/tips-on-how-to-cut-onions/ ကြက်သွန်နီကို အစိမ်းစား ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး ကြက်သွန်နီကို ချက်ပြုတ် ကြော်လှော်ပြီး စားတာက အတော်လေးကို အရသာ တိုးစေနိုင်ပါတယ်။ ဒီလိုပဲ ကြက်သွန်နီကို အစိမ်းစား တာကလည်း ကျန်းမာရေး အကျိုးကျေးဇူး ရနိုင်ပါတယ်။  ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ် ကြက်သွန်နီက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတယ်လို့ နာမည်ကြီးတဲ့ […]

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ ကို ရှာဖွေမည်။

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ဘယ်သူတွေ Detox မလုပ်သင့်ဘူးလဲ။

ကိုယ်အလေးချိန်ကျဖို့၊ အသားအရေလှဖို့၊ အဆိပ်အတောက်ကင်းဖို့ဆိုတဲ့ ယူဆချက်တွေနဲ့ Detox လုပ်တာတွေ ခေတ်စားလာပါတယ်။ ဒါပေမယ့် Detoxက လူတိုင်းအတွက် သင့်တော်တာတော့ မဟုတ်ပါဘူး။ မသောက်သင့်တဲ့ လူတွေလည်း ရှိပါတယ်။ Detox လုပ်တယ်ဆိုတာ မြန်မာလိုဆိုရင်တော့ အဆိပ်အတောက်ဖြေတာပါ။ ကြားလိုက်ရတာနဲ့ လုပ်ကိုလုပ်မှဖြစ်မယ်လို့ တွေးမိလောက်တဲ့အထိပါပဲ။ ဒါမှမလုပ်ရင် ကိုယ်ထဲမှာ အဆိပ်အတောက်တွေ စုနေမှာပဲလို့ တွေးမိကြတာကိုး။ ဒါ့ပြင် Detoxမှာ ပါဝင်တာတွေက ရေနဲ့ အသီးအရွက်တွေပဲဖြစ်တာကြောင့် ရုတ်တရက် ကြည့်လိုက်ရင် ကျန်းမာရေးနဲ့ ညီညွတ်လိုက်တာလို့ ထင်စရာ ရှိပါတယ်။ ကိုယ်ထဲကို အဆိပ်အတောက်တွေက သောက်တဲ့ရေတွေ၊ စားတဲ့ အစားအစာတွေ၊ စိုက်ပျိုးရေးမှာ သုံးတဲ့ ပိုးသတ်ဆေးတွေ၊ နောက်ဆုံး ရှူတဲ့လေကနေတဆင့် ဝင်လာကြပါတယ်။ ခန္ဓာကိုယ်ထဲကို ဝင်လာတဲ့ ဒီအဆိပ်အတောက်တွေ အားလုံးကို အသည်းနဲ့ ကျောက်ကပ်က ရှင်းထုတ်ပေးပြီး ဆီး၊ ဝမ်း၊ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

အဝေးမှုန် လား ....... ဒါတွေစားပေးပါ။

မျက်လုံးက အနီးဆိုရင် ကောင်းကောင်း မြင်ရပေမယ့် ခပ်ဝေးဝေးရောက်သွားရင် သဲသဲကွဲကွဲ မမြင်ရတော့ဘူး။ အဝေးက စာတွေကို လှမ်းဖတ်ရင် ဝါးနေတာ၊ ပုံတွေကို ရေးရေးပဲမြင်ရတာတွေ ဖြစ်နေပြီလား။ ကားနံပါတ်တွေကို မသဲကွဲတာမျိုး ဖြစ်နေပြီလား။ ဒါဆိုရင်တော့ အဝေးမှုန် နေတာပါ။ ဒီတော့ အဝေးမှုန် တာကို သက်သာစေဖို့ ဘာတွေ စားရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ အဝေးမှုန် လား.......ဒါတွေစားပေးပါ။ မျက်စိ အဝေးမှုန်တာက မွေးရာပါ မဟုတ်ဘူး။ အရွယ်ရောက်မှ ဖြစ်တာဆိုရင် သက်သာစေဖို့ အစားအသောက်လေးတွေ ဆေးဝါးလေးတွေနဲ့ ကုသလို့ ရပါတယ်။ ဒီတော့ အဝေးကအရာတွေကို ဝါးတားတားပဲ မြင်နေရတဲ့ အဝေးမှုန်တာကို သက်သာစေဖို့ ဘာတွေ စားပေးရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ ပင်လယ်ငါး ဆယ်လ်မွန်၊ တူနာ၊ မက်ကာရယ်တို့လိုမျိုး omega-3 fatty acids ကြွယ်ဝတဲ့ အစားအစာတွေကို […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ဝမ်းလျှောနေတဲ့ လူနာများအတွက် BRAT diet က တကယ်ကောင်းတာလား။

ဝမ်းလျှောတာ၊ အထက်လန်အောက်လျှောဖြစ်တာ၊ အစာအဆိပ်သင့်တာ စသဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဖျားနာမှု တစ်ခုခု ဖြစ်ပြီးတဲ့နောက်မှာ အစာခြေစနစ်ကို အနားပေးဖို့ လိုပါတယ်။ အနားပေးတယ်ဆိုတာ သူ့ရဲ့ အလုပ်တွေကို လျှော့ချတာမျိုးပါ။ သူ့ရဲ့ အဓိက အလုပ်က အစာခြေတာဆိုတော့ ဖျားတာမှုတွေ အပြီးမှာ အစာခြေရလွယ်တဲ့ အစားအစာကို စားပေးပြီး အူလမ်းကြောင်းကို ဝန်မပိအောင် လုပ်ပေးတာပါ။ ဒီမှာ ဝမ်းလျှောနေတဲ့ လူနာများအတွက် BRAT diet ဆိုတာ ပေါ်လာပါတယ်။ BRAT diet ဆိုတာ BRAT diet ဆိုတာ ပါဝင်တဲ့ အစားအစာတွေရဲ့ အစစာလုံးလေးတွေပါ။ ပါဝင်တာတွေကတော့ Bananas (ငှက်ပျောသီး) Rice (ထမင်း) Applesauce (ပန်းသီးအနှစ်) Toast (ပေါင်မုန့်မီးကင်) BRAT dietရဲ့ ရည်ရွယ်ချက်က ခပ်ပျော့ပျော့ပြဲပြဲနဲ့ ခြေရလွယ်တဲ့ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

လူအမျိုးမျိုးအတွက် Special diet

Diet လုပ်နေတယ် မစားဘူး။ Diet လုပ်နေလို့ ရှောင်ထားတယ်ဆိုတာ ခေတ်သစ်ရဲ့ ဗန်းစကား ဖြစ်လာပါပြီ။ လူအမျိုးမျိုးအတွက် Special diet တွေလည်း ပေါ်လာပြီကိုး။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ Diet လုပ်နေတယ်ဆို ကျန်းမာရေး လိုက်စားတယ်ပေါ့။ ခုနောက်ပိုင်းမှာ ရောဂါဖြစ်မှ ကုတာထက် မဖြစ်ခင် ကြိုတင်ကာကွယ်တာကို ပိုပြီး စိတ်ဝင်စားလာကြပါပြီ။ ဘာကြောင့်လည်းဆိုတော့ ရောဂါတွေက ဖြစ်လာပြီဆိုရင် ပျောက်ဖို့ ခဲယည်းလာပြီကိုး။ ဥပမာ ဆီးချို၊ သွေးတိုးပဲ ကြည့်ရအောင်။ ဖြစ်ပြီဟေ့ဆို တစ်သက်လုံး ကုပေရော့ပဲ။ ဒါကြောင့် အစကတည်းက မဖြစ်အောင် ကြိုကာလာကြပါပြီ။ ဒါ့ပြင် ဒီလို ရောဂါတွေကို ကုသတဲ့နေရာမှာလည်း ဆေးချည်းသက်သက်ထက် အစားအသောက်၊ လေ့ကျင့်ခန်းလေး ကူတာက ပိုပြီး အထောက်အကူဖြစ်တယ်ဆိုတာကို နားလည်လာကြပါပြီ။ အရင်ကတော့ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

သက်သတ်လွတ်စားရင်း မှားနေကြသည်များ

သက်သတ်လွတ်စားရင်း မှားနေကြသည်များ လူတချို့ဟာ ဘာသာရေးယုံကြည်ချက်အရပဲဖြစ်ဖြစ် ကျန်းမာရေးလိုက်စားလို့ပဲဖြစ်ဖြစ် အသားမပါဘဲ သက်သတ်လွတ် စားသောက်ကြပါတယ်။ သက်သတ်လွတ်စားတာဟာ ပိုကျန်းမာစေတယ်၊ ကိုယ်အလေးချိန် သိသိသာသာကျစေတယ်ဆိုတဲ့ ယုံကြည်ချက်မျိုးလည်း ရှိကြပါတယ်။ ဒါပေမယ့် သက်သတ်လွတ်စားရင်း လွဲမှားနေကြတာလေးတွေလည်း ရှိနေပါသေးတယ်။ အရင်ဆုံး သက်သတ်လွတ် စားတဲ့ ပုံစံတွေကို ပြောပြချင်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့် နှစ်မျိုးနှစ်စားရှိပါတယ်။ Lacto-ovo နဲ့ Strict (Vegan) ဆိုပြီးတော့ပါ။ Lacto-ovo Vegetarian တွေဟာ တိရိစ္ဆာန်တွေကနေ ထွက်ရှိတဲ့ အသားအပါအဝင် အစိတ်အပိုင်းအားလုံးကို မစားပေမယ့် တိရစ္ဆာန်ထွက် ပစ္စည်းတွေ ဖြစ်တဲ့ နို့၊ ဒိန်ချဉ်၊ ကြက်ဥတို့လို အစားအစာတွေကိုတော့ စားကြပါတယ်။ Vegans တွေကတော့ အားလုံးကိုမစားပဲ အသီးအရွက်သီးသန့်ကိုသာ စားသောက်ကြသူတွေဖြစ်ပါတယ်။ https://hellosayarwon.com/healthy-eating/healthy-recipes-healthy-eating/%E1%80%81%E1%80%B6%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9B%E1%80%BE%E1%80%84%E1%80%BA%E1%80%B8%E1%80%95%E1%80%BC%E1%80%AE%E1%80%B8-%E1%80%80%E1%80%BB%E1%80%94%E1%80%BA%E1%80%B8%E1%80%99/ ဆရာဝန်တွေကတော့ သက်သတ်လွတ် စားတာဟာ ကိုယ်အလေးချိန်လျှော့ဖို့အတွက် အလွန်သင့်လျော်ကောင်းမွန်တဲ့ နည်းလမ်းဖြစ်တယ်လို့ ဆိုကြပါတယ်။ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

Endocrine System (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ စားသောက်နေထိုင်မှုပုံစံ

ခန္ဓာကိုယ် အနှံ့က ဟော်မုန်းထုတ်ပေးတဲ့ ဂလင်းတွေကို ပေါင်းစုထားတဲ့ စနစ်ကို endocrine system (ဟော်မုန်းစနစ်) ရယ်လို့ ခေါ်တယ်။ ဒီ စနစ်ထဲမှာပါတဲ့ ဂလင်းတွေက ဟော်မုန်းတွေကို မပိုမလိုထုတ်ပေးမှ ခန္ဓာကိုယ်က ဖြစ်စဉ်တွေ အားလုံးက ပုံမှန် လည်ပတ်တာပါ။ တစ်ခုခုက ပုံမှန် အလုပ်မလုပ်ဘူးဆိုတာနဲ့ ကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်၊ ကြီးထွားမှုဖြစ်စဉ်တွေ ကမောက်ကမဖြစ်ပြီး ခန္ဓာကိုယ်မှာ နာတာရှည်ရောဂါ တစ်မျိုးဖြစ်တဲ့ အမျိုးအစား(၂) ဆီးချိုရောဂါတင်မက တခြားရောဂါမျိုးစုံ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီတော့ ခန္ဓာကိုယ်ကျန်းမာဖို့ အရေးပါတဲ့ Endocrine System (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ စားသောက်နေထိုင်မှုပုံစံ ကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ Endocrine System (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ စားသောက်နေထိုင်မှုပုံစံ ခန္ဓာကိုယ်မှာ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်းနဲ့ အရိုး ကျန်းမာရေးကစလို့  ညဘက်မှာ နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့အထိ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

Endocrine System (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ ဘာတွေ စားရပါ့

ခန္ဓာကိုယ် အနှံ့အပြားမှာရှိတဲ့ ဟော်မုန်းထုတ်ပေးတဲ့ ဂလင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ စနစ်ကို endocrine system လို့ ခေါ်ပါတယ်။ ဒီစနစ်က ဟန်ချက်ညီ လုပ်ဆောင်နိုင်မှာ ခန္ဓာကိုယ်က ဇီဝကမ္မဖြစ်စဉ်ကစလို့ ကြီးထွားမှုဖြစ်စဉ်အဆုံး အကုန်လုံး အဆင်ပြေမှာပါ။ endocrine system က ခန္ဓာကိုယ် မှာရှိတဲ့ လုပ်ဆောင်မှု အားလုံးနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် ကျန်းမာနေစေဖို့အတွက် endocrine system ရဲ့ အရေးပါမှုကို လျှော့မတွက်ပါနဲ့။ endocrine system (ဟော်မုန်းစနစ်) ကျန်းမာစေဖို့ ဘာတွေ စားရပါ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ဆန်၊ ဂျုံ၊ ပြောင်းစတဲ့ ကောက်ပဲသီးနှံတွေ၊ ပရိုတင်းပါတဲ့ အစားအစာတွေက ကျန်းမာရေးကို ထောက်ပံ့ပေးတဲ့ အစားအစာတွေပါ။ ဒါတွေကို သင့်တင့်မျှတအောင်စားသုံးပေးတာက ခန္ဓာကိုယ် ကျန်းမာစေရေးကို ချိန်ညှိပေးတဲ့ endocrine system စနစ်နဲ့ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ကင်ဆာရှိရင် သကြားဖြတ်ရမှာလား။

ခဏခဏ ကြားနေကြမေးခွန်းပါပဲ။ ကင်ဆာရှိနေလို့ အချိုစားလို့မရတော့ဘူး။ ကင်ဆာဆဲလ်တွေ ပိုပွားလာမှာဆိုးလို့ စသဖြင့်ပေါ့။ ဒါဟာ တကယ်လား။ ကင်ဆာရှိရင် အချိုမစားရတော့ဘူးတဲ့လား။ ဆက်ကြည့်ရအောင်။ အချိုဆိုတာ ဒီနေရာမှာ အချိုလို့ပြောလိုက်ရင် သကြားဓာတ်ကို ရည်ညွှန်းတာပါ။ သကြားဓာတ်က အိမ်သုံးသကြားမှာလည်း ပါသလို အသီးအနှံတွေ၊ ထမင်းတွေမှာလည်း ပါပါတယ်။ အသီးအနှံတွေမှာပါတဲ့ fructoseဆိုတာလည်း သကြားဓာတ်ပါပဲ။ ထမင်းမှာပါတဲ့ ကာဘိုဟိုက်ဒရိတ် ကစီဓာတ်ဆိုတာလည်း ဂလူးကို့စ်လို့ခေါ်တဲ့ သကြားဓာတ်ပါပဲ။ ဒီလို သိကြပြီးတဲ့နောက်မှာ အချိုရှောင်ရမယ်လည်းဆိုရော ဒါတွေကိုပါ ရှောင်တော့တာပါပဲ။ ဒီလို ရှောင်ရမယ်ဆိုတဲ့ ကိစ္စ ဘယ်ကစ ကင်ဆာဆဲလ်တွေကို ရှာဖွေတဲ့နေရာမှာ PET scan (Positron Emission Tonography) ဆိုတာကို သုံးပါတယ်။ ဒီစက်ရဲ့ အလုပ်လုပ်ပုံက radioactive ပစ္စည်း တစ်မျိူးကို ကိုယ်ထဲကို ထည့်လိုက်မယ်။ ပြီးမှ နောက်ကနေ လိုက်traceကြည့်တာပါ။ ဒီအခါမှာ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

အက်ဆစ်ဓာတ်ကဲသော အစားအစာများအကြောင်း

အက်ဆစ်ဓာတ်ဆိုတာကို မပြောခင် pH ညွှန်ကိန်းအကြောင်း တင်ပြလိုပါတယ်။ pH ညွှန်ကိန်းဟာ ပစ္စည်းတစ်ခုအနေနဲ့ အက်ဆစ်လား၊ ဘေ့စ်လား၊ ဘာသဘောမှမဆောင်တဲ့ ကြားနေဓာတ်လားဆိုတာ ညွှန်ပြနေပါတယ်။ ဥပမာ - pH ညွှန်ကိန်း 0 ဟာ အက်ဆစ်ဓာတ်အမြင့်ဆုံး - pH ညွှန်ကိန်း 7 ဟာ ဓာတ်ပြယ်တဲ့အဆင့် - pH ညွှန်ကိန်း 14 ဟာ ဘေ့စ်ဓာတ်အမြင့်ဆုံး စသဖြင့် ညွှန်ပြနေပါတယ်။ ဘက်ထရီအိုးတွေရဲ့ အက်ဆစ်ဟာ အမြင့်ဆုံးဖြစ်ပြီး pH 0 ရှိပါတယ်။ ဘေစင်တွေမှာ ပိုက်လိုင်းတွေကို ဆေးချပေးတဲ့ drain cleaner တွေကတော့ အယ်လ်ကာလီသဘာဝရှိပြီး pH 14 ရှိပါတယ်။ ပေါင်းခံရေကတော့ pH 7 ရှိပါတယ်။ လူ့ကိုယ်ခန္ဓာဟာလည်း နေရာပေါ်မူတည်ပြီး pH ညွှန်ကိန်းမျိုးစုံ ပြောင်းလဲနိုင်ပါတယ်။ ဥပမာ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

Keto (ကီတို) စားနေပေမယ့် ကိုယ်အလေးချိန် မလျော့လာရတဲ့ အကြောင်းရင်း (၈)ချက်

Keto Diet လို့ ခေါ်တဲ့ အဆီချနည်းကို အခုဆို မသိတဲ့သူ နည်းပါတယ်။ ကီတို စားသောက်နည်း ဆိုတာ ကာဗိုဟိုက်ဒရိတ်ကို လျှော့ပြီး ပရိုတင်းနဲ့ အဆီဓာတ်တွေကနေ ကယ်လိုရီပိုရယူတာ ဖြစ်ပါတယ်။ ပိန်ချင်တဲ့သူတွေ အတွက်တော့ ကီတိုနည်းက တခြားအစားလျှော့နည်းတွေထက် ပထမ ၃လ ကနေ ၆ လအတွင်း ပိုထိရောက်တယ်လို့ ဆိုကြပါတယ်။ ခန္ဓာကိုယ်က ခွန်အားအဖြစ် ပြောင်းလဲအသုံးပြုရာမှာ ကာဗိုဟိုက်ဒရိတ်တွေထက် အဆီကို အသုံးပြုနိုင်ဖို့ ကယ်လိုရီ ပိုလောင်ကျွမ်းစေလို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် Keto (ကီတို) စားနေပေမယ့် ကိုယ်အလေးချိန် မလျော့လာရတဲ့ အကြောင်းရင်း (၈)ချက် ကိုရော သိပြီးပြီလား။ Keto (ကီတို) စားနေပေမယ့် ကိုယ်အလေးချိန် မလျော့လာရတဲ့ အကြောင်းရင်း (၈)ချက် Keto (ကီတို) စားနေပေမယ့် ကိုယ်အလေးချိန် မလျော့လာရတဲ့ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း